iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ိဳေမတို႔ေရ ဒီတခါေတာ့ အစားလည္းမေလွ်ာ့ႏိုင္ ၀၀ကစ္ကစ္ျဖစ္ေနတဲ့ ကိုယ့္ bodyကိုလည္းမေက်နပ္ႏိုင္ျဖစ္ေနၾကတဲ့ မိန္းကေလးေတြအတြက္ အမ်ားအျမင္မွာ ပိန္တယ္လို႔ထင္ရေအာင္ အသံုး၀င္မယ့္နည္းလမ္းေလးေတြကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

(၁)ကိုယ္ပိုင္ ဒီဇိုင္နာထားပါ

၀မွန္းသိသာေစတဲ့ ကိုယ့္ရဲ႕ခါးအေနအထားကို အဆင္ေျပဆံုးခ်ဳပ္ေပးႏိုင္မယ့္ ဒီဇိုင္နာ၊အပ္ခ်ဳပ္ဆရာရွိဖို႔လိုပါတယ္။ ready made အ၀တ္အစားထက္ ကိုယ့္ရဲ႕ခႏၶာကိုယ္အခ်ိဳးအစားအတိုင္း ခ်ဳပ္ထားတဲ့အ၀တ္အစားမ်ိဳးကိုပဲ၀တ္သင့္ပါတယ္။ ဒါေၾကာင့္ အၿမဲတမ္းအတြက္ ကိုယ္ပိုင္ဒီဇိုင္နာထားဖို႔တိုက္တြန္းျခင္းျဖစ္ပါတယ္။

(၂)Jeans ၀တ္ပါ

ဂ်င္းနဲ႔ မလိုက္တဲ့သူမရွိသေလာက္ပါပဲ။ခႏၶာကိုယ္ ေကာက္ေၾကာင္းကို ခဏေမ့ထားလိုက္ပါ။ခႏၶာကိုယ္ ၀ေနလို႔ သာမန္ ၀တ္ေနက်ဒီဇိုင္းေတြကေန ရုန္းမထြက္ႏိုင္ျဖစ္ေနတဲ့ သင့္အေနနဲ႔ ဂ်င္းရဲ႕ စတိုင္အသစ္ေၾကာင့္ ပိန္တယ္လို႔ ထင္ရမွာပါ။ အထူးသတိထားရမွာက ဂ်င္းကို အေရာင္ရင့္၊အေရာင္ျငိမ္တာမိ်ဳးကို ေရြးခ်ယ္၀တ္ဖို႔လိုသလို ဇစ္ေတြရႈပ္ယွက္ခတ္ေနတဲ့ ဒီဇိုင္းမ်ိဳးမေရြးခ်ယ္မိဖို႔ေတာ့လိုပါတယ္။

(၃)ပိုင္ဆိုင္မႈကို ေက်နပ္စြာလက္ခံပါ

၀တဲ့သူေတြက သာမန္မိန္းကေလးတစ္ေယာက္ရွိသင့္တဲ့အေနေတာ္ အခ်ိဳးအစားထက္ ပိုမ်ားေနေပမယ့္လည္း တစ္ဖက္က ၾကည့္ရင္ ပိုၿပီးဆြဲေဆာင္မႈရွိတယ္လို႔ဆိုရမွာပါ။ခႏၶာကိုယ္ ေကာက္ေၾကာင္းေတြမွာ သိသာထင္ရွားတ့ဲ အခ်ိဳးအစားရွိေန တာပါ။ဒါက တနည္းအားျဖင့္ အားသာခ်က္ပါ။ဒီလိုအားသာခ်က္ကိုလက္ခံလိုက္ရင္ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈအျပည့္ ရွိလာမွာျဖစ္သလို ေလ့က်င့္ခန္းလုပ္ျခင္း၊ သင့္တင့္မွ်တတဲ့ ေနထိုင္မႈပံုစံေတြကိုလိုက္နာဖို႔လည္း တြန္းအားျဖစ္လာေစမွာ ပါ။

