iMyanmarHouse.com - Best Property Website for Myanmar
×

ဟင္းတစ္ခြက္ျဖစ္ေအာင္ခ်က္ရတာ တကယ္ေတာ့ မလြယ္ကူပါဘူး။ ခ်က္ျပဳတ္တဲ့ နည္းစနစ္ခ်င္းတူရင္ေတာင္မွ ပိုၿပီးအရသာ႐ွိေစမယ့္နည္းလမ္းေတြ ႐ွိေနပါေသးတယ္။ သတိမထားမိဘဲ ျပဳမူေနတဲ့ အမွားအယြင္းေတြက သင့္လက္ရာကုိ ေလ်ာ့က်ေစပါတယ္။ ဒါေၾကာင့္ ဟင္းပြဲေတြ ပိုအရသာ႐ွိသြားေအာင္ ဒါေတြေျပာင္းလဲလုိက္ပါ။

၁။ အိုးထဲမွာျပည့္က်ပ္ေနတာ

ခ်က္ျပဳတ္တာပဲျဖစ္ျဖစ္ ေၾကာ္ေလွာ္တာပဲျဖစ္ျဖစ္ အိုးထဲမွာ အရမ္းက်ပ္ညပ္ေနေအာင္ ထည့္ၿပီးမခ်က္ပါနဲ႔။ ဥပမာေျပာရရင္ ၾကက္သားေၾကာ္တဲ့အခါ အိုးအျပည့္ ၾကက္သားေတြထည့္လိုက္ေတာ့ တစ္ဖက္ခ်င္းစီလွန္ေလွာၿပီး ေၾကာ္ဖို႔ ေနရာမလြတ္ေတာ့ပါဘူး။ ေမႊဖုိ႔နဲ႔ တစ္ဖက္ကိုလွန္ဖုိ႔အတြက္ ေနရာလြတ္ေတြ႐ွိပါေစ။

၂။ မွားယြင္းတ့ဲအခ်င္အတြယ္

မုန္႔ဖုတ္တဲ့အခါမ်ိဳးမွာ သိသာပါတယ္။ ဂ်ံဳမႈန္႔လိုအရာမ်ိဳးက သူ႔အခ်င္အတြယ္နဲ႔သူ ထည့္ရတာမ်ိဳးပါ။ ထည့္ရမယ့္ပမာဏကို သတ္မွတ္ထားတဲ့ အခ်င္အတြယ္နဲ႔ပဲ တုိင္းတာသင့္ပါတယ္။ ဂရမ္ဆုိဂရမ္၊ တစ္ဇြန္းဆုိတစ္ဇြန္း ခ်ိန္ရမယ့္အစား အရည္ေတြကိုတုိင္းတဲ့ခြက္နဲ႔တုိင္းၿပီးထည့္ေနတာမ်ိဳး မလုပ္ရပါဘူး။

၃။ သံလြင္ဆီကို ေနရာတုိင္းသံုးတာ

သံလြင္ဆီစစ္စစ္က က်န္းမာေရးအတြက္ အသင့္ေလ်ာ္ဆံုးဆီပါ။ ဒါေပမဲ့ သံလြင္ဆီတစ္မ်ိဳးတည္းကိုပဲ ဘာခ်က္ခ်က္၊ ဘာလုပ္လုပ္ သံုးေနဖုိ႔ေတာ့မလုိပါဘူး။ ဟင္းအမည္အလိုက္ ေ႐ြးခ်ယ္သင့္တဲ့ဆီေတြ႐ွိပါတယ္။

၄။ ေအးတဲ့အသားကို အပူနဲ႔ခ်က္ျခင္းထိေတြ႔ေစတာ

ေရခဲေသတၱာထဲမွာ ေအးခဲေအာင္ထားထားတဲ့ အသားေတြကို ခ်က္ျခင္းကင္တာ၊ အိုးထဲထည့္ခ်က္တာမ်ိဳးက အသားကို ေကာင္းေကာင္းမက်က္ေစပါဘူး။ အျပင္္ဘက္မွာသာ က်က္ေပမဲ့ အတြင္းမွာ မက်က္ပါဘူး။ ဒါေၾကာင့္ အခန္းအပူခ်ိန္မွာ ခတၱထားၿပီးမွ အပူနဲ႔ခ်က္သင့္ပါတယ္။

