iMyanmarHouse.com - Best Property Website for Myanmar
×

သူမက သင့္ကို အေပ်ာ္တြဲေနတာ ဟုတ္၊ မဟုတ္ဆိုတာကို ဒီအခ်က္ေတြက ၾကည့္ၿပီး အၾကမ္းဖ်ဥ္းသိႏိုင္ပါတယ္။ ဒီအခ်က္ေတြထဲက အေတာ္မ်ားမ်ားနဲ႔ ကိုက္ညီေနမယ္ဆိုရင္ေတာ့ ေရွ႕ဆက္ဖို႔အတြက္ စဥ္စားရမယ့္ အခ်ိန္ေရာက္ေနၿပီလို႔ ဆိုႏုိင္ပါတယ္။

၁။ သင္ပဲ ပိုက္ဆံ အၿမဲကုန္ေနမယ္။ သူမအတြက္ေတာ့ သင္ကေနာက္ဆံုးေ႐ြးခ်ယ္မႈေတာင္ ျဖစ္ခ်င္ျဖစ္ေနႏုိင္ပါတယ္။ ဘာကိစၥပဲလုပ္လုပ္ သင့္ကိုပဲ ပိုက္ဆံရွင္းခုိင္းၿပီး သူကတစ္ျပားမွ မထုတ္ဘူးဆိုရင္ေတာ့ တစ္ခုခု မွားေနပါၿပီ။

၂။ သင့္ဘက္က စၿပီးဖုန္းမဆက္၊ မက္ေဆမပို႔ဘဲ အၾကာႀကီးပစ္ထားရင္လည္း သူမ ျပႆနာ မရွာရင္လည္း ဒါဟာ အေပ်ာ္တြဲလို႔ စိတ္ထဲမရွိတာ ျဖစ္ႏုိင္ပါတယ္။

၃။ သင့္ကို အခ်ိန္ေပးၿပီး ပံုမွန္ မက္ေဆ့ျပန္မပို႔ဘူးဆိုရင္လည္း ျဖစ္ႏုိင္ေခ် ရွိပါတယ္။

၄။ နည္းနည္းေလးေတာင္ ရန္မျဖစ္ဘူးဆိုရင္လည္း သံသယရွိစရာပါ။ တကယ္ခ်စ္ၾကရင္ အႀကိဳက္မတူ၊ သေဘာမတူတဲ့အခါ အေခ်အတင္ ျဖစ္တာမ်ိဳးေတြေတာ့ ရွိမွာပါ။

၅။ သူ႔သူငယ္ခ်င္း၊ သူ႔ပတ္ဝန္းက်င္နဲ႔မိတ္မဆက္ေပးဘူးဆိုရင္လည္း စဥ္းစားစရာပါ။

၆။ အျပန္အလွန္ သင့္သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ခ်င္တဲ့ဆႏၵသူ႔မွာ မရွိရင္လည္း သူမဟာ သင့္ကိုအေပ်ာ္တြဲတာ ျဖစ္ႏုိင္ေခ်ရွိပါတယ္။

၇။ သင့္ကိုအဆက္အသြယ္ မလုပ္ဘဲ အၾကာႀကီးေနႏိုင္ၿပီး ဘာျပႆနာမွ မရွာဘူးဆုိရင္ သူသင့္ကို အေပ်ာ္တြဲတာ ျဖစ္ႏုိင္ပါတယ္။

၈။ ေနာက္ဆံုးတစ္ခ်က္ကေတာ့ သူ႔ရဲ႕ဖုန္းထဲမွာ သင့္ရဲ႕ ဖုန္းနံပါတ္ကိုေတာင္မွ save မထားရင္ သင္အေပ်ာ္တြဲခံရတာ ေသခ်ာသေလာက္ရွိပါတယ္။

Credit : Duwun
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သူမက သင့်ကို အပျော်တွဲနေတာ ဟုတ်၊ မဟုတ်ဆိုတာကို ဒီအချက်တွေက ကြည့်ပြီး အကြမ်းဖျဉ်းသိနိုင်ပါတယ်။ ဒီအချက်တွေထဲက အတော်များများနဲ့ ကိုက်ညီနေမယ်ဆိုရင်တော့ ရှေ့ဆက်ဖို့အတွက် စဉ်စားရမယ့် အချိန်ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။

၁။ သင်ပဲ ပိုက်ဆံ အမြဲကုန်နေမယ်။ သူမအတွက်တော့ သင်ကနောက်ဆုံးရွေးချယ်မှုတောင် ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ ဘာကိစ္စပဲလုပ်လုပ် သင့်ကိုပဲ ပိုက်ဆံရှင်းခိုင်းပြီး သူကတစ်ပြားမှ မထုတ်ဘူးဆိုရင်တော့ တစ်ခုခု မှားနေပါပြီ။

၂။ သင့်ဘက်က စပြီးဖုန်းမဆက်၊ မက်ဆေမပို့ဘဲ အကြာကြီးပစ်ထားရင်လည်း သူမ ပြဿနာ မရှာရင်လည်း ဒါဟာ အပျော်တွဲလို့ စိတ်ထဲမရှိတာ ဖြစ်နိုင်ပါတယ်။

၃။ သင့်ကို အချိန်ပေးပြီး ပုံမှန် မက်ဆေ့ပြန်မပို့ဘူးဆိုရင်လည်း ဖြစ်နိုင်ချေ ရှိပါတယ်။

၄။ နည်းနည်းလေးတောင် ရန်မဖြစ်ဘူးဆိုရင်လည်း သံသယရှိစရာပါ။ တကယ်ချစ်ကြရင် အကြိုက်မတူ၊ သဘောမတူတဲ့အခါ အချေအတင် ဖြစ်တာမျိုးတွေတော့ ရှိမှာပါ။

၅။ သူ့သူငယ်ချင်း၊ သူ့ပတ်ဝန်းကျင်နဲ့မိတ်မဆက်ပေးဘူးဆိုရင်လည်း စဉ်းစားစရာပါ။

၆။ အပြန်အလှန် သင့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ချင်တဲ့ဆန္ဒသူ့မှာ မရှိရင်လည်း သူမဟာ သင့်ကိုအပျော်တွဲတာ ဖြစ်နိုင်ချေရှိပါတယ်။

၇။ သင့်ကိုအဆက်အသွယ် မလုပ်ဘဲ အကြာကြီးနေနိုင်ပြီး ဘာပြဿနာမှ မရှာဘူးဆိုရင် သူသင့်ကို အပျော်တွဲတာ ဖြစ်နိုင်ပါတယ်။

၈။ နောက်ဆုံးတစ်ချက်ကတော့ သူ့ရဲ့ဖုန်းထဲမှာ သင့်ရဲ့ ဖုန်းနံပါတ်ကိုတောင်မှ save မထားရင် သင်အပျော်တွဲခံရတာ သေချာသလောက်ရှိပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top