အ၀တ္အစားဒီဇိုင္းေရြးခ်ယ္တဲ့အခါ စာလံုးဒီဇိုင္းပါတာေတြကိုေရွာင္ပါ။စာလံုးေတြပါတဲ့ အ၀တ္အစားဒီဇိုင္းေတြက သင့္ကို ပိုၿပီး၀တယ္လို႔ ထင္ဟပ္ေစပါတယ္။အဲဒီအစား အစင္းဒီဇိုင္းေတြက ၀ တဲ့ခႏၶာကိုယ္ေတြအတြက္ သင့္ေတာ့္ပါတယ္။

(၅)အသားအေရကို ဂရုစိုက္ပါ

ခႏၶာကိုယ္က ၀ ေနလို႔ ကိုယ့္ကိုယ္မေက်မနပ္ျဖစ္တာမ်ိဳးခံစားေနရပါသလား။ဒါဆိုရင္ေတာ့ အေပၚမွာေဖာ္ျပခဲ့တဲ့ အခ်က္ေတြအျပင္ အသားအေရကို ပိုၿပီးဂရုစိုက္သင့္ပါတယ္။၀တဲ့ခႏၶာကိုယ္ပိုင္ရွင္ေတြဟာ ခႏၶာကိုယ္ေကာက္ေၾကာင္း အခ်ိဳးအစားေတြကို ရွိသင့္တာထက္ပိုၿပီး ပိုင္ဆိုင္ထားလို႔ ဆြဲေဆာင္မႈပိုရွိတယ္လို႔ဆိုႏိုင္တယ္ဆိုတာ အေပၚမွာ ေျပာခဲ့ၿပီး ပါၿပီ။ဒါေၾကာင့္ ဒီလို ေကာက္ေၾကာင္းေတြကို ၀ံ့၀ံ့ၾကြားၾကြားေလးရွိေနေစဖို႔ သင့္ခႏၶာကိုယ္ရဲ႕ေတာက္ပမႈကို ဂရုစိုက္ဖို႔လို ပါတယ္။စိုျပည္၀င္းလက္တဲ့အသားအေရေၾကာင့္ သင့္ပံုစံက ၀ေနမွန္းမသိသာေစေတာ့ပါဘူး။

Credit :lwin pyin

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ပျိုမေတို့ရေ ဒီတခါတော့ အစားလည်းမလျှော့နိုင် ၀၀ကစ်ကစ်ဖြစ်နေတဲ့ ကိုယ့် bodyကိုလည်းမကျေနပ်နိုင်ဖြစ်နေကြတဲ့ မိန်းကလေးတွေအတွက် အများအမြင်မှာ ပိန်တယ်လို့ထင်ရအောင် အသုံးဝင်မယ့်နည်းလမ်းလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

(၁)ကိုယ်ပိုင် ဒီဇိုင်နာထားပါ

ဝမှန်းသိသာစေတဲ့ ကိုယ့်ရဲ့ခါးအနေအထားကို အဆင်ပြေဆုံးချုပ်ပေးနိုင်မယ့် ဒီဇိုင်နာ၊အပ်ချုပ်ဆရာရှိဖို့လိုပါတယ်။ ready made အဝတ်အစားထက် ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားအတိုင်း ချုပ်ထားတဲ့အဝတ်အစားမျိုးကိုပဲဝတ်သင့်ပါတယ်။ ဒါကြောင့် အမြဲတမ်းအတွက် ကိုယ်ပိုင်ဒီဇိုင်နာထားဖို့တိုက်တွန်းခြင်းဖြစ်ပါတယ်။

