iMyanmarHouse.com - Best Property Website for Myanmar
×

ထမင္းခ်က္တဲ့အခါ ထမင္းေပါင္းအိုး ေတြနဲ႔သာ ခ်က္ၾကေတာ့တဲ့ အခုေခတ္မွာ ထမင္းရည္ လို႔ေမးလိုက္ရင္ ေတာ္ေတာ္ရွာရမယ္ ထင္ပါတယ္။ ထမင္းရည္ ဟာဆန္ကို ခ်က္တဲ့အခါ ေရနည္းနည္း ပိုထည့္လို႔ ထမင္းက်က္ၿပီး တဲ့ေနာက္ ထမင္းေပၚမွာ က်န္ေနတဲ့ အရည္ၾကည္ေလးကို ေခၚတာပါ။ ဒီလို ထမင္းရည္ ရွားေနတဲ့အခ်ိန္မွာ ထမင္းရည္က မိန္းကေလးေတြရဲ႕ အလွအပကို အေတာ္ေလး ကူညီႏိုင္တယ္ဆိုတဲ့ အက်ိဳးေက်းဇူးေလးေတြ ေတြ႕လာတာေၾကာင့္ အသံုးဝင္ပံုကို တင္ျပလိုက္ရပါတယ္။

၁။ ၾကည္လင္သန့္စင္ေသာ မ်က္ႏွာရရွိေအာင္
---------------------------------------------

မိန္းကေလးမ်ား မ်က္ႏွာကို သန္႕စင္ ၿပီးတဲ့အခါ အေအးခံထားတဲ့ ထမင္းရည္ကို ဂြမ္းစအနည္းငယ္နဲ႔တို႔ၿပီး မ်က္ႏွာ ျပင္အႏွံ႔ပြတ္ေပးရင္ ထမင္းရည္က Toner အျဖစ္ေဆာင္ရြက္ေပးၿပီး မ်က္ႏွာကို တင္းရင္းေနေစမွာပါ။ Inositol လို႔ေခၚတဲ့ ဗီတာမင္ဘီ ဓာတ္တစ္မ်ိဳး ၾကြယ္ဝတာေၾကာင့္ အိုမင္းရင့္ေရာ္မႈ ျဖစ္စဥ္ကို ေႏွးေစကာ ေသြးလည္ပတ္မႈ ကိုလည္း ေကာင္းေစပါတယ္။ မ်က္ႏွာ ေပၚမွာရွိတဲ့ ေခြ်းေပါက္ေတြကို က်ဥ္းေစ ၿပီး မ်က္ႏွာကို ဝင္းပေအာင္ျပဳလုပ္ေပး ႏိုင္ပါတယ္။ ဒါ႔အျပင္ ေရဓာတ္ကိုထိန္း သိမ္းေပးႏိုင္တဲ့ဓာတ္၊ အင္တီေအာက္ဆီ ဒင့္ဓာတ္၊ ခရမ္းလြန္ေရာင္ျခည္ကို စုပ္ယူ ႏိုင္တဲ့ဓာတ္ေတြဟာ သဘာဝအရ ေၾကး နီဓာတ္ကို စုပ္ယူေပးၿပီး မ်က္ႏွာျပင္မွာ မယ္လနင္ေတြ စုပံုေနတာနဲ႔ အသက္ႀကီး လို႔ျဖစ္ေပၚတတ္တဲ့ အနီကြက္ေတြမွ ကာကြယ္ေပးပါတယ္။

၂။ ဆံပင္သားအတြက္
----------------------

ေခါင္းေလွ်ာ္ၿပီးတဲ့အခါ ေအးေနတဲ့ ထမင္းရည္ အနည္းငယ္ကို ဆံသားမွာ လိမ္းေပးၿပီး မိနစ္အနည္းငယ္ထားပါ။ နည္းနည္းၾကာရင္ ေရေဆးခ်လို႔ ရပါ တယ္။ထမင္းရည္မွာပါဝင္တဲ့ ပ႐ိုတင္း ဓာတ္က ဆံသားကို ေျဖာင့္စင္းေစတဲ့ အျပင္ ဆံလံုးကြဲအက္ေနတာေတြကိုပါ ျပန္ျပည့္ေစပါတယ္။ ရလဒ္ကေတာ့ ဆံသားဟာ ေခ်ာမြတ္ေျပာင္လက္ေနၿပီး အိေထြးေနတာပဲ ျဖစ္ပါတယ္။

