iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ကိုယ္ကိုယ္ နာက်င္ေအာင္လုပ္ျခင္းဟာ အျငင္းပြားစရာကိစၥရပ္တစ္ခု ျဖစ္ၿပီး အဲဒီအေပၚ လူေတြက နားလည္မႈ လြဲေနၾကပါတယ္။

လူေတြရဲ႕ အာ႐ံုစိုက္မႈရဖို႔ ရည္ရြယ္ခ်က္နဲ႔ မဟုတ္ဘဲ၊ တစ္စံုတစ္ရာ ႐ူးသြပ္မႈေၾကာင့္ မဟုတ္ဘဲ၊ ကိုယ့္ကိုယ္ကိုယ္ နာက်င္ေအာင္ လုပ္ရမွ ေက်နပ္သူေတြနဲ႔ ပတ္သက္ၿပီး သိထားသင့္တဲ့ အခ်က္တခ်ဳိ႕ရွိပါတယ္။

၁။ နာက်င္လြန္းလွတဲ့ ခံစားခ်က္ကို ေျဖေလွ်ာ့ဖို႔ နည္းလမ္းတစ္ခုအျဖစ္ အသံုးျပဳျခင္း

ဘယ္လိုမွ မခံစားႏုိင္တဲ့နာက်င္မႈကို ေျဖေလွ်ာ့ဖို႔႔ နည္းလမ္းရွာမေတြ႕တဲ့အခါ လုပ္တတ္ၾကပါတယ္။ ခႏၶာကိုယ္နာက်င္မႈေၾကာင့္ ရတဲ့ဒဏ္ရာက စိတ္ပိုင္းဆိုင္ရာ နာက်င္မႈေၾကာင့္ ရတဲ့ဒဏ္ရာထက္ ေပ်ာက္ကင္းေအာင္လုပ္ဖို႔ ပိုလြယ္ပါတယ္။

၂။ အထီးက်န္ဆန္ျခင္း

ကိုယ့္ကိုယ္ကိုယ္နာက်င္ေအာင္လုပ္ျခင္းဟာ အထီးက်န္ဆန္သူေတြရဲ႕ ထြက္ေပါက္တစ္ခုျဖစ္ပါတယ္။

ရင္ဖြင့္စရာလူ၊ ေပါက္ကြဲစရာလူမရွိိဘဲ အထီးက်န္ဆန္မႈေၾကာင့္လည္း ထြက္ေပါက္အျဖစ္ ကိုယ့္အသားကိုယ္ နာက်င္ေအာင္ လုပ္တတ္ၾကပါတယ္။

၃။ က်ားမ၊ ႀကီးငယ္မေရြး ျဖစ္တတ္ျခင္း

အမ်ဳိးသမီးေတြမွာ ပိုအျဖစ္မ်ားေပမဲ့ အမ်ဳိးသားေတြမွာေရာ အသက္ႀကီးသူေတြမွာပါျဖစ္တတ္ပါတယ္။

၄။ သူမ်ား အာ႐ံုစိုက္တာခံခ်င္လုိ႔ လုပ္တာမဟုတ္

ကိုယ့္ကိုယ္ကိုယ္ နာက်င္ေအာင္ လုပ္သူေတြဟာ အဲဒီအေၾကာင္းကို လူေတြကို ေျပာျပခဲပါတယ္။

ဒဏ္ရာအရမ္းျပင္းထန္လြန္းမွသာ လူေတြသိရွိသြားတာမ်ဳိးသာ ရွိပါတယ္။

သူတုိ႔ရဲ႕ဒုကၡကေတာ့ ဒဏ္ရာအမာရြတ္ေတြကို လူျမင္မွာစိုးလို႔ ေႏြေခါင္ေခါင္ပူေလာင္ခ်ိန္မွာ လက္ရွည္အကႌ် ဝတ္ထားရျခင္းပါပဲ။

၅။ ရပ္ပစ္လို႔ မရျခင္း

ကိုယ့္ကိုယ္ကိုယ္ နာက်င္ေအာင္လုပ္ျခင္းဟာလည္း စြဲတတ္တဲ့အရာပါပဲ။ စိတ္ခံစားခ်က္ ျပင္းထန္လာတိုင္း ဒီလုိလုပ္ခ်င္စိတ္ေတြပဲ ေပၚေနတတ္ပါတယ္။

