iMyanmarHouse.com - Best Property Website for Myanmar
×

သင္နဲ႔ ေကာင္မေလး ျမင္ဖူးၾကမယ္၊ ဆံုဖူးၾကမယ္၊ အဲ႔ဒီေနာက္ သူ႔ကို ၾကိဳက္မိမယ္၊ အဲ႔ဒီ႔ကတဆင္႔ ေကာင္မေလး ကို ေႂကြေစခ်င္လာလိမ္႔မယ္။ ဒါေတြက သင္ျဖစ္ေနႏိုင္တဲ႔ စိတ္အေျခအေနေတြပါ။ ဟုတ္တယ္ ဆိုရင္ေတာ႔ ဆက္ဖတ္ေပါ႔။ ေကာင္မေလး ေႂကြလာေအာင္ လုပ္တဲ႔ေနရာမွာ ၾကိဳးစားဖို႔လိုတယ္။ လူကိုယ္တိုင္ေတြ႔ျပီး ဆြယ္ႏိုင္ရမယ္။ အဲ႔ဒီ႔ေတာ္႔ ဖုန္းနဲ႔စကားေျပာရတဲ႔ အဆင္႔ကတည္းက တစ္၀က္ေလာက္ ေသခ်ာေနဖို႔လိုတယ္။ ဖုန္းထဲမွာ သူရဲ႕အမူအရာေတြ၊ စိတ္အေျခအေနေတြကို ေသခ်ာမသိႏိုင္ေပမယ္႕ သူရဲ႕ေလသံ ကိုေတာ႔ ခံစားၾကည္႔လို႔ရႏိုင္ပါတယ္။ အဲ႔ဒီ႔ ေလသံကိုခြဲျခားသိရွိျပီး ဖုန္းေျပာတဲ႔အခါ သူမစိတ္ေက်နပ္မႈရွိေအာင္ ေျပာေပးရမွာပါ။

၁။ ဖုန္းေခၚရမယ္႔ အခ်ိန္ေကာင္းကိုသိေအာင္လုပ္ပါ။

တစ္ေန႔တာ အတြင္းမွာ အဆင္ေျပရင္ေျပသလို ဖုန္းမေခၚပါနဲ႔။ တစ္ေန႔ကို အၾကိမ္ ၂၀ ေလာက္လည္း ဖုန္းမဆက္ပါနဲ႔။ သူ႔ကိုဘယ္အခ်ိန္မွာ ဖုန္းေခၚရင္ အဆင္ေျပတယ္ဆိုတာကို သိထားေအာင္လုပ္ပါ။ ေန႔လည္စာစားတဲ႔အခ်ိန္၊ အလုပ္ကေန အိမ္ကိုျပန္လာတဲ႔အခ်ိန္၊ ဒါမွမဟုတ္ ညနက္မွ ေခၚတာမ်ိဳးေပါ႔။ ဘယ္အခ်ိန္မွာ ဖုန္းေခၚရင္ အဆင္ေျပတယ္ဆိုတာသိျပီဆိုရင္ေတာ႔ စကားဦးလမ္းေၾကာင္းတဲ႔ဖို႔သာ စဥ္းစားေပေတာ႔။

၂။ ဘာေျပာရမယ္ဆိုတာ သိပါ။

ေကာင္မေလးနဲ႔ ဖုန္းေျပာတဲ႔အခါ ဘာမဟုတ္တဲ႔ အေၾကာင္းအရာေတြ ေျပာေနမယ္၊ အီေနမယ္ ဆိုတာ သိပါတယ္။ အဲ႔ဒီ႔လိုေတြ လဲေျပာသင္႔သလို အလုပ္အေၾကာင္း၊ အလုပ္မွာ ဘယ္ေလာက္အခက္ေတြ႔တယ္ ဆိုတဲ႔ အေၾကာင္းေတြကို ဘယ္ေတာ႔မွ မေျပာပါနဲ႔။ သူက ေသာကတက္စာ ေတြကို ျပန္ရတဲ႔ ေဆာင္းပါးရွင္ မဟုတ္ပါဘူး။ သူဟာ သင္ေႂကြေစခ်င္ေနတဲ႔ ေကာင္မေလးတစ္ေယာက္ပါ။ လက္ရွိသူမ ဘ၀မွာ ျဖစ္ပ်က္ေနတာ ေတြနဲ႔ပတ္သက္ျပီး စိတ္၀င္တစား ရွိေၾကာင္းျပတဲ႔ စကားမ်ိဳးေတြလဲ ေျပာေပးပါ။ သူ႔မိဘေတြအေၾကာင္း၊ သူ႔အလုပ္အကိုင္ အေၾကာင္းေတြကို ေနာက္မွေမးပါ။ အဲ႔ဒီ႔ေနာက္မွာေတာ႕ သူစိတ္ေက်နပ္မယ္႔ စကားလမ္းေၾကာင္းကို သူ႔ဟာသူ ဆက္ခင္းသြားပါလိမ္႔မယ္။ သင္႔ အရင္ေကာင္မေလး အေၾကာင္းကို လံုး၀မေျပာမိပါေစနဲ႔။ လံုး၀ ကန္႔သတ္ခ်က္ပါ။

