iMyanmarHouse.com - Best Property Website for Myanmar
×

အေကာင္းျမင္တတ္တဲ့စိတ္ထားဟာ အရာရာတိုင္းအတြက္ ေအာင္ျမင္ျခင္းျဖစ္ေစႏိုင္တယ္ ဆိုေပမယ့္ နံနက္ခင္းမွာ ပိုျပီးလန္းဆန္းေစႏိုင္မယ့္ ကိုယ္တိုင္ၾကိဳးစားလို႔ရတဲ့အျပဳအမူေတြလည္း ရိွပါတယ္။

၁။ ေသာကေတြကို ဖယ္ထားလိုက္ပါ။

ညေရာက္လာျပီဆိုရင္ ေန႔ခင္းတုန္းက ျဖစ္ခဲ့တဲ့ ျပႆနာေတြကို ေခါင္းထဲကေန ထုတ္ပစ္ဖို႔ ၾကိဳးစားပါ။ ကိုယ္ေသာကေရာက္ေနတဲ့ အရာေတြကို အစဥ္လိုက္ စာရြက္ေပၚကို ေရးခ်ပါ။ ျပီးေတာ့ ဦးေႏွာက္ထဲက ထုတ္ထားလိုက္ပါ။ ဆိုလိုခ်င္တာက ဦးေႏွာက္ထဲ မွတ္ထားတာကို စာရြက္ထဲမွတ္ထားျခင္းျဖင့္ အစားထိုးလိုက္တဲ့ သေဘာပဲျဖစ္ပါတယ္။ ျပီးေတာ့ စာရြက္ကို တစ္စစီျဖစ္ေအာင္ျဖဲျပီးမွ အမိႈက္ပုံးထဲ ထည့္ထားလိုက္ပါ။

၂။ ကိုယ့္ကိုယ္ကို ေပ်ာ္ေအာင္ေနပါ။

အလုပ္မ်ားတဲ့ တစ္ေန႔တာအတြက္ ေကာင္းေကာင္းမြန္မြန္ အနားယူဖို႔ လိုအပ္ပါတယ္။ ေရေႏြးနဲ႔ေရခ်ဳိးျခင္း၊ ဆံပင္ေပါင္းတင္ျခင္း၊ ဒါမွမဟုတ္ မ်က္ႏွာေပါင္းတင္ျခင္း ေတြက သင္နားယူဖို႔ အကူအညီေပးႏိုင္ျပီး ႏွစ္ျခိဳက္စြာ အိပ္ေပ်ာ္ေစႏိုင္ပါတယ္။

၃။ စာအုပ္ေကာင္းေကာင္းတစ္အုပ္ ဖတ္ပါ။

Laptop၊ TV ေတြကို ပိတ္ထားျပီးေတာ့ ကိုယ္ႏွစ္သက္တဲ့ စာအုပ္ေကာင္းေကာင္းတစ္အုပ္ကို ဖတ္လိုက္ပါ။ အိပ္ယာမဝင္ခင္ မိနစ္ ၃၀ စာဖတ္လိုက္တယ္ဆိုရင္ မနက္အိပ္ယာကို လန္းလန္းဆန္းဆန္း ႏိုးလာေစႏိုင္ပါတယ္။

၄။ လုံေလာက္တဲ့ အိပ္စက္ျခင္းမ်ဳိးနဲ႔ အိပ္ႏိုင္ေအာင္ ၾကိဳးစားပါ။

အေရးၾကီးဆုံးအခ်က္ပဲျဖစ္ပါတယ္။ အိပ္ေရးမဝေတာ့ဘူးဆိုရင္ေတာ့ ႏိုးလာတဲ့အခ်ိန္ကေနစျပီး စိတ္ဖိစီးမႈေတြ အလိုလို မ်ားလာႏိုင္ပါတယ္။ ဒါေၾကာင့္ ညတိုင္း ၇ သို႔မဟုတ္ ၈နာရီ အိပ္ေပ်ာ္ေအာင္ ၾကိဳးစားသင့္ပါတယ္။

၅။ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ အိပ္ေပ်ာ္မွ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ႏိုးလာမွာျဖစ္ပါတယ္။

