iMyanmarHouse.com - Best Property Website for Myanmar
×

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခ်ိဳင္း အတြင္း သားေတြမည္းေနရင္ အက်ႌလက္ျပတ္၊ လက္တိုေတြဝတ္တဲ့အခါ စိတ္အေႏွာင့္အ ယွက္ျဖစ္ရ တတ္ပါတယ္။ အလုပ္႐ႈပ္မခံခ်င္သူေတြနဲ႔ ဆုိင္မွာသြားၿပီး မလုပ္ခ်င္သူေတြအတြက္ အိမ္ မွာ အလြယ္တကူရွိေနတတ္တဲ့ အသီးအႏွံေတြနဲ႔ အလြယ္ေျဖရွင္း ႏုိင္မယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ပထမနည္းကေတာ့ အာလူး အသံုးျပဳတာပါ။ အာလူးမွာ အက္စစ္ေပ်ာ့ပါဝင္တဲ့အတြက္ သဘာဝအေရျပားေၾကးခြၽတ္ေဆးဆုိရင္ မမွားပါဘူး။ အာလူးကို အခြံႏႊာၿပီးေတာ့ပဲျဖစ္ျဖစ္၊ အခြံနဲ႔ပဲျဖစ္ျဖစ္ ပါးပါးေလးလီွးၿပီး ခ်ိဳင္းအတြင္း သားကို ႏွိပ္နယ္ပြတ္ေျခပါ။ ၿပီးရင္ အာလူးရည္ေတြ ခ်ိဳင္းသား ထဲစိမ့္ဝင္သြားေအာင္ အာလူး အလႊာပါးေလးကို ခ်ိဳင္းသားမွာ နာရီဝက္၊ တစ္နာရီေလာက္ ကပ္ထားပါ။ အာလူးအလႊာပါးေျခာက္ သြားၿပီဆုိရင္ ခ်ိဳင္းကို ေရခပ္ေႏြး ေႏြးနဲ႔ ေဆးေၾကာပါ။ ဒီလိုကပ္ မထားခ်င္ဘူးဆိုရင္လည္း အာ လူးကို ႀကိတ္ေျခအရည္ညႇစ္ၿပီး ခ်ိဳင္းကိုသုတ္လိမ္းၿပီး  မိနစ္ ၂၀ ေလာက္ေနရင္ ေရေႏြးေႏြးေလးနဲ႔ ေဆးပါ။   ဒီလိုမ်ိဳး  ႏွစ္ပတ္၊ သံုးပတ္ေလာက္ ေန႔စဥ္ လုပ္ေပးတယ္ဆုိရင္ သိသာလာတာ ေတြ႕ရမွာပါ။

ဒုတိယနည္းကေတာ့ သခြား သီးသံုးတာပါ။ သခြားသီးကလည္းအက္စစ္ေပ်ာ့ပါတဲ့ သဘာဝေၾကး ခြၽတ္ေဆးျဖစ္ၿပီး ယားယံမႈလံုးဝ မရွိတာေၾကာင့္ စိတ္ခ်လက္ခ်သံုး ႏုိင္ပါတယ္။ ခပ္ပါးပါးလွီးထားတဲ့ သခြားသီး   ကြင္းေလးေတြကို ခ်ိဳင္းေနရာမွာကပ္ၿပီး နာရီဝက္ ေလာက္ထားပါ။ သခြားရည္ေတြ ခ်ိဳင္းသားထဲ စိမ့္ဝင္သြားတဲ့အထိ ကပ္ေပးထားၿပီး ေျခာက္သြားရင္ ေရေဆးေပးပါ။ ဒါမွမဟုတ္ သခြားရည္ညႇစ္ၿပီး နႏြင္းမႈန္႔၊ သံပရာ ရည္အနည္းငယ္နဲ႔ေရာ၊ အႏွစ္ လုပ္ၿပီး ခ်ိဳင္းသားကိုသုတ္လိမ္းၿပီး နာရီဝက္ေလာက္ထားကာ ေရ ေဆးပါ။ ဒီလိုမ်ိဳး ေန႔စဥ္တစ္ပတ္ ေလာက္လုပ္တဲ့အခါ ခ်ိဳင္းသားျဖဴ လာတာ ေတြ႕ရမွာပါ။