ကိုယ့္ကိုယ္ကိုယ္ ဒီလုိမျဖစ္ခ်င္ရင္ေတာ့ အျမဲတက္ၾကြေနေအာင္ ႀကိဳးစားၿပီး အျမဲအလုပ္႐ႈပ္ေအာင္ လုပ္ထားဖို႔ လိုပါတယ္။

Credit: duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ခြင်းဟာ အငြင်းပွားစရာကိစ္စရပ်တစ်ခု ဖြစ်ပြီး အဲဒီအပေါ် လူတွေက နားလည်မှု လွဲနေကြပါတယ်။

လူတွေရဲ့ အာရုံစိုက်မှုရဖို့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ၊ တစ်စုံတစ်ရာ ရူးသွပ်မှုကြောင့် မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်ရမှ ကျေနပ်သူတွေနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တချို့ရှိပါတယ်။

၁။ နာကျင်လွန်းလှတဲ့ ခံစားချက်ကို ဖြေလျှော့ဖို့ နည်းလမ်းတစ်ခုအဖြစ် အသုံးပြုခြင်း

ဘယ်လိုမှ မခံစားနိုင်တဲ့နာကျင်မှုကို ဖြေလျှော့ဖို့ နည်းလမ်းရှာမတွေ့တဲ့အခါ လုပ်တတ်ကြပါတယ်။ ခန္ဓာကိုယ်နာကျင်မှုကြောင့် ရတဲ့ဒဏ်ရာက စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကြောင့် ရတဲ့ဒဏ်ရာထက် ပျောက်ကင်းအောင်လုပ်ဖို့ ပိုလွယ်ပါတယ်။

၂။ အထီးကျန်ဆန်ခြင်း

ကိုယ့်ကိုယ်ကိုယ်နာကျင်အောင်လုပ်ခြင်းဟာ အထီးကျန်ဆန်သူတွေရဲ့ ထွက်ပေါက်တစ်ခုဖြစ်ပါတယ်။

ရင်ဖွင့်စရာလူ၊ ပေါက်ကွဲစရာလူမရှိဘဲ အထီးကျန်ဆန်မှုကြောင့်လည်း ထွက်ပေါက်အဖြစ် ကိုယ့်အသားကိုယ် နာကျင်အောင် လုပ်တတ်ကြပါတယ်။

၃။ ကျားမ၊ ကြီးငယ်မရွေး ဖြစ်တတ်ခြင်း

အမျိုးသမီးတွေမှာ ပိုအဖြစ်များပေမဲ့ အမျိုးသားတွေမှာရော အသက်ကြီးသူတွေမှာပါဖြစ်တတ်ပါတယ်။

၄။ သူများ အာရုံစိုက်တာခံချင်လို့ လုပ်တာမဟုတ်

ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်သူတွေဟာ အဲဒီအကြောင်းကို လူတွေကို ပြောပြခဲပါတယ်။

ဒဏ်ရာအရမ်းပြင်းထန်လွန်းမှသာ လူတွေသိရှိသွားတာမျိုးသာ ရှိပါတယ်။

သူတို့ရဲ့ဒုက္ခကတော့ ဒဏ်ရာအမာရွတ်တွေကို လူမြင်မှာစိုးလို့ နွေခေါင်ခေါင်ပူလောင်ချိန်မှာ လက်ရှည်အင်္ကျီ ဝတ်ထားရခြင်းပါပဲ။

၅။ ရပ်ပစ်လို့ မရခြင်း

ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ခြင်းဟာလည်း စွဲတတ်တဲ့အရာပါပဲ။ စိတ်ခံစားချက် ပြင်းထန်လာတိုင်း ဒီလိုလုပ်ချင်စိတ်တွေပဲ ပေါ်နေတတ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဒီလိုမဖြစ်ချင်ရင်တော့ အမြဲတက်ကြွနေအောင် ကြိုးစားပြီး အမြဲအလုပ်ရှုပ်အောင် လုပ်ထားဖို့ လိုပါတယ်။

Credit: duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top