iMyanmarHouse.com - Best Property Website for Myanmar
×

ေကာ္ဖီေသာက္တာက သန္႔စင္ခန္းသြားခ်င္ေအာင္ ေစ့ေဆာ္ေပးပါသလား။ သိျပီးတဲ့အတုိင္း ေကာ္ဖီက ဆီးရႊင္ေစပါတယ္။ ခႏၶာကိုယ္ကို အညစ္အေၾကးပိုစြန္႔ေစတဲ့ သေဘာျဖစ္ပါတယ္။ ေကာ္ဖီက တခ်ဳိ႕ကို အညစ္အေၾကးစြန္႔ေစျပီး တျခားသူေတြက်ေတာ့ ဝမ္းသြားေအာင္ တြန္းအားေပးတတ္ပါတယ္။

ဒီေတာ့ ေကာ္ဖီက တကယ္အညစ္အေၾကးစြန္႔ခ်င္စိတ္ျဖစ္ေစသလား။

ေကာ္ဖီက တခ်ဳိ႕ကို အေလာတၾကီး သန္႔စင္ခန္းေျပးခ်င္ေဇာ ျဖစ္ေစႏုိင္ပါတယ္။ တခ်ဳိ႕အတြက္ေတာ့ မစင္စြန္႔မႈ ပိုမိုညင္သာေစပါတယ္။ အမွန္ေတာ့ ဒါဟာ လူတစ္ေယာက္ရဲ႕ ဇီဝျဖစ္စဥ္ေပၚမွာပဲ မူတည္ပါတယ္။ ေကာ္ဖီက လူ ၂၉ ရာခုိင္ႏႈန္းကိုသာ ေသာက္ျပီးျပီးခ်င္း မစင္စြန္႔ခ်င္စိတ္ျဖစ္ေစတယ္လုိ႔ ေလ့လာမႈတစ္ခုအရ သိရပါတယ္။

ဘာေၾကာင့္လဲ

ကဖိန္းဓာတ္က အူမၾကြက္သားေတြ ႏိုးၾကြေစျပီး က်င္ၾကီးစြန္႔ အူမကို က်ဳံ႕ေစပါတယ္။ ဒါ ထမင္းစားတာနဲ႔ အေတာ္ဆင္တူပါတယ္။ ေကာ္ဖီက က်င္ငယ္စြန္႔ေစႏုိင္ေပမယ့္ တျခားအရာေတြကို အက်ဳိးမသက္ေရာက္ေစႏုိင္ပါဘူး။ အထူးသျဖင့္ ေကာ္ဖီမွာ သၾကားမ်ားတယ္ဆုိရင္ ဒါက ဝမ္းေလွ်ာေစႏုိင္ပါတယ္။

တခ်ဳိ႕လူေတြ သူတို႔ကိုယ္တုိင္ ႏုိ႔သၾကားနဲ ႔မတည့္သူလားဆုိတာ ေသခ်ာမသိဘဲ အစာအိမ္ျပသနာျဖစ္တာဟာ ေကာ္ဖီမွာပါတဲ့ ႏုိ႔ေၾကာင့္မဟုတ္ဘဲ ေကာ္ဖီမႈန္႔ေတြေၾကာင့္လုိ႔ ယူဆတတ္ၾကပါတယ္။ အေျဖသိေအာင္ ႏုိ႔ထြက္ပစၥည္းကင္းတဲ့ ေကာ္ဖီကို ေသာက္ၾကည့္ပါ။

ေကာ္ဖီမွာပါတဲ့ အက္ဆစ္ေတြေၾကာင့္ အစာအိမ္မွာ တစ္မ်ဳိးခံစားရႏုိင္ပါတယ္။ ဒါေပမယ့္ ေကာ္ဖီေသာက္တာက အစာအိမ္ကသိကေအာက္ျဖစ္ျခင္းစတဲ့ ေရာဂါအေျခအေနျဖစ္ပြားျခင္းနဲ႔ မသက္ဆုိင္တာမို႔ စိုးရိမ္ဖုိ႔ မလုိပါဘူး။ တကယ္ေတာ့ ေကာ္ဖီဟာ  အူမၾကီးကင္ဆာေရာဂါအႏၱရာယ္ေလွ်ာ့နည္းေစတယ္လုိ႔ ေဖာ္ျပထားပါတယ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