တတိယနည္းကေတာ့ သံ ပရာ၊ သံပ႐ိုသီးသံုးတာပါ။ ေခ်း ခြၽတ္႐ံုတင္သာမက သဘာဝပိုး သတ္ေဆးလည္းျဖစ္တာေၾကာင့္ မ်က္ႏွာပဲျဖစ္ျဖစ္၊ ခႏၶာကိုယ္ပဲျဖစ္ ျဖစ္   စိတ္ခ်လက္ခ်  သံုးႏုိင္ပါ တယ္။ သံပရာ၊ သံပ႐ိုသီးကို အ စိတ္ေသးေလးေတြစိတ္ၿပီး ခ်ိဳင္း ကိုပြတ္ၿပီး ၁၅ မိနစ္ေလာက္အ ေျခာက္ခံထားပါ။ ၿပီးရင္ ေရေသ ခ်ာေဆးၿပီး အဝတ္သန္႔နဲ႔ ေျခာက္ ေအာင္သုတ္ကာ အလွဆီလိမ္း ပါ။ ေနာက္တစ္ခုက သံပရာရည္ ထဲကို သၾကားနည္းနည္းထည့္ၿပီး ခ်ိဳင္းကို ပြတ္လိမ္းၿပီး ငါးမိနစ္ ေလာက္ထားၿပီး ေရေဆးတာပဲ ျဖစ္ျဖစ္၊ သံပရာရည္ထဲကို နႏြင္း မႈန္႔၊ ပ်ားရည္ထည့္ထားတဲ့အႏွစ္ နဲ႔လည္း သုတ္လိမ္းေဆးေၾကာ တာမ်ိဳး လုပ္ႏုိင္ပါတယ္။ ဘယ္ နည္းပဲျဖစ္ျဖစ္ တစ္ပတ္ကိုေလး ႀကိမ္ေလာက္လုပ္ေပးတယ္ဆုိရင္ အေျပာင္းအလဲေတြကို ေတြ႕ရမွာ ပါ။

Credit : 7Day Daily
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အကြောင်းအမျိုးမျိုးကြောင့် ချိုင်း အတွင်း သားတွေမည်းနေရင် အကျႌလက်ပြတ်၊ လက်တိုတွေဝတ်တဲ့အခါ စိတ်အနှောင့်အ ယှက်ဖြစ်ရ တတ်ပါတယ်။ အလုပ်ရှုပ်မခံချင်သူတွေနဲ့ ဆိုင်မှာသွားပြီး မလုပ်ချင်သူတွေအတွက် အိမ် မှာ အလွယ်တကူရှိနေတတ်တဲ့ အသီးအနှံတွေနဲ့ အလွယ်ဖြေရှင်း နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပထမနည်းကတော့ အာလူး အသုံးပြုတာပါ။ အာလူးမှာ အက်စစ်ပျော့ပါဝင်တဲ့အတွက် သဘာဝအရေပြားကြေးချွတ်ဆေးဆိုရင် မမှားပါဘူး။ အာလူးကို အခွံနွှာပြီးတော့ပဲဖြစ်ဖြစ်၊ အခွံနဲ့ပဲဖြစ်ဖြစ် ပါးပါးလေးလှီးပြီး ချိုင်းအတွင်း သားကို နှိပ်နယ်ပွတ်ခြေပါ။ ပြီးရင် အာလူးရည်တွေ ချိုင်းသား ထဲစိမ့်ဝင်သွားအောင် အာလူး အလွှာပါးလေးကို ချိုင်းသားမှာ နာရီဝက်၊ တစ်နာရီလောက် ကပ်ထားပါ။ အာလူးအလွှာပါးခြောက် သွားပြီဆိုရင် ချိုင်းကို ရေခပ်နွေး နွေးနဲ့ ဆေးကြောပါ။ ဒီလိုကပ် မထားချင်ဘူးဆိုရင်လည်း အာ လူးကို ကြိတ်ခြေအရည်ညှစ်ပြီး ချိုင်းကိုသုတ်လိမ်းပြီး  မိနစ် ၂၀ လောက်နေရင် ရေနွေးနွေးလေးနဲ့ ဆေးပါ။   ဒီလိုမျိုး  နှစ်ပတ်၊ သုံးပတ်လောက် နေ့စဉ် လုပ်ပေးတယ်ဆိုရင် သိသာလာတာ တွေ့ရမှာပါ။

