iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ခ်စ္သူပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ ကုိယ့္ကိုခ်စ္ခြင့္ပန္ထားတဲ့ ေကာင္ေလးတစ္ေယာက္ကပဲျဖစ္ျဖစ္ ကုိယ့္ကိုေၾကြေနတဲ့အေၾကာင္း နည္းမ်ိဳးစံုနဲ႔ ျပသေလ့ရွိပါတယ္။ တစ္ခ်ိဳ႕က လုပ္ဇာတ္ေတြခင္းထားတဲ့ပံု သိသာပါတယ္။ တစ္ခ်ိဳ႕က်ေတာ့လည္း သူတုိ႔ရဲ႕ အမူအရာ၊ ေျပာပံုဆိုပံုေတြကအစ ကိုယ့္ကိုေၾကြေနမွန္း သိပ္သိသာေနတာမ်ိဳးလည္း ရွိပါတယ္။ ဘယ္လိုအခ်က္ေတြက ကိုယ့္ကိုေၾကြေနမွန္း သိသာေစသလဲဆိုေတာ့

၁။တစ္ခါတစ္ေလ အဲ့ဒီေကာင္ေလးရဲ႕ အျပဳအမူေတြက ရူးေၾကာင္ေၾကာင္ႏိုင္ေနတယ္။ တစ္ျခားသူေတြနဲ႔ဆို အဲ့ဒီလို မဟုတ္ေပမယ့္ ကိုယ္နဲ႔ဆို သူလုပ္ရပ္ေတြက ရူးေၾကာင္ေၾကာင္ျဖစ္ေနမယ္။ အဲ့ဒါကိုက သူမင္းကို အရူးအမူးျဖစ္ေနတယ္ဆိုတာ သိသာေစတာပါပဲ။

၂။သူမ်ားကို မေျပာဖူးတဲ့ အေၾကာင္းအရာေတြ ကိုယ့္ကိုဖြင့္ဟလာၿပီဆိုရင္လည္း ကိုယ္ကသူ႕အတြက္ ဘယ္ေလာက္အေရးပါေနသလဲဆိုတာ ျပတဲ့သေဘာပါပဲ။

၃။တစ္ခါတစ္ေလ ႀကံဳဖူးႏိုင္တဲ့ အျဖစ္အပ်က္ေလးပါ။ သူနဲ႔ကိုယ္ အတူတူရွိေနခ်ိန္ ကိုယ္က တျခားတစ္ဖက္ကို ေငးေနတုန္း ကိုယ့္ဆံပင္ေလးကို ခိုးနမ္းလိုက္တာမ်ိဳး၊ ဒီလို အျပဳအမူက သူမေနႏိုင္ေလာက္ေအာင္ ခ်စ္ေနၿပီဆိုတဲ့ အဓိပၸါယ္ပါ။

၄။ကိုယ့္မိသားစု၀င္ေတြနဲ႔ ရင္းႏွီးေအာင္ သူႀကိဳးစားေနၿပီဆုိရင္လည္း သူဘယ္ေလာက္ကိုယ့္ကို အေလးထားေနသလဲ ဆိုတာ သိသာေစတာပါပဲ။

၅။သူနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာတိုင္း ကိုယ့္ကို သိေစခ်င္ေနတာမ်ိဳးကလည္း သူကိုယ့္ကို ေတာ္ေတာ္ေၾကြေနလုိ႔ပါ။

၆။အေရးပါတဲ့ ဆံုးျဖတ္ခ်က္တိုင္းမွာ ကိုယ့္ကိုထည့္တြက္ေပးတာမ်ိဳးကလည္း သူကိုယ့္ကို အေလးထားတယ္ဆိုတဲ့ အေၾကာင္း ထင္သာျမင္သာရွိေစပါတယ္။ ဥပမာ သူအလုပ္အသစ္ရွာတာ၊ ဒါမွမဟုတ္ သူအိမ္ေျပာင္းတာမ်ိဳးေတြမွာ ကိုယ္ကေတာ့ ဘယ္မွာေနလို႔ သူက ဘယ္ေနရာမွာေနမယ္၊ ကိုယ့္အလုပ္က ဒါျဖစ္ေနလို႔ သူလည္း ဘယ္လိုေလးဆို အဆင္ေျပမယ္ စသျဖင့္ေပါ့။