၃။ ကိုယ္ခႏၶာ အတြက္
----------------------

ထမင္းရည္မွာ ေခ်ာေမြ႕ေနတဲ့ သဘာဝ ရွိတာေၾကာင့္ ခႏၶာကိုယ္မွာ အဖုအပိမ့္ ထြက္တာနဲ႔ က်ိန္းစပ္စပ္ ျဖစ္ေနတဲ့ ဒဏ္ရာေတြ၊ နာက်င္မႈ ခံစားေနရတဲ့ အ ေရျပားေနရာေတြမွာ သက္သာေစပါ တယ္။ Brussels University ေလ့လာေတြရွိခ်က္အရ အေရျပားေရာဂါရွိ သူေတြနဲ႔ နာတာရွည္အေရျပားေရာင္ ရမ္းသူေတြမွာတစ္ေန႔ကို ပံုမွန္ ႏွစ္ႀကိမ္ တစ္ဆယ့္ငါးမိနစ္ခန္႔ ထမင္းရည္နဲ႔ ေဆး ေပးတာဟာ တိုးတက္မႈ ၂၀ ရာခိုင္ႏႈန္း ထိ ရွိလာတယ္လို႔ ဆိုပါတယ္။

၄။ က်န္းမာေရးအတြက္
-----------------------

ထမင္းရည္ကို ေသာက္ေပးတဲ့ အေလ့အက်င့္ဟာ အရင္တုန္းက ရွိေပမယ့္ အခုေတာ့ မလုပ္ၾကေတာ့ပါဘူး။ အမွန္ေတာ့ ထမင္းရည္ဟာ အာဟာရျပည့္ဝၿပီး က်န္းမာေရးအတြက္ အက်ိဳးျပဳပါတယ္။ သူဟာ မရွိမျဖစ္ အမိုႏိုအက္စစ္ ရွစ္မ်ိဳးပါဝင္တာ ျဖစ္တဲ့အတြက္ ခႏၶာကိုယ္ မွာ တစ္သွ်ဴးနဲ႔ ၾကြက္သား ျပန္လည္တည္ ေဆာက္ရာမွာ အေထာက္အပံ့ေပးပါ တယ္။ ေနာက္ၿပီး ကာဗိုဟိုက္ဒရိတ္လည္း အမ်ားအျပား ပါတာေၾကာင့္ လိုအပ္တဲ့ စြမ္းအင္ျဖစ္ေပၚဖို႔ ကူညီေပးႏိုင္ပါတယ္။ ဝမ္းေလွ်ာတာကိုလည္း သက္သာေစတဲ့အတြက္ အစာအိမ္နဲ႔ အူလမ္းေၾကာင္း ေရာင္ရမ္းလို႔ ကုသတဲ့ေနရာမွာ အသံုးဝင္တယ္ လို႔ဆိုပါတယ္။ အယ္လ္ဇိုင္းမားေရာဂါ ကိုလည္း ကာကြယ္ေပးႏိုင္ ပါတယ္။ ကိုယ္ အပူခ်ိန္က်ေစတဲ့အျပင္ ကင္ဆာေၾကာင့္ ျဖစ္တဲ့ ေသြးဖိအားတိုးတာေတြမွလည္း ကာကြယ္ေပးႏိုင္တယ္လို႔ ေလ့လာေတြ႕ ရွိခ်က္ေတြအရ သိရပါတယ္။ ဒါေၾကာင့္ အလွအပအတြက္သာမက က်န္းမာေရး အတြက္ပါ အသံုးတည့္လွတဲ့ ထမင္းရည္ ကို လက္ေတြ႕အသံုးခ်ႏိုင္ဖို႔ အႀကံေပး လိုက္ရပါတယ္။