၅။ ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴကို အရင္ဆံုးထည့္ၿပီး ဆီသတ္မယ္ဆုိရင္ ေနာက္ပိုင္းမွာ တူးသြားတတ္တာကိုလည္း သတိထားဖုိ႔လိုပါတယ္။ အပူ႐ွိန္ျပင္းျပင္းမွာ ၾကက္သြန္ျဖဴကိုထည့္လိုက္ရင္ ခ်က္ခ်င္းလည္း တူးသြားပါတယ္။  ေနာက္ဆံုးမွထည့္မယ္ဆုိရင္လည္း ရပါတယ္။ ၾကက္သြန္ျဖဴရဲ႕အနံ႔နဲ႔အရသာက ဟင္းမွာေပၚလြင္မွာပါ။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဟင်းတစ်ခွက်ဖြစ်အောင်ချက်ရတာ တကယ်တော့ မလွယ်ကူပါဘူး။ ချက်ပြုတ်တဲ့ နည်းစနစ်ချင်းတူရင်တောင်မှ ပိုပြီးအရသာရှိစေမယ့်နည်းလမ်းတွေ ရှိနေပါသေးတယ်။ သတိမထားမိဘဲ ပြုမူနေတဲ့ အမှားအယွင်းတွေက သင့်လက်ရာကို လျော့ကျစေပါတယ်။ ဒါကြောင့် ဟင်းပွဲတွေ ပိုအရသာရှိသွားအောင် ဒါတွေပြောင်းလဲလိုက်ပါ။

၁။ အိုးထဲမှာပြည့်ကျပ်နေတာ

ချက်ပြုတ်တာပဲဖြစ်ဖြစ် ကြော်လှော်တာပဲဖြစ်ဖြစ် အိုးထဲမှာ အရမ်းကျပ်ညပ်နေအောင် ထည့်ပြီးမချက်ပါနဲ့။ ဥပမာပြောရရင် ကြက်သားကြော်တဲ့အခါ အိုးအပြည့် ကြက်သားတွေထည့်လိုက်တော့ တစ်ဖက်ချင်းစီလှန်လှောပြီး ကြော်ဖို့ နေရာမလွတ်တော့ပါဘူး။ မွှေဖို့နဲ့ တစ်ဖက်ကိုလှန်ဖို့အတွက် နေရာလွတ်တွေရှိပါစေ။

၂။ မှားယွင်းတဲ့အချင်အတွယ်

မုန့်ဖုတ်တဲ့အခါမျိုးမှာ သိသာပါတယ်။ ဂျုံမှုန့်လိုအရာမျိုးက သူ့အချင်အတွယ်နဲ့သူ ထည့်ရတာမျိုးပါ။ ထည့်ရမယ့်ပမာဏကို သတ်မှတ်ထားတဲ့ အချင်အတွယ်နဲ့ပဲ တိုင်းတာသင့်ပါတယ်။ ဂရမ်ဆိုဂရမ်၊ တစ်ဇွန်းဆိုတစ်ဇွန်း ချိန်ရမယ့်အစား အရည်တွေကိုတိုင်းတဲ့ခွက်နဲ့တိုင်းပြီးထည့်နေတာမျိုး မလုပ်ရပါဘူး။

၃။ သံလွင်ဆီကို နေရာတိုင်းသုံးတာ

သံလွင်ဆီစစ်စစ်က ကျန်းမာရေးအတွက် အသင့်လျော်ဆုံးဆီပါ။ ဒါပေမဲ့ သံလွင်ဆီတစ်မျိုးတည်းကိုပဲ ဘာချက်ချက်၊ ဘာလုပ်လုပ် သုံးနေဖို့တော့မလိုပါဘူး။ ဟင်းအမည်အလိုက် ရွေးချယ်သင့်တဲ့ဆီတွေရှိပါတယ်။

၄။ အေးတဲ့အသားကို အပူနဲ့ချက်ခြင်းထိတွေ့စေတာ

ရေခဲသေတ္တာထဲမှာ အေးခဲအောင်ထားထားတဲ့ အသားတွေကို ချက်ခြင်းကင်တာ၊ အိုးထဲထည့်ချက်တာမျိုးက အသားကို ကောင်းကောင်းမကျက်စေပါဘူး။ အပြင်ဘက်မှာသာ ကျက်ပေမဲ့ အတွင်းမှာ မကျက်ပါဘူး။ ဒါကြောင့် အခန်းအပူချိန်မှာ ခတ္တထားပြီးမှ အပူနဲ့ချက်သင့်ပါတယ်။

၅။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူကို အရင်ဆုံးထည့်ပြီး ဆီသတ်မယ်ဆိုရင် နောက်ပိုင်းမှာ တူးသွားတတ်တာကိုလည်း သတိထားဖို့လိုပါတယ်။ အပူရှိန်ပြင်းပြင်းမှာ ကြက်သွန်ဖြူကိုထည့်လိုက်ရင် ချက်ချင်းလည်း တူးသွားပါတယ်။  နောက်ဆုံးမှထည့်မယ်ဆိုရင်လည်း ရပါတယ်။ ကြက်သွန်ဖြူရဲ့အနံ့နဲ့အရသာက ဟင်းမှာပေါ်လွင်မှာပါ။

Credit : duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top