(၂)Jeans ဝတ်ပါ

ဂျင်းနဲ့ မလိုက်တဲ့သူမရှိသလောက်ပါပဲ။ခန္ဓာကိုယ် ကောက်ကြောင်းကို ခဏမေ့ထားလိုက်ပါ။ခန္ဓာကိုယ် ဝနေလို့ သာမန် ဝတ်နေကျဒီဇိုင်းတွေကနေ ရုန်းမထွက်နိုင်ဖြစ်နေတဲ့ သင့်အနေနဲ့ ဂျင်းရဲ့ စတိုင်အသစ်ကြောင့် ပိန်တယ်လို့ ထင်ရမှာပါ။ အထူးသတိထားရမှာက ဂျင်းကို အရောင်ရင့်၊အရောင်ငြိမ်တာမျိုးကို ရွေးချယ်ဝတ်ဖို့လိုသလို ဇစ်တွေရှုပ်ယှက်ခတ်နေတဲ့ ဒီဇိုင်းမျိုးမရွေးချယ်မိဖို့တော့လိုပါတယ်။

(၃)ပိုင်ဆိုင်မှုကို ကျေနပ်စွာလက်ခံပါ

ဝတဲ့သူတွေက သာမန်မိန်းကလေးတစ်ယောက်ရှိသင့်တဲ့အနေတော် အချိုးအစားထက် ပိုများနေပေမယ့်လည်း တစ်ဖက်က ကြည့်ရင် ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ဆိုရမှာပါ။ခန္ဓာကိုယ် ကောက်ကြောင်းတွေမှာ သိသာထင်ရှားတဲ့ အချိုးအစားရှိနေ တာပါ။ဒါက တနည်းအားဖြင့် အားသာချက်ပါ။ဒီလိုအားသာချက်ကိုလက်ခံလိုက်ရင်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့် ရှိလာမှာဖြစ်သလို လေ့ကျင့်ခန်းလုပ်ခြင်း၊ သင့်တင့်မျှတတဲ့ နေထိုင်မှုပုံစံတွေကိုလိုက်နာဖို့လည်း တွန်းအားဖြစ်လာစေမှာ ပါ။

အဝတ်အစားဒီဇိုင်းရွေးချယ်တဲ့အခါ စာလုံးဒီဇိုင်းပါတာတွေကိုရှောင်ပါ။စာလုံးတွေပါတဲ့ အဝတ်အစားဒီဇိုင်းတွေက သင့်ကို ပိုပြီးဝတယ်လို့ ထင်ဟပ်စေပါတယ်။အဲဒီအစား အစင်းဒီဇိုင်းတွေက ၀ တဲ့ခန္ဓာကိုယ်တွေအတွက် သင့်တော့်ပါတယ်။

(၅)အသားအရေကို ဂရုစိုက်ပါ

ခန္ဓာကိုယ်က ၀ နေလို့ ကိုယ့်ကိုယ်မကျေမနပ်ဖြစ်တာမျိုးခံစားနေရပါသလား။ဒါဆိုရင်တော့ အပေါ်မှာဖော်ပြခဲ့တဲ့ အချက်တွေအပြင် အသားအရေကို ပိုပြီးဂရုစိုက်သင့်ပါတယ်။ဝတဲ့ခန္ဓာကိုယ်ပိုင်ရှင်တွေဟာ ခန္ဓာကိုယ်ကောက်ကြောင်း အချိုးအစားတွေကို ရှိသင့်တာထက်ပိုပြီး ပိုင်ဆိုင်ထားလို့ ဆွဲဆောင်မှုပိုရှိတယ်လို့ဆိုနိုင်တယ်ဆိုတာ အပေါ်မှာ ပြောခဲ့ပြီး ပါပြီ။ဒါကြောင့် ဒီလို ကောက်ကြောင်းတွေကို ဝံ့ဝံ့ကြွားကြွားလေးရှိနေစေဖို့ သင့်ခန္ဓာကိုယ်ရဲ့တောက်ပမှုကို ဂရုစိုက်ဖို့လို ပါတယ်။စိုပြည်ဝင်းလက်တဲ့အသားအရေကြောင့် သင့်ပုံစံက ဝနေမှန်းမသိသာစေတော့ပါဘူး။

Credit :lwin pyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top