iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ဦးနဲ႕တစ္ဦး ခ်စ္ၾကျပီဆုိရင္ အသက္ဆုိတာ တကယ္ေတာ့ နံပါတ္တစ္ခုသာ ျဖစ္တယ္လို႕ ဆုိၾကေပမယ့္ မ်က္ရည္ေတြနဲ႕ လမ္းခြဲအဆံုးမသတ္ေစဖုိ႕ဆုိရင္ ႏွစ္ဦးၾကား အသက္ဘယ္ေလာက္ကြာသလဲဆုိေတာ အေရးပါတဲ့ အရာတစ္ခုပါ။ အတၱလန္တျမိဳ႕က Emory တကၠသိုလ္မွာ ဒါနဲ႕ပတ္သက္ျပီး ေလ့လာမႈတစ္ခု ျပဳလုပ္ခဲ့ကာ အခ်စ္ေရးတစ္ခု ေရရွည္တည္ျမဲဖုိ႕အတြက္ဆုိရင္ တစ္ဦးနဲ႕တစ္ဦး အသက္ဘယ္ေလာက္ကြာျခားမႈ ရွိသင့္သလဲဆုိတာကို ေဖာ္ျပခဲ့ပါတယ္။

ဒီေလ့လာမႈဟာ လူဦးေရ သံုးေထာင္ကို သုေတသနျပဳလုပ္ခဲ့တာျဖစ္ျပီး အသက္အရြယ္ ကြာျခားမႈ ရွိေလေလ၊ လမ္းခြဲျပတ္စဲဖုိ႕ အေျခအေနမ်ားေလေလျဖစ္ေၾကာင္း ေတြ႕ရွိခဲ့ရပါတယ္။ ျခြင္းခ်က္ရွိႏိုင္တယ္ဆုိေပမယ့္ သုတသနပညာရွင္ေတြ အဆိုအရေတာ့ ခ်စ္သူႏွစ္ဦး တစ္ဦးနဲ႕တစ္ဦး အသက္ ၅ႏွစ္ကြာျခားမယ္ဆုိရင္ ကြဲကြာႏိုင္ေျခ ၁၈ရာခုိင္ႏႈန္းရွိတယ္လုိ႕ သိရပါတယ္။  တစ္ဦးနဲ႕တစ္ဦး ၁၀ႏွစ္ကြာမယ္ဆုိရင္ ကြဲကြာႏိုင္ေျခ ၃၉ရာခုိင္ႏႈန္း နဲ႕ အသက္အရြယ္ ကြာဟမႈက အႏွစ္၂၀ရွိမယ္ဆုိရင္ေတာ့ ကြာရွင္းႏိုင္ေျခ ၉၅ရာခုိင္ႏႈန္း ျဖစ္သြားပါလိမ့္မယ္။

ဒီေတာ့ တစ္ဦးနဲ႕တစ္ဦး အသက္ ၁ႏွစ္ေလာက္သာ ကြာမယ္ဆုိရင္ ဒါ အတြဲေတြအတြက္ အသက္ကြာျခားမႈအေကာင္းဆံုး အေနအထားျဖစ္ျပီး ကြဲကြာႏိုင္ေျခ ၃ရာခုိင္ႏႈန္းသာ ရွိပါေတာ့တယ္။ ခုေဖာ္ျပေပးတာေတြကေတာ့ အခ်က္အလက္ေတြ ျဖစ္တဲ့အတြက္ အတြဲတုိင္းကို တသတ္မတ္တည္း ယူဆလုိ႕ေတာ့ မရပါဘူး။ အတြဲတစ္တြဲခ်င္းစီမွာ မတူညီတဲ့ အေျခအေန၊ အယူအဆေတြ အမ်ားၾကီး ရွိေနလုိ႕ပါပဲ။

Credit:Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်ဦးနဲ့တစ်ဦး ချစ်ကြပြီဆိုရင် အသက်ဆိုတာ တကယ်တော့ နံပါတ်တစ်ခုသာ ဖြစ်တယ်လို့ ဆိုကြပေမယ့် မျက်ရည်တွေနဲ့ လမ်းခွဲအဆုံးမသတ်စေဖို့ဆိုရင် နှစ်ဦးကြား အသက်ဘယ်လောက်ကွာသလဲဆိုတော အရေးပါတဲ့ အရာတစ်ခုပါ။ အတ္တလန်တမြို့က Emory တက္ကသိုလ်မှာ ဒါနဲ့ပတ်သက်ပြီး လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ကာ အချစ်ရေးတစ်ခု ရေရှည်တည်မြဲဖို့အတွက်ဆိုရင် တစ်ဦးနဲ့တစ်ဦး အသက်ဘယ်လောက်ကွာခြားမှု ရှိသင့်သလဲဆိုတာကို ဖော်ပြခဲ့ပါတယ်။

ဒီလေ့လာမှုဟာ လူဦးရေ သုံးထောင်ကို သုတေသနပြုလုပ်ခဲ့တာဖြစ်ပြီး အသက်အရွယ် ကွာခြားမှု ရှိလေလေ၊ လမ်းခွဲပြတ်စဲဖို့ အခြေအနေများလေလေဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ခြွင်းချက်ရှိနိုင်တယ်ဆိုပေမယ့် သုတသနပညာရှင်တွေ အဆိုအရတော့ ချစ်သူနှစ်ဦး တစ်ဦးနဲ့တစ်ဦး အသက် ၅နှစ်ကွာခြားမယ်ဆိုရင် ကွဲကွာနိုင်ခြေ ၁၈ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။  တစ်ဦးနဲ့တစ်ဦး ၁၀နှစ်ကွာမယ်ဆိုရင် ကွဲကွာနိုင်ခြေ ၃၉ရာခိုင်နှုန်း နဲ့ အသက်အရွယ် ကွာဟမှုက အနှစ်၂၀ရှိမယ်ဆိုရင်တော့ ကွာရှင်းနိုင်ခြေ ၉၅ရာခိုင်နှုန်း ဖြစ်သွားပါလိမ့်မယ်။

ဒီတော့ တစ်ဦးနဲ့တစ်ဦး အသက် ၁နှစ်လောက်သာ ကွာမယ်ဆိုရင် ဒါ အတွဲတွေအတွက် အသက်ကွာခြားမှုအကောင်းဆုံး အနေအထားဖြစ်ပြီး ကွဲကွာနိုင်ခြေ ၃ရာခိုင်နှုန်းသာ ရှိပါတော့တယ်။ ခုဖော်ပြပေးတာတွေကတော့ အချက်အလက်တွေ ဖြစ်တဲ့အတွက် အတွဲတိုင်းကို တသတ်မတ်တည်း ယူဆလို့တော့ မရပါဘူး။ အတွဲတစ်တွဲချင်းစီမှာ မတူညီတဲ့ အခြေအနေ၊ အယူအဆတွေ အများကြီး ရှိနေလို့ပါပဲ။

Credit:Trend Myanmar



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top