၇။ကုိယ့္ဘက္မွာ အၿမဲရပ္တည္ေပးမယ္။ ကုိယ္မွားေနရင္ေတာင္ ကိုယ့္ဘက္ကပဲ ရွိေနေပးတဲ့သူမ်ိဳးဟာ ကိုယ့္ကို ဘယ္ေလာက္ခ်စ္ေနသလဲဆိုတာ စဥ္းစားစရာေတာင္ မလိုပါဘူး။

၈။ကိုယ့္ကိုခ်စ္တဲ့အေၾကာင္း မရွက္မေၾကာက္ေျပာေနျခင္းမ်ိဳးကလည္း သူတကယ္ကို စိတ္ပါေနလို႔ပါ။ ေသခ်ာေအာင္ေတာ့ ခ်စ္စကားေတြ ေျပာေနတဲ့အခ်ိန္ သူ႔မ်က္ႏွာရိပ္ မ်က္ႏွာကဲကို ၾကည့္တတ္ရမွာေပါ့။

၉။ကိုယ္စိတ္တုိ၊ စိတ္ပူရတဲ့ အေၾကာင္းအရာေတြဆုိ သူကေတာင္ ပိုစိတ္တိုေနတတ္တာမ်ိဳးကလည္း သူကိုယ့္ကို ခ်စ္လုိ႔၊ စိတ္ပူလို႔ပါ။

၁၀။ဘယ္လိုအေၾကာင္းအရာေၾကာင့္ ျဖစ္ျဖစ္ ကိုယ့္ကို ေပ်ာ္ရႊင္ေအာင္ သူ႕နည္းသူဟန္နဲ႔ ႀကိဳးစားျခင္းမ်ိဳးကလည္း သူကိုယ့္ကို ေၾကြေနလို႔ပါပဲ။ ကိုယ္ကၿပိဳင္ပြဲတစ္ခုခုရွိေနတယ္ ဆိုပါစို႔။ သူ႕အလုပ္မွာလည္း သူမရွိလို႔ မျဖစ္တဲ့အေရးႀကီးကိစၥ ေဆာင္ရြက္စရာရွိေနလို႔ သူကိုယ့္ဆီကို မလာႏိုင္ေပမယ့္ အလုပ္ၿပီးသြားတာနဲ႔ ကိုယ့္အိမ္တန္းသြားၿပီး ႏွစ္ေယာက္သားစားဖုိ႔ ခ်က္ျပဳတ္ကာ ကိုယ့္ကိုေစာင့္ေနတာမ်ိဳးေပါ့။ ဒါ ခ်စ္စရာလည္း ေကာင္းပါတယ္။

Credit: Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ့်ချစ်သူပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ့်ကိုချစ်ခွင့်ပန်ထားတဲ့ ကောင်လေးတစ်ယောက်ကပဲဖြစ်ဖြစ် ကိုယ့်ကိုကြွေနေတဲ့အကြောင်း နည်းမျိုးစုံနဲ့ ပြသလေ့ရှိပါတယ်။ တစ်ချို့က လုပ်ဇာတ်တွေခင်းထားတဲ့ပုံ သိသာပါတယ်။ တစ်ချို့ကျတော့လည်း သူတို့ရဲ့ အမူအရာ၊ ပြောပုံဆိုပုံတွေကအစ ကိုယ့်ကိုကြွေနေမှန်း သိပ်သိသာနေတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုအချက်တွေက ကိုယ့်ကိုကြွေနေမှန်း သိသာစေသလဲဆိုတော့

၁။တစ်ခါတစ်လေ အဲ့ဒီကောင်လေးရဲ့ အပြုအမူတွေက ရူးကြောင်ကြောင်နိုင်နေတယ်။ တစ်ခြားသူတွေနဲ့ဆို အဲ့ဒီလို မဟုတ်ပေမယ့် ကိုယ်နဲ့ဆို သူလုပ်ရပ်တွေက ရူးကြောင်ကြောင်ဖြစ်နေမယ်။ အဲ့ဒါကိုက သူမင်းကို အရူးအမူးဖြစ်နေတယ်ဆိုတာ သိသာစေတာပါပဲ။

၂။သူများကို မပြောဖူးတဲ့ အကြောင်းအရာတွေ ကိုယ့်ကိုဖွင့်ဟလာပြီဆိုရင်လည်း ကိုယ်ကသူ့အတွက် ဘယ်လောက်အရေးပါနေသလဲဆိုတာ ပြတဲ့သဘောပါပဲ။