ဒုတိယနည်းကတော့ သခွား သီးသုံးတာပါ။ သခွားသီးကလည်းအက်စစ်ပျော့ပါတဲ့ သဘာဝကြေး ချွတ်ဆေးဖြစ်ပြီး ယားယံမှုလုံးဝ မရှိတာကြောင့် စိတ်ချလက်ချသုံး နိုင်ပါတယ်။ ခပ်ပါးပါးလှီးထားတဲ့ သခွားသီး   ကွင်းလေးတွေကို ချိုင်းနေရာမှာကပ်ပြီး နာရီဝက် လောက်ထားပါ။ သခွားရည်တွေ ချိုင်းသားထဲ စိမ့်ဝင်သွားတဲ့အထိ ကပ်ပေးထားပြီး ခြောက်သွားရင် ရေဆေးပေးပါ။ ဒါမှမဟုတ် သခွားရည်ညှစ်ပြီး နနွင်းမှုန့်၊ သံပရာ ရည်အနည်းငယ်နဲ့ရော၊ အနှစ် လုပ်ပြီး ချိုင်းသားကိုသုတ်လိမ်းပြီး နာရီဝက်လောက်ထားကာ ရေ ဆေးပါ။ ဒီလိုမျိုး နေ့စဉ်တစ်ပတ် လောက်လုပ်တဲ့အခါ ချိုင်းသားဖြူ လာတာ တွေ့ရမှာပါ။

တတိယနည်းကတော့ သံ ပရာ၊ သံပရိုသီးသုံးတာပါ။ ချေး ချွတ်ရုံတင်သာမက သဘာဝပိုး သတ်ဆေးလည်းဖြစ်တာကြောင့် မျက်နှာပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ပဲဖြစ် ဖြစ်   စိတ်ချလက်ချ  သုံးနိုင်ပါ တယ်။ သံပရာ၊ သံပရိုသီးကို အ စိတ်သေးလေးတွေစိတ်ပြီး ချိုင်း ကိုပွတ်ပြီး ၁၅ မိနစ်လောက်အ ခြောက်ခံထားပါ။ ပြီးရင် ရေသေ ချာဆေးပြီး အဝတ်သန့်နဲ့ ခြောက် အောင်သုတ်ကာ အလှဆီလိမ်း ပါ။ နောက်တစ်ခုက သံပရာရည် ထဲကို သကြားနည်းနည်းထည့်ပြီး ချိုင်းကို ပွတ်လိမ်းပြီး ငါးမိနစ် လောက်ထားပြီး ရေဆေးတာပဲ ဖြစ်ဖြစ်၊ သံပရာရည်ထဲကို နနွင်း မှုန့်၊ ပျားရည်ထည့်ထားတဲ့အနှစ် နဲ့လည်း သုတ်လိမ်းဆေးကြော တာမျိုး လုပ်နိုင်ပါတယ်။ ဘယ် နည်းပဲဖြစ်ဖြစ် တစ်ပတ်ကိုလေး ကြိမ်လောက်လုပ်ပေးတယ်ဆိုရင် အပြောင်းအလဲတွေကို တွေ့ရမှာ ပါ။


Credit : 7Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top