ျပဳလုပ္နည္း
------------

ထမင္းခ်က္တဲ့အခါ ေရအနည္းငယ္ ပိုထည့္ၿပီး က်က္တဲ့အခါ ပိုေနတဲ့အရည္ ၾကည္ေလးကို အဖံုးပါတဲ့ ကရားေလးထဲ မွာထည့္ပါ။ ေရခဲေသတၲာထဲမွာ အေအး ခံၿပီးရင္ေတာ့သံုးလို႔ရပါၿပီ။

Credit:  အိျဖဴ (ေဆးဝါးတကၠသိုလ္)

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ထမင်းချက်တဲ့အခါ ထမင်းပေါင်းအိုး တွေနဲ့သာ ချက်ကြတော့တဲ့ အခုခေတ်မှာ ထမင်းရည် လို့မေးလိုက်ရင် တော်တော်ရှာရမယ် ထင်ပါတယ်။ ထမင်းရည် ဟာဆန်ကို ချက်တဲ့အခါ ရေနည်းနည်း ပိုထည့်လို့ ထမင်းကျက်ပြီး တဲ့နောက် ထမင်းပေါ်မှာ ကျန်နေတဲ့ အရည်ကြည်လေးကို ခေါ်တာပါ။ ဒီလို ထမင်းရည် ရှားနေတဲ့အချိန်မှာ ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပကို အတော်လေး ကူညီနိုင်တယ်ဆိုတဲ့ အကျိုးကျေးဇူးလေးတွေ တွေ့လာတာကြောင့် အသုံးဝင်ပုံကို တင်ပြလိုက်ရပါတယ်။

၁။ ကြည်လင်သန့်စင်သော မျက်နှာရရှိအောင်
---------------------------------------------

မိန်းကလေးများ မျက်နှာကို သန့်စင် ပြီးတဲ့အခါ အအေးခံထားတဲ့ ထမင်းရည်ကို ဂွမ်းစအနည်းငယ်နဲ့တို့ပြီး မျက်နှာ ပြင်အနှံ့ပွတ်ပေးရင် ထမင်းရည်က Toner အဖြစ်ဆောင်ရွက်ပေးပြီး မျက်နှာကို တင်းရင်းနေစေမှာပါ။ Inositol လို့ခေါ်တဲ့ ဗီတာမင်ဘီ ဓာတ်တစ်မျိုး ကြွယ်ဝတာကြောင့် အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကို နှေးစေကာ သွေးလည်ပတ်မှု ကိုလည်း ကောင်းစေပါတယ်။ မျက်နှာ ပေါ်မှာရှိတဲ့ ချွေးပေါက်တွေကို ကျဉ်းစေ ပြီး မျက်နှာကို ဝင်းပအောင်ပြုလုပ်ပေး နိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်ကိုထိန်း သိမ်းပေးနိုင်တဲ့ဓာတ်၊ အင်တီအောက်ဆီ ဒင့်ဓာတ်၊ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူ နိုင်တဲ့ဓာတ်တွေဟာ သဘာဝအရ ကြေး နီဓာတ်ကို စုပ်ယူပေးပြီး မျက်နှာပြင်မှာ မယ်လနင်တွေ စုပုံနေတာနဲ့ အသက်ကြီး လို့ဖြစ်ပေါ်တတ်တဲ့ အနီကွက်တွေမှ ကာကွယ်ပေးပါတယ်။