၃။ စိတ္ပါ၀င္စားမႈကို ျပပါ။

သူအခုလက္ရွိ ျဖစ္ေနတဲ႔ ဘ၀အေၾကာင္းကို စိတ္ပါ၀င္စားမႈ ရွိေၾကာင္းျပပါ။ သူ႔မိဘေတြအေၾကာင္း၊ သူ႔အလုပ္အကိုင္ အေၾကာင္းေတြကို ေနာက္မွေမးပါ။ အဲ႔ဒီ႔ေနာက္မွာေတာ႕ သူစိတ္ေက်နပ္မယ္႔ စကားလမ္းေၾကာင္းကို သူ႔ဟာသူ ဆက္ခင္းသြားပါလိမ္႔မယ္။

၄။ ပ်ားသကာလိုခ်ိဳခ်ိဳ စကားကို ေျပာပါ။

သင္သာ ဖုန္းထဲမွာ စကားကို ညွင္ညွင္သာသာနဲ႔ ခ်ိဳခ်ိဳ ေျပာႏိုင္ရင္ သူက ေႂကြေကာင္းေႂကြလာႏိုင္ပါတယ္။ စကားကို  ေဒါသတၾကီးနဲ႔ မေျပာမိပါေစနဲ႔။ သူ႔ကိုခ်စ္တဲ႔စိတ္ကို သာ လႊမ္းမိုးထားေစျပီး အဲ႔ဒီ႔ခ်စ္စိတ္နဲ႔သာ စကားေျပာပါ။

၅။ မလိမ္ပါနဲ႔။

သင္ လိမ္ေျပာခ်င္စိတ္ ျဖစ္ေကာင္းျဖစ္မိ ပါလိမ္႔မယ္။ ဖုန္းေျပာေနတုန္း ရုပ္ရွင္ရိုက္မယ္(လုပ္ၾကံဇာတ္ခင္း)၊ ေရွ႕ေနာက္မညီတဲ႔ စကားမ်ိဳးေတြ ေျပာမယ္ဆိုရင္ တစ္ခုခုေတာ႔ မွားေနျပီဆိုတာ သူသိလိုက္မွာပါ။ သင္႔ရည္ရြယ္ရင္းေတြ အေပၚ သူမက သံသယ၀င္လာျပီ၊ ဒါမွမဟုတ္ သင္႔အေပၚ ယံုၾကည္စိတ္ ကင္းမဲ႔လာျပီ ဆိုရင္ေတာ႔ အဆင္းဘီးတပ္ဆင္း သလိုပဲ ျဖစ္ေတာ႔မွာပါ။

၆။ အာရံုစိုက္ နားေထာင္တတ္သူေကာင္း တစ္ေယာက္ ျဖစ္ပါေစ။

သူေျပာတဲ႔ အေၾကာင္းအရာေတြကို နားမေထာင္ဘူးဆိုရင္ေတာ႔ အခ်ိန္ေတြ ျဖဳန္းတာနဲ႔ အတူတူပါပဲ။ သူ႔ရဲ႕ေျပာစကားေတြကို ရာႏႈန္းျပည္႔ အာရံုစိုက္နားေထာင္ပါ။

၇။ ႏွစ္ေယာက္ စလံုး စိတ္၀င္စားမယ္႔ အေၾကာင္းေတြကို ေျပာပါ။

သူစိတ္မ၀င္စားတဲ႔ အေၾကာင္းေတြကို ေျပာေနရင္ သူမ ပ်င္းလာပါလိမ္႔မယ္။ အဲ႔ဒီ႔အတြက္ ႏွစ္ေယာက္စလံုး စိတ္၀င္စားမယ္႔ အေၾကာင္းအရာေတြကို ေရြးေျပာပါ။

