iMyanmarHouse.com - Best Property Website for Myanmar
×

သူတစ္ပါးအိမ္ေထာင္ေရးကို ဖ်က္ဆီးတဲ့သူ ဆုိတဲ့ စကားလုံးကို စဥ္းစားၾကည့္လိုက္ပါ။ စိတ္ထဲ အမ်ိဳးသားပုံရိပ္ ေပၚလာသလား ဒါမွမဟုတ္ အမ်ိဳးသမီးပုံရိပ္ေပၚလာလား။ အိမ္ေထာင္ေရးေဖာက္ျပားမွဳေတြမွာ လူအမ်ားစုဟာ ‘တစ္ဖက္မိန္းကေလး’ ကိုပဲ အျပစ္ပုံခ်ခ်င္ၾကပါတယ္။ ဘာလုိ ့မ်ားပါလိမ့္။ တန္ဂိုကဖုိ ့လူႏွစ္ေယာက္လုိပါတယ္။ လက္၀ါးႏွစ္ဖက္တီးမွ လက္ခုပ္ျမည္ပါတယ္။ ဒါနဲ ့မ်ား ဘာလုိ ့လက္တစ္ဖက္တည္းကိုပဲ အျပစ္ပုံခ်ခ်င္ၾကတာလဲ။ စိတ္ပညာနည္းနဲ ့ဒီအေျဖကို ေလ့လာၾကည့္ရေအာင္။

၁။ ေယာက်ၤားဆုိတာ ဘာပဲျဖစ္ျဖစ္ ဆုိးသြမ္းေဖာက္ျပားတတ္တယ္လုိ ့ကၽြန္ေတာ္တုိ ့ယူဆၾကလုိ ့

တီဗီမွာၾကည့္ေနရတဲ့ ဇာတ္လမ္းေတြ၊ ဖတ္ရတဲ့ ဇာတ္လမ္းေတြမွာ လူဆုိးအမ်ားစုက ေယာက်ၤားပါပဲ။ ရက္စက္ယုတ္မာတဲ့ျပစ္မွဳေတြ က်ဴးလြန္တာလည္း ေယာက်ၤားပဲ။ ဒီမွာ ယူဆခ်က္က ဘယ္လုိျဖစ္သြားလဲ ဆုိေတာ့ ေယာက်ၤားဆုိတာ ေခြးတိရိစာၦန္၊ မိန္းမဆုိတာ အျပစ္ကင္းစင္တယ္လုိ ့ ထင္သြားၾကတယ္။ “ ဒီအခါမွာ အမ်ိဳးသမီး တစ္ေယာက္ မေကာင္းတာ တစ္ခုခုလုပ္မိရင္၊ သူတုိ ့ကို အကုန္လုံးက ၀ိုင္းအျပစ္တင္၊ေဒါသထြက္ၾကတယ္။ ဘာလုိ ့လည္းဆုိေတာ့ အျပစ္ကင္းစင္တယ္ဆုိတဲ့ သဘာ၀နဲ ့ဆန္ ့က်င္တာ လုပ္လုိက္မိလုိ ့ေပ့ါ” လုိ ့လူ ့အမူအက်င့္ဆုိင္ရာ နဲ ့ အိမ္ေထာင္ေရးပညာရွင္ ပါေမာကၡ Christine Hartman က ဆုိပါတယ္။ ေဖာက္ျပန္တဲ့ေနရာမွာ အမ်ိဳးသမီးကိုေတာ့ ၾကာခုိတဲ့ေကာင္မလုိ ့သမုတ္ၾကျပီး အမ်ိဳးသားကိုေတာ့ အမွားေလး လုပ္လုိက္မိတယ္လုိ ့ သတ္မွတ္ၾကျပန္တယ္။ တကယ္တမ္းေတာ့ အမ်ိဳးသားကိုယ္တုိင္က အိမ္ေထာင္ရွိရဲ့သားနဲ ့ေဖာက္ျပန္တာ မဟုတ္ဘူးလား။