၂။ ဆံပင်သားအတွက်
----------------------

ခေါင်းလျှော်ပြီးတဲ့အခါ အေးနေတဲ့ ထမင်းရည် အနည်းငယ်ကို ဆံသားမှာ လိမ်းပေးပြီး မိနစ်အနည်းငယ်ထားပါ။ နည်းနည်းကြာရင် ရေဆေးချလို့ ရပါ တယ်။ထမင်းရည်မှာပါဝင်တဲ့ ပရိုတင်း ဓာတ်က ဆံသားကို ဖြောင့်စင်းစေတဲ့ အပြင် ဆံလုံးကွဲအက်နေတာတွေကိုပါ ပြန်ပြည့်စေပါတယ်။ ရလဒ်ကတော့ ဆံသားဟာ ချောမွတ်ပြောင်လက်နေပြီး အိထွေးနေတာပဲ ဖြစ်ပါတယ်။

၃။ ကိုယ်ခန္ဓာ အတွက်
----------------------

ထမင်းရည်မှာ ချောမွေ့နေတဲ့ သဘာဝ ရှိတာကြောင့် ခန္ဓာကိုယ်မှာ အဖုအပိမ့် ထွက်တာနဲ့ ကျိန်းစပ်စပ် ဖြစ်နေတဲ့ ဒဏ်ရာတွေ၊ နာကျင်မှု ခံစားနေရတဲ့ အ ရေပြားနေရာတွေမှာ သက်သာစေပါ တယ်။ Brussels University လေ့လာတွေရှိချက်အရ အရေပြားရောဂါရှိ သူတွေနဲ့ နာတာရှည်အရေပြားရောင် ရမ်းသူတွေမှာတစ်နေ့ကို ပုံမှန် နှစ်ကြိမ် တစ်ဆယ့်ငါးမိနစ်ခန့် ထမင်းရည်နဲ့ ဆေး ပေးတာဟာ တိုးတက်မှု ၂၀ ရာခိုင်နှုန်း ထိ ရှိလာတယ်လို့ ဆိုပါတယ်။

၄။ ကျန်းမာရေးအတွက်
-----------------------

ထမင်းရည်ကို သောက်ပေးတဲ့ အလေ့အကျင့်ဟာ အရင်တုန်းက ရှိပေမယ့် အခုတော့ မလုပ်ကြတော့ပါဘူး။ အမှန်တော့ ထမင်းရည်ဟာ အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ သူဟာ မရှိမဖြစ် အမိုနိုအက်စစ် ရှစ်မျိုးပါဝင်တာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ် မှာ တစ်သျှူးနဲ့ ကြွက်သား ပြန်လည်တည် ဆောက်ရာမှာ အထောက်အပံ့ပေးပါ တယ်။ နောက်ပြီး ကာဗိုဟိုက်ဒရိတ်လည်း အများအပြား ပါတာကြောင့် လိုအပ်တဲ့ စွမ်းအင်ဖြစ်ပေါ်ဖို့ ကူညီပေးနိုင်ပါတယ်။ ဝမ်းလျှောတာကိုလည်း သက်သာစေတဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းလို့ ကုသတဲ့နေရာမှာ အသုံးဝင်တယ် လို့ဆိုပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ကိုလည်း ကာကွယ်ပေးနိုင် ပါတယ်။ ကိုယ် အပူချိန်ကျစေတဲ့အပြင် ကင်ဆာကြောင့် ဖြစ်တဲ့ သွေးဖိအားတိုးတာတွေမှလည်း ကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ ရှိချက်တွေအရ သိရပါတယ်။ ဒါကြောင့် အလှအပအတွက်သာမက ကျန်းမာရေး အတွက်ပါ အသုံးတည့်လှတဲ့ ထမင်းရည် ကို လက်တွေ့အသုံးချနိုင်ဖို့ အကြံပေး လိုက်ရပါတယ်။

ပြုလုပ်နည်း
------------

ထမင်းချက်တဲ့အခါ ရေအနည်းငယ် ပိုထည့်ပြီး ကျက်တဲ့အခါ ပိုနေတဲ့အရည် ကြည်လေးကို အဖုံးပါတဲ့ ကရားလေးထဲ မှာထည့်ပါ။ ရေခဲသေတ္တာထဲမှာ အအေး ခံပြီးရင်တော့သုံးလို့ရပါပြီ။

Credit:  အိဖြူ (ဆေးဝါးတက္ကသိုလ်)


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top