iMyanmarHouse.com - Best Property Website for Myanmar
×

မၾကာခင္က ျပဳလုပ္ခဲ့တဲ့ စစ္တမ္းအရ ဝိတ္က်ခ်င္တဲ့သူေတြ၊ ပိန္ဖုိ႔ ၾကိဳးစားေနၾကတဲ့သူ ေတြက ပိန္တဲ့သူေတြနဲ႔ ေပါင္းသင့္တယ္လို႔ ဆုိထားပါတယ္။ ေတြ႔ရွိခ်က္အရ ပိန္ခ်င္တဲ့သူအမ်ားစုက ဝတဲ့သူေတြနဲ႔ ပုိျပီး အေပါင္း အသင္းျဖစ္လိုတာကုိ ေတြ႔ရပါတယ္။

သုေတသီေတြက စစ္တမ္းမွာပါဝင္မယ့္သူေတြကို သူတုိ႔နဲ႔အရင္းႏွီးဆုံးသူ ၄ ေယာက္ရဲ႕ ခႏၶာကိုယ္ တည္ေဆာက္မႈပုံစံေတြကို ေမးျမန္းခဲ့ပါတယ္။ ျပီးေတာ့ သူတုိ႔ရဲ႕ လူမူကြန္ယက္ေတြ၊ ခႏၶာကိုယ္ အေလးခ်ိန္ေတြနဲ႔ တစ္ႏွစ္အတြင္း ေျပာင္းလဲလာမႈေတြကို ေစာင့္ၾကည့္ေလ့လာခဲ့ပါတယ္။ လက္ေတြ႔မွာ ပိန္ခ်င္တဲ့သူေတြဟာ အဝလြန္ေနတဲ့သူေတြနဲ႔ ပိုျပီးအခ်ိန္ျဖဳန္းတတ္တာကို ေတြ႔ရပါတယ္။ ဒါေပမဲ့ ကိုယ့္ထက္ပိုျပီး ပိန္တဲ့သူေတြနဲ႔ေပါင္းတဲ့သူေတြရဲ႕ ထူးျခားတဲ့အခ်က္တစ္ခုကို ရွာေဖြေတြ႔ရွိခဲ့ပါတယ္။ အဲ့ဒါ ကေတာ့ သူတို႔ေတြက ဝိတ္ခ်တဲ့ေနရာမွာ ပိုျပီး ေအာင္ျမင္ၾကတာပဲ ျဖစ္ပါတယ္။

တကၠဆက္ျပည္နယ္ ေဘလာတကၠသိုလ္ရဲ႕ လူမႈေဗဒ တြဲဖက္ပါေမာကၡ Matthew Andersson ကအထူးသျဖင့္ လူမႈကြန္ယက္ေတြထဲကေန အေလးခ်ိန္က်တာက ကူးစက္ေစတဲ့ အေၾကာင္းျပခ်က္မ်ားစြာရွိတယ္လို႔ ဆုိပါတယ္။ ကိုယ့္နဲ႔အနီးဆုံးပတ္ဝန္းက်င္မွာ ေလ့က်င့္ခန္း ေန႔တုိင္းလုပ္ျပီး က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအေသာက္ေတြကို စားတဲ့သူေတြရွိေနမယ္ဆုိရင္ တျခားသူေတြအေပၚမွာလည္း ေကာင္းတဲ့အက်င့္ေတြကူးစက္ျပီး အက်ိဳးရွိေစႏုိင္တာ ျဖစ္ပါတယ္။

Andersson က ခႏၶာကုိယ္ပုံစံအမ်ဳိးအစား ဘယ္လိုပင္ရွိပါေစ။ လူတိုင္းက သူတို႔ရဲ႕ တကိုယ္ ေရက်န္းမာေရး ေမွ်ာ္မွန္းခ်က္ေလးေတြထားျပီး ျပည့္ဝေအာင္လုပ္သင့္တယ္လို႔ တုိက္တြန္းထားပါတယ္။ သူငယ္ခ်င္းမိတ္ေဆြေတြဆုိတာ လူတစ္ေယာက္အေပၚလႊမ္းမိုးမႈရွိႏုိင္တဲ့အတြက္ ပိန္ခ်င္တဲ့သူမ်ားက က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အေလ့အက်င့္ေကာင္းေတြရွိတဲ့ ကိုယ့္ထက္ပိုျပီး ပိန္တဲ့သူေတြနဲ႔ တြဲသင့္ပါ တယ္လို႔ အၾကံျပဳထားပါတယ္။