ကော်ဖီသောက်တာက သန့်စင်ခန်းသွားချင်အောင် စေ့ဆော်ပေးပါသလား။ သိပြီးတဲ့အတိုင်း ကော်ဖီက ဆီးရွှင်စေပါတယ်။ ခန္ဓာကိုယ်ကို အညစ်အကြေးပိုစွန့်စေတဲ့ သဘောဖြစ်ပါတယ်။ ကော်ဖီက တချို့ကို အညစ်အကြေးစွန့်စေပြီး တခြားသူတွေကျတော့ ဝမ်းသွားအောင် တွန်းအားပေးတတ်ပါတယ်။

ဒီတော့ ကော်ဖီက တကယ်အညစ်အကြေးစွန့်ချင်စိတ်ဖြစ်စေသလား။

ကော်ဖီက တချို့ကို အလောတကြီး သန့်စင်ခန်းပြေးချင်ဇော ဖြစ်စေနိုင်ပါတယ်။ တချို့အတွက်တော့ မစင်စွန့်မှု ပိုမိုညင်သာစေပါတယ်။ အမှန်တော့ ဒါဟာ လူတစ်ယောက်ရဲ့ ဇီဝဖြစ်စဉ်ပေါ်မှာပဲ မူတည်ပါတယ်။ ကော်ဖီက လူ ၂၉ ရာခိုင်နှုန်းကိုသာ သောက်ပြီးပြီးချင်း မစင်စွန့်ချင်စိတ်ဖြစ်စေတယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

ဘာကြောင့်လဲ

ကဖိန်းဓာတ်က အူမကြွက်သားတွေ နိုးကြွစေပြီး ကျင်ကြီးစွန့် အူမကို ကျုံ့စေပါတယ်။ ဒါ ထမင်းစားတာနဲ့ အတော်ဆင်တူပါတယ်။ ကော်ဖီက ကျင်ငယ်စွန့်စေနိုင်ပေမယ့် တခြားအရာတွေကို အကျိုးမသက်ရောက်စေနိုင်ပါဘူး။ အထူးသဖြင့် ကော်ဖီမှာ သကြားများတယ်ဆိုရင် ဒါက ဝမ်းလျှောစေနိုင်ပါတယ်။

တချို့လူတွေ သူတို့ကိုယ်တိုင် နို့သကြားနဲ့မတည့်သူလားဆိုတာ သေချာမသိဘဲ အစာအိမ်ပြသနာဖြစ်တာဟာ ကော်ဖီမှာပါတဲ့ နို့ကြောင့်မဟုတ်ဘဲ ကော်ဖီမှုန့်တွေကြောင့်လို့ ယူဆတတ်ကြပါတယ်။ အဖြေသိအောင် နို့ထွက်ပစ္စည်းကင်းတဲ့ ကော်ဖီကို သောက်ကြည့်ပါ။

ကော်ဖီမှာပါတဲ့ အက်ဆစ်တွေကြောင့် အစာအိမ်မှာ တစ်မျိုးခံစားရနိုင်ပါတယ်။ ဒါပေမယ့် ကော်ဖီသောက်တာက အစာအိမ်ကသိကအောက်ဖြစ်ခြင်းစတဲ့ ရောဂါအခြေအနေဖြစ်ပွားခြင်းနဲ့ မသက်ဆိုင်တာမို့ စိုးရိမ်ဖို့ မလိုပါဘူး။ တကယ်တော့ ကော်ဖီဟာ  အူမကြီးကင်ဆာရောဂါအန္တရာယ်လျှော့နည်းစေတယ်လို့ ဖော်ပြထားပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top