မအိပ္ခင္မွာ ကိုယ့္ဘဝမွာ ျဖစ္ခဲ့တဲ့ ေပ်ာ္ရႊင္စရာျဖစ္ရပ္ေလးေတြကို စဥ္းစားမယ္ဆိုရင္ လန္းလန္းဆန္းဆန္း ႏိုးလာမွာ ေသခ်ာပါတယ္။

၆။ အစီအစဥ္ခ်ပါ။

သင့္ရဲ႕အလုပ္အေၾကာင္းကို အိပ္ယာေပၚမွာ စဥ္စားတာမ်ဳိးကို ေရွာင္ပါ။ အဲ့ဒီအစား ေရွ႕မွာ ဘယ္လိုလုပ္မလဲဆိုတဲ့ အစီအစဥ္ေတြကို ခ်မွတ္ပါ။

၇။ ေလ့က်င့္ခန္းလုပ္ပါ (သို႔မဟုတ္) ဘုရားရိွခိုးပါ။

သင္ စိတ္ဖိစီးမႈေတြနဲ႔ အိပ္ယာႏိုးလာတယ္ဆိုရင္ ထျပီးေျပးပါ။ အေျပးေလ့က်င့္ခန္းလုပ္ျခင္းဟာ ဖိစီးမႈကို ေလ်ာ့က်ေစနိုင္တဲ့အေကာင္းဆုံးနည္းလမ္းပဲ ျဖစ္ပါတယ္။

တကယ္လို႔ သင္အိပ္မေပ်ာ္ဘူးဆိုရင္ ဘုရားရိွခိုးပါ။ ဘုရားရိွခိုးျခင္းက စိတ္တည္ျငိမ္ေစျပီးေတာ့ အိပ္ေပ်ာ္သြားေအာင္ ကူညီေပးပါတယ္။

၈။ က်န္းမာေရးနဲ႔ညီညြတ္တဲ့ မနက္စာကို သုံးေဆာင္ပါ။

တစ္ေန႔တာကို ခြန္းအားအျပည့္နဲ႔ ျဖတ္သန္းဖို႔ အစပ်ဳိးေပးတဲ့ အစားအစာျဖစ္တဲ့အတြက္ ကိုယ္တိုင္ႏွစ္သက္ျပီး က်န္းမာေရးနဲ႔ညီညြတ္တဲ့ မနက္စာကို သုံးေဆာင္ဖို႔ အျမဲသတိရသင့္ပါတယ္။

Credit:Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အကောင်းမြင်တတ်တဲ့စိတ်ထားဟာ အရာရာတိုင်းအတွက် အောင်မြင်ခြင်းဖြစ်စေနိုင်တယ် ဆိုပေမယ့် နံနက်ခင်းမှာ ပိုပြီးလန်းဆန်းစေနိုင်မယ့် ကိုယ်တိုင်ကြိုးစားလို့ရတဲ့အပြုအမူတွေလည်း ရှိပါတယ်။

၁။ သောကတွေကို ဖယ်ထားလိုက်ပါ။

ညရောက်လာပြီဆိုရင် နေ့ခင်းတုန်းက ဖြစ်ခဲ့တဲ့ ပြဿနာတွေကို ခေါင်းထဲကနေ ထုတ်ပစ်ဖို့ ကြိုးစားပါ။ ကိုယ်သောကရောက်နေတဲ့ အရာတွေကို အစဉ်လိုက် စာရွက်ပေါ်ကို ရေးချပါ။ ပြီးတော့ ဦးနှောက်ထဲက ထုတ်ထားလိုက်ပါ။ ဆိုလိုချင်တာက ဦးနှောက်ထဲ မှတ်ထားတာကို စာရွက်ထဲမှတ်ထားခြင်းဖြင့် အစားထိုးလိုက်တဲ့ သဘောပဲဖြစ်ပါတယ်။ ပြီးတော့ စာရွက်ကို တစ်စစီဖြစ်အောင်ဖြဲပြီးမှ အမှိုက်ပုံးထဲ ထည့်ထားလိုက်ပါ။