၂။ တျခားေကာင္မေလး ကို မုန္းဖုိ ့ပုိလြယ္တယ္

ရိုင္းရိုင္းေျပာရရင္ မယားငယ္က အဓိက ပစ္မွတ္ပဲ။ အထူးသျဖင့္ ကိုယ္နဲ ့မသိတဲ့ မိန္းကေလး ဒါမွမဟုတ္ ကိုယ့္မိတ္ေဆြ မဟုတ္တဲ့ မိန္းကေလး ဆုိရင္ေပ့ါ။ ျပီးေတာ့ ကိုယ္ခ်စ္လုိ ့ယူထားတဲ့ ေယာက်ၤားကို အျပစ္တင္ လုိက္ရမွာက စိတ္က သိကေအာက္ျဖစ္စရာပါ။“ အမ်ိဳးသားအေပၚ အျပစ္ပုုံခ်မယ္ဆုိရင္ ကိုယ့္ဘာသာကို နာနာက်င္က်င္ ျပန္ေမးရမယ့္ ေမးခြန္းေတြေပၚလာတတ္တယ္။ သူ ငါ့ကို မခ်စ္ဘဲ လိမ္ညာယူခဲ့တာလား။ ငါတုိ ့အိမ္ေထာင္ေရးက အေရျခဳံ သက္သက္ပဲလား။ သူက ငါထင္ထားတဲ့ လူစားမ်ိဳး မဟုတ္ပါလား။ ငါ့လက္က်န္ဘ၀ေလးမွာ တစ္ေယာက္တည္း ေနရေတာ့မွာလား။ စသျဖင့္ ေမးခြန္းေတြ အစီလုိက္ေပၚလာတတ္တယ္။ ဒါေၾကာင့္မုိ ့လုိ ့၊ အမ်ားစုဟာ ကိုယ့္ အိမ္ေထာင္ဖက္ကိုိလည္း လက္မလႊတ္ခ်င္ဘူး။ ေဒါသေတြကိုလည္း တစ္ေနရာရာကို ပုံခ်မယ့္ရေတာ့မယ္ ဆုိရင္ ဟိုဘက္မိန္းကေလးကိုပဲ ပုံခ်တတ္ၾကပါတယ္။

၃။ သူမက ကိုယ့္ခ်စ္သူကို ေသြးေဆာင္ျဖားေယာင္းတာလုိ ့ထင္တတ္ၾကျပန္တယ္

“ ငါသာ အဲ့ေကာင္မကို ေမာင္းထုတ္လုိက္ႏိုင္ရင္ အရာရာအဆင္ေျပသြားမွာ” ဘာလုိ ့လည္းဆုိေတာ့ အဲ့ ေကာင္မက သူ ့ကို ျဖားေယာင္းေနျပီး သူ ေဖာက္ျပန္ေအာင္လုပ္ေနတာ။ ဒီလုိ ေတာ္ေတာ္မ်ားမ်ား ထင္တတ္ၾကပါတယ္။ ေယာက်ၤားေတြေဖာက္ျပန္ရတဲ့ အေၾကာင္းေတြ အမ်ားၾကီးရွိပါတယ္။ ဒီမိန္းမတစ္ေယာက္ကိုပဲ သူနဲ ့ျပတ္ေအာင္ျဖတ္လုိက္ႏိုင္ရင္ ကိစၥျပီးျပီလုိ ့ထင္တာဟာ ဘာနဲ ့တူလည္းဆုိေတာ့ ေရာဂါျဖစ္ရတဲ့ ဇစ္ျမစ္ကို မကုသဘဲ၊ ေရာဂါလကၡဏာ ေတြကို သြားကုေနသလုိပါပဲ။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သူတစ်ပါးအိမ်ထောင်ရေးကို ဖျက်ဆီးတဲ့သူ ဆိုတဲ့ စကားလုံးကို စဉ်းစားကြည့်လိုက်ပါ။ စိတ်ထဲ အမျိုးသားပုံရိပ် ပေါ်လာသလား ဒါမှမဟုတ် အမျိုးသမီးပုံရိပ်ပေါ်လာလား။ အိမ်ထောင်ရေးဖောက်ပြားမှုတွေမှာ လူအများစုဟာ ‘တစ်ဖက်မိန်းကလေး’ ကိုပဲ အပြစ်ပုံချချင်ကြပါတယ်။ ဘာလို့များပါလိမ့်။ တန်ဂိုကဖို့လူနှစ်ယောက်လိုပါတယ်။ လက်ဝါးနှစ်ဖက်တီးမှ လက်ခုပ်မြည်ပါတယ်။ ဒါနဲ့များ ဘာလို့လက်တစ်ဖက်တည်းကိုပဲ အပြစ်ပုံချချင်ကြတာလဲ။ စိတ်ပညာနည်းနဲ့ဒီအဖြေကို လေ့လာကြည့်ရအောင်။

