iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားေတြဟာ ခ်စ္စရာေကာင္းတဲ့ ေကာင္မေလး၊ ဒါမွမဟုတ္ ခပ္ေဟာ့ေဟာ့ ေကာင္မေလးေတြကို မ်က္စိက်ြတ္ထြက္မတတ္ လိုက္ငမ္းတာမ်ိဳး သင္ျမင္ေတြ႕ဖူးပါလိမ့္မယ္။  ေယာက်ၤားေတြဟာ ငယ္ရြယ္ႏုပ်ိဳ ျပီး လွပတဲ့မိန္းကေလးေတြဆို မၾကည့္ပဲကို မေနႏိုင္ၾကပါဘူး။ ဒီလိုေျပာလို တခ်ိဳ႕ေယာက်ၤားေတြက ဒီလို မဟုတ္ပါဘူးလုိ႕ ျငင္းေကာင္းျငင္းၾကပါဦးမယ္။ ခုနေျပာသေလာက္ မဟုတ္ေတာင္ နည္းနည္းေတာင္ ဖမ္းျပီးၾကည့္လိုက္ၾကတာခ်ည္းပါပဲ။ ဒါကို အျပစ္သြားေျပာလို႕လည္း မရပါဘူး။ ဘာလုိ႕လည္းဆုိေတာ့ သူတုိ႕က ေယာက်ၤားေတြကိုး။ ခုေျပာျပေပးမွာက မၾကာေသးမီက Northwestern တကၠသိုလ္က ထုတ္ျပန္လိုက္တဲ့ ေလ့လာခ်က္တစ္ခုရဲ႕ အေျဖကိုပါ။

အမ်ိဳးသားေတြဟာ သိပ္ေခ်ာ သိပ္လွေနတဲ့ အမ်ိဳးသမီး၊ မိန္းကေလးေတြထက္ ဥာဏ္ပညာထက္ျမက္ထူးခ်ြန္တဲ့ အမ်ိဳးသမီး၊ မိန္းကေလးေတြကိုသာ ပိုစိတ္၀င္စားလာၾကပါတယ္တဲ့။ ခုေနာက္ပုိင္း အမ်ိဳးသားနဲ႕ အမ်ိဳးသမီးတန္းတူ အခြင့္အေရးကို ေတာင္းဆုိလာၾကတာနဲ႕ ပတ္သက္ျပီးေတာ့လည္း ခုလို အေျခအေနေတြ ပိုမို ေျပာင္းလဲလာရျခင္း ျဖစ္တဲ့အျပင္ အမ်ိဳးသမီးေတြဟာ အရင္ထက္စာရင္ အိမ္အျပင္ထြက္ အလုပ္လုပ္လာၾကတာလည္း ပါတယ္လို႕ သိရပါတယ္။  ဒါဟာ ေရရွည္ ကိုယ့္အက်ိဳးအတြက္ ေတြးေတာဆင္ျခင္ျပီး အမ်ိဳးသားေတြဟာ ခုလို စိတ္၀င္စားတဲ့ ပံုစံေျပာင္းလာသလားလုိ႕ေတာင္ ထင္ရပါတယ္။