၈။ (တတ္ႏိုင္မယ္ဆိုရင္) သီခ်င္းဆိုျပပါ။

ဒီအခ်က္နဲ႔ ပတ္သက္လို႔ သင္႔အတြက္ အဆန္းျဖစ္ေကာင္းျဖစ္ေနပါလိမ္႔မယ္။ ဒါေပမယ္႔ ၾကိဳးစားၾကည္႔ သင္႔ပါတယ္။ သင္သာ အသံေကာင္းမယ္ဆိုရင္ ဖုန္းထဲကေန သီခ်င္းဆိုျပ သင္႔ပါတယ္။ ျဖစ္ႏိုင္မယ္ဆိုရင္ ဂီတာေလးတီးျပီးေတာ႔ေပါ႔။ ဖုန္းထဲကေန ေႂကြသြားမွာ ညြတ္လာမွာ အေသအခ်ာပါပဲ။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင်နဲ့ ကောင်မလေး မြင်ဖူးကြမယ်၊ ဆုံဖူးကြမယ်၊ အဲ့ဒီနောက် သူ့ကို ကြိုက်မိမယ်၊ အဲ့ဒီ့ကတဆင့် ကောင်မလေး ကို ကြွေစေချင်လာလိမ့်မယ်။ ဒါတွေက သင်ဖြစ်နေနိုင်တဲ့ စိတ်အခြေအနေတွေပါ။ ဟုတ်တယ် ဆိုရင်တော့ ဆက်ဖတ်ပေါ့။ ကောင်မလေး ကြွေလာအောင် လုပ်တဲ့နေရာမှာ ကြိုးစားဖို့လိုတယ်။ လူကိုယ်တိုင်တွေ့ပြီး ဆွယ်နိုင်ရမယ်။ အဲ့ဒီ့တော့် ဖုန်းနဲ့စကားပြောရတဲ့ အဆင့်ကတည်းက တစ်ဝက်လောက် သေချာနေဖို့လိုတယ်။ ဖုန်းထဲမှာ သူရဲ့အမူအရာတွေ၊ စိတ်အခြေအနေတွေကို သေချာမသိနိုင်ပေမယ့် သူရဲ့လေသံ ကိုတော့ ခံစားကြည့်လို့ရနိုင်ပါတယ်။ အဲ့ဒီ့ လေသံကိုခွဲခြားသိရှိပြီး ဖုန်းပြောတဲ့အခါ သူမစိတ်ကျေနပ်မှုရှိအောင် ပြောပေးရမှာပါ။

၁။ ဖုန်းခေါ်ရမယ့် အချိန်ကောင်းကိုသိအောင်လုပ်ပါ။

တစ်နေ့တာ အတွင်းမှာ အဆင်ပြေရင်ပြေသလို ဖုန်းမခေါ်ပါနဲ့။ တစ်နေ့ကို အကြိမ် ၂၀ လောက်လည်း ဖုန်းမဆက်ပါနဲ့။ သူ့ကိုဘယ်အချိန်မှာ ဖုန်းခေါ်ရင် အဆင်ပြေတယ်ဆိုတာကို သိထားအောင်လုပ်ပါ။ နေ့လည်စာစားတဲ့အချိန်၊ အလုပ်ကနေ အိမ်ကိုပြန်လာတဲ့အချိန်၊ ဒါမှမဟုတ် ညနက်မှ ခေါ်တာမျိုးပေါ့။ ဘယ်အချိန်မှာ ဖုန်းခေါ်ရင် အဆင်ပြေတယ်ဆိုတာသိပြီဆိုရင်တော့ စကားဦးလမ်းကြောင်းတဲ့ဖို့သာ စဉ်းစားပေတော့။

၂။ ဘာပြောရမယ်ဆိုတာ သိပါ။

ကောင်မလေးနဲ့ ဖုန်းပြောတဲ့အခါ ဘာမဟုတ်တဲ့ အကြောင်းအရာတွေ ပြောနေမယ်၊ အီနေမယ် ဆိုတာ သိပါတယ်။ အဲ့ဒီ့လိုတွေ လဲပြောသင့်သလို အလုပ်အကြောင်း၊ အလုပ်မှာ ဘယ်လောက်အခက်တွေ့တယ် ဆိုတဲ့ အကြောင်းတွေကို ဘယ်တော့မှ မပြောပါနဲ့။ သူက သောကတက်စာ တွေကို ပြန်ရတဲ့ ဆောင်းပါးရှင် မဟုတ်ပါဘူး။ သူဟာ သင်ကြွေစေချင်နေတဲ့ ကောင်မလေးတစ်ယောက်ပါ။ လက်ရှိသူမ ဘဝမှာ ဖြစ်ပျက်နေတာ တွေနဲ့ပတ်သက်ပြီး စိတ်ဝင်တစား ရှိကြောင်းပြတဲ့ စကားမျိုးတွေလဲ ပြောပေးပါ။ သူ့မိဘတွေအကြောင်း၊ သူ့အလုပ်အကိုင် အကြောင်းတွေကို နောက်မှမေးပါ။ အဲ့ဒီ့နောက်မှာတော့ သူစိတ်ကျေနပ်မယ့် စကားလမ်းကြောင်းကို သူ့ဟာသူ ဆက်ခင်းသွားပါလိမ့်မယ်။ သင့် အရင်ကောင်မလေး အကြောင်းကို လုံးဝမပြောမိပါစေနဲ့။ လုံး၀ ကန့်သတ်ချက်ပါ။

