iMyanmarHouse.com - Best Property Website for Myanmar
×

ေဂၚဖီထုပ္၊ ပန္းေဂၚဖီနဲ႔ ဘ႐ုိကိုလီ (အစိမ္းေရာင္ ပန္းေဂၚဖီ) လုိမ်ဳိးCruciferous အမ်ိဳးအစားဝင္ ဟင္းသီးဟင္း ရြက္ေတြကို အနည္းဆံုး တစ္ပတ္တစ္ႀကိမ္ စားတာေၾကာင့္
ကင္ဆာျဖစ္ ႏုိင္ေျခကို ျဖတ္ေတာက္ႏုိင္ေၾကာင္း သုေတသီေတြက ဆုိပါတယ္။ ယခင္ေလ့လာမႈ အရလည္း ဘ႐ုိကုိလီ၊ ပန္းေဂၚဖီ၊ ေဂၚဖီထုပ္၊ ေဂၚဖီလံုး၊ ကန္စြန္းရြက္နဲ႔ မုန္လာဥလုိမ်ိဳး Cruciferous အမ်ိဳးအစား ဟင္းသီးဟင္းရြက္ေတြ စားတာေၾကာင့္ ကင္ဆာဆဲလ္ေတြကို သတ္ပစ္ႏုိင္ၿပီး ေဆးဝါး အသစ္ေတြ ထုတ္လုပ္ႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ထားပါတယ္။ အထူးသျဖင့္ ဘ႐ုိကုိလီမွာ ပါဝင္တဲ့ ဆာဖုိရက္ဖိန္းဟာ ဆီးက်ိတ္ ကင္ဆာဆဲလ္ေတြကို ဖ်က္ဆီး ပစ္ႏုိင္တယ္လုိ႔ ေတြ႕ရွိ ခဲ့ပါတယ္။

ယခု ေလ့လာမႈအရ Cruciferous အမ်ိဳးအစား ဟင္းသီးဟင္းရြက္ကို အနည္းဆံုး တစ္ပတ္တစ္ႀကိမ္ စားသူေတြဟာ မစားသူေတြထက္ ခံတြင္းကင္ဆာျဖစ္ႏုိင္ေျခ ၁၇ရာခုိင္ႏႈန္း၊ အစာမ်ိဳႁပြန္ကင္ဆာ ျဖစ္ႏုိင္ေျခ ၂၈ ရာခုိင္ႏႈန္း၊ အူမႀကီးနဲ႔ သားျမတ္ကင္ဆာ ျဖစ္ႏုိင္ေျခ ၁၇ ရာခုိင္ႏႈန္းနဲ႔ ေက်ာက္ကပ္ ကင္ဆာ ျဖစ္ႏုိင္ေျခ ၃၂ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ႏုိင္ေၾကာင္း ေတြ႕ရွိ ခဲ့ပါတယ္။

Credit: Myawady News


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ (အစိမ်းရောင် ပန်းဂေါ်ဖီ) လိုမျိုးCruciferous အမျိုးအစားဝင် ဟင်းသီးဟင်း ရွက်တွေကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားတာကြောင့်
ကင်ဆာဖြစ် နိုင်ခြေကို ဖြတ်တောက်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။ ယခင်လေ့လာမှု အရလည်း ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီလုံး၊ ကန်စွန်းရွက်နဲ့ မုန်လာဥလိုမျိုး Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်တွေ စားတာကြောင့် ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်ပြီး ဆေးဝါး အသစ်တွေ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့် ဘရိုကိုလီမှာ ပါဝင်တဲ့ ဆာဖိုရက်ဖိန်းဟာ ဆီးကျိတ် ကင်ဆာဆဲလ်တွေကို ဖျက်ဆီး ပစ်နိုင်တယ်လို့ တွေ့ရှိ ခဲ့ပါတယ်။

ယခု လေ့လာမှုအရ Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်ကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားသူတွေဟာ မစားသူတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ၁၇ရာခိုင်နှုန်း၊ အစာမျိုပြွန်ကင်ဆာ ဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်း၊ အူမကြီးနဲ့ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်းနဲ့ ကျောက်ကပ် ကင်ဆာ ဖြစ်နိုင်ခြေ ၃၂ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း တွေ့ရှိ ခဲ့ပါတယ်။

Credit: Myawady News



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top