ေနာက္ထပ္ Alice Eagly က ထုတ္ျပန္တဲ့ ေလ့လာခ်က္အေျဖအရေတာ့ အမ်ိဳးသားေတြဟာ သူတုိ႕အတြက္ ကုန္က်စရိတ္အနည္းဆံုးနဲ႕ အက်ိဳးေက်းဇူး ခပ္မ်ားမ်ားရမယ့္ လက္တြဲေဖာ္ကို ရွာေဖြလာၾကပါတယ္တဲ့။ ဒိတ္လုပ္တဲ့အခါ ဒီအခ်က္ ေျပာင္းလဲလာတာကို ေလ့လာခ်က္ေတြအရ ေထာက္ျပထားသလို ဘ၀ရည္မွန္းခ်က္ပန္းတုိင္နဲ႕ ပတ္သက္ျပီးေတာ့ပါ ကိုယ့္လက္တြဲေဖာ္ကို အေျခအေနတစ္ခုေရာက္ေအာင္ ဆြဲေခၚသြားလိုေၾကာင္းလည္း ေဖာ္ျပထားပါေသးတယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသားတွေဟာ ချစ်စရာကောင်းတဲ့ ကောင်မလေး၊ ဒါမှမဟုတ် ခပ်ဟော့ဟော့ ကောင်မလေးတွေကို မျက်စိကျွတ်ထွက်မတတ် လိုက်ငမ်းတာမျိုး သင်မြင်တွေ့ဖူးပါလိမ့်မယ်။  ယောကျၤားတွေဟာ ငယ်ရွယ်နုပျို ပြီး လှပတဲ့မိန်းကလေးတွေဆို မကြည့်ပဲကို မနေနိုင်ကြပါဘူး။ ဒီလိုပြောလို တချို့ယောကျၤားတွေက ဒီလို မဟုတ်ပါဘူးလို့ ငြင်းကောင်းငြင်းကြပါဦးမယ်။ ခုနပြောသလောက် မဟုတ်တောင် နည်းနည်းတောင် ဖမ်းပြီးကြည့်လိုက်ကြတာချည်းပါပဲ။ ဒါကို အပြစ်သွားပြောလို့လည်း မရပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့က ယောကျၤားတွေကိုး။ ခုပြောပြပေးမှာက မကြာသေးမီက Northwestern တက္ကသိုလ်က ထုတ်ပြန်လိုက်တဲ့ လေ့လာချက်တစ်ခုရဲ့ အဖြေကိုပါ။

အမျိုးသားတွေဟာ သိပ်ချော သိပ်လှနေတဲ့ အမျိုးသမီး၊ မိန်းကလေးတွေထက် ဉာဏ်ပညာထက်မြက်ထူးချွန်တဲ့ အမျိုးသမီး၊ မိန်းကလေးတွေကိုသာ ပိုစိတ်ဝင်စားလာကြပါတယ်တဲ့။ ခုနောက်ပိုင်း အမျိုးသားနဲ့ အမျိုးသမီးတန်းတူ အခွင့်အရေးကို တောင်းဆိုလာကြတာနဲ့ ပတ်သက်ပြီးတော့လည်း ခုလို အခြေအနေတွေ ပိုမို ပြောင်းလဲလာရခြင်း ဖြစ်တဲ့အပြင် အမျိုးသမီးတွေဟာ အရင်ထက်စာရင် အိမ်အပြင်ထွက် အလုပ်လုပ်လာကြတာလည်း ပါတယ်လို့ သိရပါတယ်။  ဒါဟာ ရေရှည် ကိုယ့်အကျိုးအတွက် တွေးတောဆင်ခြင်ပြီး အမျိုးသားတွေဟာ ခုလို စိတ်ဝင်စားတဲ့ ပုံစံပြောင်းလာသလားလို့တောင် ထင်ရပါတယ်။

နောက်ထပ် Alice Eagly က ထုတ်ပြန်တဲ့ လေ့လာချက်အဖြေအရတော့ အမျိုးသားတွေဟာ သူတို့အတွက် ကုန်ကျစရိတ်အနည်းဆုံးနဲ့ အကျိုးကျေးဇူး ခပ်များများရမယ့် လက်တွဲဖော်ကို ရှာဖွေလာကြပါတယ်တဲ့။ ဒိတ်လုပ်တဲ့အခါ ဒီအချက် ပြောင်းလဲလာတာကို လေ့လာချက်တွေအရ ထောက်ပြထားသလို ဘဝရည်မှန်းချက်ပန်းတိုင်နဲ့ ပတ်သက်ပြီးတော့ပါ ကိုယ့်လက်တွဲဖော်ကို အခြေအနေတစ်ခုရောက်အောင် ဆွဲခေါ်သွားလိုကြောင်းလည်း ဖော်ပြထားပါသေးတယ်။

Credit:Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top