Credit :trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မကြာခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ဝိတ်ကျချင်တဲ့သူတွေ၊ ပိန်ဖို့ ကြိုးစားနေကြတဲ့သူ တွေက ပိန်တဲ့သူတွေနဲ့ ပေါင်းသင့်တယ်လို့ ဆိုထားပါတယ်။ တွေ့ရှိချက်အရ ပိန်ချင်တဲ့သူအများစုက ဝတဲ့သူတွေနဲ့ ပိုပြီး အပေါင်း အသင်းဖြစ်လိုတာကို တွေ့ရပါတယ်။

သုတေသီတွေက စစ်တမ်းမှာပါဝင်မယ့်သူတွေကို သူတို့နဲ့အရင်းနှီးဆုံးသူ ၄ ယောက်ရဲ့ ခန္ဓာကိုယ် တည်ဆောက်မှုပုံစံတွေကို မေးမြန်းခဲ့ပါတယ်။ ပြီးတော့ သူတို့ရဲ့ လူမူကွန်ယက်တွေ၊ ခန္ဓာကိုယ် အလေးချိန်တွေနဲ့ တစ်နှစ်အတွင်း ပြောင်းလဲလာမှုတွေကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။ လက်တွေ့မှာ ပိန်ချင်တဲ့သူတွေဟာ အဝလွန်နေတဲ့သူတွေနဲ့ ပိုပြီးအချိန်ဖြုန်းတတ်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကိုယ့်ထက်ပိုပြီး ပိန်တဲ့သူတွေနဲ့ပေါင်းတဲ့သူတွေရဲ့ ထူးခြားတဲ့အချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒါ ကတော့ သူတို့တွေက ဝိတ်ချတဲ့နေရာမှာ ပိုပြီး အောင်မြင်ကြတာပဲ ဖြစ်ပါတယ်။

တက္ကဆက်ပြည်နယ် ဘေလာတက္ကသိုလ်ရဲ့ လူမှုဗေဒ တွဲဖက်ပါမောက္ခ Matthew Andersson ကအထူးသဖြင့် လူမှုကွန်ယက်တွေထဲကနေ အလေးချိန်ကျတာက ကူးစက်စေတဲ့ အကြောင်းပြချက်များစွာရှိတယ်လို့ ဆိုပါတယ်။ ကိုယ့်နဲ့အနီးဆုံးပတ်ဝန်းကျင်မှာ လေ့ကျင့်ခန်း နေ့တိုင်းလုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားတဲ့သူတွေရှိနေမယ်ဆိုရင် တခြားသူတွေအပေါ်မှာလည်း ကောင်းတဲ့အကျင့်တွေကူးစက်ပြီး အကျိုးရှိစေနိုင်တာ ဖြစ်ပါတယ်။

Andersson က ခန္ဓာကိုယ်ပုံစံအမျိုးအစား ဘယ်လိုပင်ရှိပါစေ။ လူတိုင်းက သူတို့ရဲ့ တကိုယ် ရေကျန်းမာရေး မျှော်မှန်းချက်လေးတွေထားပြီး ပြည့်ဝအောင်လုပ်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေဆိုတာ လူတစ်ယောက်အပေါ်လွှမ်းမိုးမှုရှိနိုင်တဲ့အတွက် ပိန်ချင်တဲ့သူများက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်ကောင်းတွေရှိတဲ့ ကိုယ့်ထက်ပိုပြီး ပိန်တဲ့သူတွေနဲ့ တွဲသင့်ပါ တယ်လို့ အကြံပြုထားပါတယ်။

Credit :trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top