၁။ ယောကျၤားဆိုတာ ဘာပဲဖြစ်ဖြစ် ဆိုးသွမ်းဖောက်ပြားတတ်တယ်လို့ကျွန်တော်တို့ယူဆကြလို့

တီဗီမှာကြည့်နေရတဲ့ ဇာတ်လမ်းတွေ၊ ဖတ်ရတဲ့ ဇာတ်လမ်းတွေမှာ လူဆိုးအများစုက ယောကျၤားပါပဲ။ ရက်စက်ယုတ်မာတဲ့ပြစ်မှုတွေ ကျူးလွန်တာလည်း ယောကျၤားပဲ။ ဒီမှာ ယူဆချက်က ဘယ်လိုဖြစ်သွားလဲ ဆိုတော့ ယောကျၤားဆိုတာ ခွေးတိရိစ္ဆာန်၊ မိန်းမဆိုတာ အပြစ်ကင်းစင်တယ်လို့ ထင်သွားကြတယ်။ “ ဒီအခါမှာ အမျိုးသမီး တစ်ယောက် မကောင်းတာ တစ်ခုခုလုပ်မိရင်၊ သူတို့ကို အကုန်လုံးက ဝိုင်းအပြစ်တင်၊ဒေါသထွက်ကြတယ်။ ဘာလို့လည်းဆိုတော့ အပြစ်ကင်းစင်တယ်ဆိုတဲ့ သဘာဝနဲ့ဆန့်ကျင်တာ လုပ်လိုက်မိလို့ပေ့ါ” လို့လူ့အမူအကျင့်ဆိုင်ရာ နဲ့ အိမ်ထောင်ရေးပညာရှင် ပါမောက္ခ Christine Hartman က ဆိုပါတယ်။ ဖောက်ပြန်တဲ့နေရာမှာ အမျိုးသမီးကိုတော့ ကြာခိုတဲ့ကောင်မလို့သမုတ်ကြပြီး အမျိုးသားကိုတော့ အမှားလေး လုပ်လိုက်မိတယ်လို့ သတ်မှတ်ကြပြန်တယ်။ တကယ်တမ်းတော့ အမျိုးသားကိုယ်တိုင်က အိမ်ထောင်ရှိရဲ့သားနဲ့ဖောက်ပြန်တာ မဟုတ်ဘူးလား။

၂။ တခြားကောင်မလေး ကို မုန်းဖို့ပိုလွယ်တယ်

ရိုင်းရိုင်းပြောရရင် မယားငယ်က အဓိက ပစ်မှတ်ပဲ။ အထူးသဖြင့် ကိုယ်နဲ့မသိတဲ့ မိန်းကလေး ဒါမှမဟုတ် ကိုယ့်မိတ်ဆွေ မဟုတ်တဲ့ မိန်းကလေး ဆိုရင်ပေ့ါ။ ပြီးတော့ ကိုယ်ချစ်လို့ယူထားတဲ့ ယောကျၤားကို အပြစ်တင် လိုက်ရမှာက စိတ်က သိကအောက်ဖြစ်စရာပါ။“ အမျိုးသားအပေါ် အပြစ်ပုုံချမယ်ဆိုရင် ကိုယ့်ဘာသာကို နာနာကျင်ကျင် ပြန်မေးရမယ့် မေးခွန်းတွေပေါ်လာတတ်တယ်။ သူ ငါ့ကို မချစ်ဘဲ လိမ်ညာယူခဲ့တာလား။ ငါတို့အိမ်ထောင်ရေးက အရေခြုံ သက်သက်ပဲလား။ သူက ငါထင်ထားတဲ့ လူစားမျိုး မဟုတ်ပါလား။ ငါ့လက်ကျန်ဘဝလေးမှာ တစ်ယောက်တည်း နေရတော့မှာလား။ စသဖြင့် မေးခွန်းတွေ အစီလိုက်ပေါ်လာတတ်တယ်။ ဒါကြောင့်မို့လို့၊ အများစုဟာ ကိုယ့် အိမ်ထောင်ဖက်ကိုလည်း လက်မလွှတ်ချင်ဘူး။ ဒေါသတွေကိုလည်း တစ်နေရာရာကို ပုံချမယ့်ရတော့မယ် ဆိုရင် ဟိုဘက်မိန်းကလေးကိုပဲ ပုံချတတ်ကြပါတယ်။

၃။ သူမက ကိုယ့်ချစ်သူကို သွေးဆောင်ဖြားယောင်းတာလို့ထင်တတ်ကြပြန်တယ်

“ ငါသာ အဲ့ကောင်မကို မောင်းထုတ်လိုက်နိုင်ရင် အရာရာအဆင်ပြေသွားမှာ” ဘာလို့လည်းဆိုတော့ အဲ့ ကောင်မက သူ့ကို ဖြားယောင်းနေပြီး သူ ဖောက်ပြန်အောင်လုပ်နေတာ။ ဒီလို တော်တော်များများ ထင်တတ်ကြပါတယ်။ ယောကျၤားတွေဖောက်ပြန်ရတဲ့ အကြောင်းတွေ အများကြီးရှိပါတယ်။ ဒီမိန်းမတစ်ယောက်ကိုပဲ သူနဲ့ပြတ်အောင်ဖြတ်လိုက်နိုင်ရင် ကိစ္စပြီးပြီလို့ထင်တာဟာ ဘာနဲ့တူလည်းဆိုတော့ ရောဂါဖြစ်ရတဲ့ ဇစ်မြစ်ကို မကုသဘဲ၊ ရောဂါလက္ခဏာ တွေကို သွားကုနေသလိုပါပဲ။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top