၃။တစ်ခါတစ်လေ ကြုံဖူးနိုင်တဲ့ အဖြစ်အပျက်လေးပါ။ သူနဲ့ကိုယ် အတူတူရှိနေချိန် ကိုယ်က တခြားတစ်ဖက်ကို ငေးနေတုန်း ကိုယ့်ဆံပင်လေးကို ခိုးနမ်းလိုက်တာမျိုး၊ ဒီလို အပြုအမူက သူမနေနိုင်လောက်အောင် ချစ်နေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။

၄။ကိုယ့်မိသားစုဝင်တွေနဲ့ ရင်းနှီးအောင် သူကြိုးစားနေပြီဆိုရင်လည်း သူဘယ်လောက်ကိုယ့်ကို အလေးထားနေသလဲ ဆိုတာ သိသာစေတာပါပဲ။

၅။သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတိုင်း ကိုယ့်ကို သိစေချင်နေတာမျိုးကလည်း သူကိုယ့်ကို တော်တော်ကြွေနေလို့ပါ။

၆။အရေးပါတဲ့ ဆုံးဖြတ်ချက်တိုင်းမှာ ကိုယ့်ကိုထည့်တွက်ပေးတာမျိုးကလည်း သူကိုယ့်ကို အလေးထားတယ်ဆိုတဲ့ အကြောင်း ထင်သာမြင်သာရှိစေပါတယ်။ ဥပမာ သူအလုပ်အသစ်ရှာတာ၊ ဒါမှမဟုတ် သူအိမ်ပြောင်းတာမျိုးတွေမှာ ကိုယ်ကတော့ ဘယ်မှာနေလို့ သူက ဘယ်နေရာမှာနေမယ်၊ ကိုယ့်အလုပ်က ဒါဖြစ်နေလို့ သူလည်း ဘယ်လိုလေးဆို အဆင်ပြေမယ် စသဖြင့်ပေါ့။

၇။ကိုယ့်ဘက်မှာ အမြဲရပ်တည်ပေးမယ်။ ကိုယ်မှားနေရင်တောင် ကိုယ့်ဘက်ကပဲ ရှိနေပေးတဲ့သူမျိုးဟာ ကိုယ့်ကို ဘယ်လောက်ချစ်နေသလဲဆိုတာ စဉ်းစားစရာတောင် မလိုပါဘူး။

၈။ကိုယ့်ကိုချစ်တဲ့အကြောင်း မရှက်မကြောက်ပြောနေခြင်းမျိုးကလည်း သူတကယ်ကို စိတ်ပါနေလို့ပါ။ သေချာအောင်တော့ ချစ်စကားတွေ ပြောနေတဲ့အချိန် သူ့မျက်နှာရိပ် မျက်နှာကဲကို ကြည့်တတ်ရမှာပေါ့။

၉။ကိုယ်စိတ်တို၊ စိတ်ပူရတဲ့ အကြောင်းအရာတွေဆို သူကတောင် ပိုစိတ်တိုနေတတ်တာမျိုးကလည်း သူကိုယ့်ကို ချစ်လို့၊ စိတ်ပူလို့ပါ။

၁၀။ဘယ်လိုအကြောင်းအရာကြောင့် ဖြစ်ဖြစ် ကိုယ့်ကို ပျော်ရွှင်အောင် သူ့နည်းသူဟန်နဲ့ ကြိုးစားခြင်းမျိုးကလည်း သူကိုယ့်ကို ကြွေနေလို့ပါပဲ။ ကိုယ်ကပြိုင်ပွဲတစ်ခုခုရှိနေတယ် ဆိုပါစို့။ သူ့အလုပ်မှာလည်း သူမရှိလို့ မဖြစ်တဲ့အရေးကြီးကိစ္စ ဆောင်ရွက်စရာရှိနေလို့ သူကိုယ့်ဆီကို မလာနိုင်ပေမယ့် အလုပ်ပြီးသွားတာနဲ့ ကိုယ့်အိမ်တန်းသွားပြီး နှစ်ယောက်သားစားဖို့ ချက်ပြုတ်ကာ ကိုယ့်ကိုစောင့်နေတာမျိုးပေါ့။ ဒါ ချစ်စရာလည်း ကောင်းပါတယ်။


Credit: Trend Myanmar




ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top