၂။ ကိုယ့်ကိုယ်ကို ပျော်အောင်နေပါ။

အလုပ်များတဲ့ တစ်နေ့တာအတွက် ကောင်းကောင်းမွန်မွန် အနားယူဖို့ လိုအပ်ပါတယ်။ ရေနွေးနဲ့ရေချိုးခြင်း၊ ဆံပင်ပေါင်းတင်ခြင်း၊ ဒါမှမဟုတ် မျက်နှာပေါင်းတင်ခြင်း တွေက သင်နားယူဖို့ အကူအညီပေးနိုင်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။

၃။ စာအုပ်ကောင်းကောင်းတစ်အုပ် ဖတ်ပါ။

Laptop၊ TV တွေကို ပိတ်ထားပြီးတော့ ကိုယ်နှစ်သက်တဲ့ စာအုပ်ကောင်းကောင်းတစ်အုပ်ကို ဖတ်လိုက်ပါ။ အိပ်ယာမဝင်ခင် မိနစ် ၃၀ စာဖတ်လိုက်တယ်ဆိုရင် မနက်အိပ်ယာကို လန်းလန်းဆန်းဆန်း နိုးလာစေနိုင်ပါတယ်။

၄။ လုံလောက်တဲ့ အိပ်စက်ခြင်းမျိုးနဲ့ အိပ်နိုင်အောင် ကြိုးစားပါ။

အရေးကြီးဆုံးအချက်ပဲဖြစ်ပါတယ်။ အိပ်ရေးမဝတော့ဘူးဆိုရင်တော့ နိုးလာတဲ့အချိန်ကနေစပြီး စိတ်ဖိစီးမှုတွေ အလိုလို များလာနိုင်ပါတယ်။ ဒါကြောင့် ညတိုင်း ၇ သို့မဟုတ် ၈နာရီ အိပ်ပျော်အောင် ကြိုးစားသင့်ပါတယ်။

၅။ ပျော်ပျော်ရွှင်ရွှင် အိပ်ပျော်မှ ပျော်ပျော်ရွှင်ရွှင်နိုးလာမှာဖြစ်ပါတယ်။

မအိပ်ခင်မှာ ကိုယ့်ဘဝမှာ ဖြစ်ခဲ့တဲ့ ပျော်ရွှင်စရာဖြစ်ရပ်လေးတွေကို စဉ်းစားမယ်ဆိုရင် လန်းလန်းဆန်းဆန်း နိုးလာမှာ သေချာပါတယ်။

၆။ အစီအစဉ်ချပါ။

သင့်ရဲ့အလုပ်အကြောင်းကို အိပ်ယာပေါ်မှာ စဉ်စားတာမျိုးကို ရှောင်ပါ။ အဲ့ဒီအစား ရှေ့မှာ ဘယ်လိုလုပ်မလဲဆိုတဲ့ အစီအစဉ်တွေကို ချမှတ်ပါ။

၇။ လေ့ကျင့်ခန်းလုပ်ပါ (သို့မဟုတ်) ဘုရားရှိခိုးပါ။

သင် စိတ်ဖိစီးမှုတွေနဲ့ အိပ်ယာနိုးလာတယ်ဆိုရင် ထပြီးပြေးပါ။ အပြေးလေ့ကျင့်ခန်းလုပ်ခြင်းဟာ ဖိစီးမှုကို လျော့ကျစေနိုင်တဲ့အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။

တကယ်လို့ သင်အိပ်မပျော်ဘူးဆိုရင် ဘုရားရှိခိုးပါ။ ဘုရားရှိခိုးခြင်းက စိတ်တည်ငြိမ်စေပြီးတော့ အိပ်ပျော်သွားအောင် ကူညီပေးပါတယ်။

၈။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာကို သုံးဆောင်ပါ။

တစ်နေ့တာကို ခွန်းအားအပြည့်နဲ့ ဖြတ်သန်းဖို့ အစပျိုးပေးတဲ့ အစားအစာဖြစ်တဲ့အတွက် ကိုယ်တိုင်နှစ်သက်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာကို သုံးဆောင်ဖို့ အမြဲသတိရသင့်ပါတယ်။


Credit:Trend Myanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top