၃။ စိတ်ပါဝင်စားမှုကို ပြပါ။

သူအခုလက်ရှိ ဖြစ်နေတဲ့ ဘဝအကြောင်းကို စိတ်ပါဝင်စားမှု ရှိကြောင်းပြပါ။ သူ့မိဘတွေအကြောင်း၊ သူ့အလုပ်အကိုင် အကြောင်းတွေကို နောက်မှမေးပါ။ အဲ့ဒီ့နောက်မှာတော့ သူစိတ်ကျေနပ်မယ့် စကားလမ်းကြောင်းကို သူ့ဟာသူ ဆက်ခင်းသွားပါလိမ့်မယ်။

၄။ ပျားသကာလိုချိုချို စကားကို ပြောပါ။

သင်သာ ဖုန်းထဲမှာ စကားကို ညှင်ညှင်သာသာနဲ့ ချိုချို ပြောနိုင်ရင် သူက ကြွေကောင်းကြွေလာနိုင်ပါတယ်။ စကားကို  ဒေါသတကြီးနဲ့ မပြောမိပါစေနဲ့။ သူ့ကိုချစ်တဲ့စိတ်ကို သာ လွှမ်းမိုးထားစေပြီး အဲ့ဒီ့ချစ်စိတ်နဲ့သာ စကားပြောပါ။

၅။ မလိမ်ပါနဲ့။

သင် လိမ်ပြောချင်စိတ် ဖြစ်ကောင်းဖြစ်မိ ပါလိမ့်မယ်။ ဖုန်းပြောနေတုန်း ရုပ်ရှင်ရိုက်မယ်(လုပ်ကြံဇာတ်ခင်း)၊ ရှေ့နောက်မညီတဲ့ စကားမျိုးတွေ ပြောမယ်ဆိုရင် တစ်ခုခုတော့ မှားနေပြီဆိုတာ သူသိလိုက်မှာပါ။ သင့်ရည်ရွယ်ရင်းတွေ အပေါ် သူမက သံသယဝင်လာပြီ၊ ဒါမှမဟုတ် သင့်အပေါ် ယုံကြည်စိတ် ကင်းမဲ့လာပြီ ဆိုရင်တော့ အဆင်းဘီးတပ်ဆင်း သလိုပဲ ဖြစ်တော့မှာပါ။

၆။ အာရုံစိုက် နားထောင်တတ်သူကောင်း တစ်ယောက် ဖြစ်ပါစေ။

သူပြောတဲ့ အကြောင်းအရာတွေကို နားမထောင်ဘူးဆိုရင်တော့ အချိန်တွေ ဖြုန်းတာနဲ့ အတူတူပါပဲ။ သူ့ရဲ့ပြောစကားတွေကို ရာနှုန်းပြည့် အာရုံစိုက်နားထောင်ပါ။

၇။ နှစ်ယောက် စလုံး စိတ်ဝင်စားမယ့် အကြောင်းတွေကို ပြောပါ။

သူစိတ်မဝင်စားတဲ့ အကြောင်းတွေကို ပြောနေရင် သူမ ပျင်းလာပါလိမ့်မယ်။ အဲ့ဒီ့အတွက် နှစ်ယောက်စလုံး စိတ်ဝင်စားမယ့် အကြောင်းအရာတွေကို ရွေးပြောပါ။

၈။ (တတ်နိုင်မယ်ဆိုရင်) သီချင်းဆိုပြပါ။

ဒီအချက်နဲ့ ပတ်သက်လို့ သင့်အတွက် အဆန်းဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ကြိုးစားကြည့် သင့်ပါတယ်။ သင်သာ အသံကောင်းမယ်ဆိုရင် ဖုန်းထဲကနေ သီချင်းဆိုပြ သင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဂီတာလေးတီးပြီးတော့ပေါ့။ ဖုန်းထဲကနေ ကြွေသွားမှာ ညွတ်လာမှာ အသေအချာပါပဲ။

Credit:Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top