iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အႀကိဳက္မတူၾကဘူးဆိုေပမယ့္ မ်ားေသာအားျဖင့္ ဘယ္လိုေယာက်ၤားေလးမ်ိဳးက အထာက်တယ္၊ ၾကည့္လိုက္တာနဲ႔ စိတ္ထဲ တန္းေရာက္သြားေစတဲ့ သူတုိ႔သေဘာက်တဲ့ ေယာက်ၤားေလးပံုစံမ်ိဳးေလးေတြကေတာ့ တူညီေနတတ္တာ ေတြ႕ရပါတယ္။ အဲ့ဒီလို မိန္းကေလးေတြ သေဘာက်တဲ့ ေယာက်ၤားပံုစံေတြကေတာ့

၁။ကိုယ့္ကိုယ္ကိုယ္ အရမ္းႀကီး ျပင္ဆင္မထားဘဲ အဆင္ေျပေျပ ေနထုိင္တတ္သူ။ ေခါင္းအစ၊ ေျခအဆံုး မိန္းကေလးထက္ ပိုမိုျပင္ဆင္ထားမ်ိဳးတ့ဲ ဘဲမ်ိဳးဆိုရင္ေတာ့ ဘယ္ေကာင္မေလးက ေၾကြေတာ့မွာလဲ။

၂။စကားေျပာတဲ့အခါ ေျဖးေျဖးနဲ႔ ခပ္မွန္မွန္ေျပာတတ္တဲ့ ေယာက်ၤားမ်ိဳးကိုလည္း ေကာင္မေလးေတြ သေဘာက်ၾကပါတယ္။

၃။ေဘးနားကပ္ၿပီး စကားေျပာၾကည့္လိုက္လုိ႔ ကုိယ္နံ႔သင္းသင္းေလး ရေနတတ္တဲ့ ဘဲမ်ိဳးကို ေကာင္မေလးေတြက သိပ္ကိုေၾကြတာပါ။ ေရေမႊးေတြ အသားကုန္ဆြတ္ထားတာမ်ိဳးလည္း မဟုတ္၊ ဒါမွမဟုတ္ ေခၽြးနံ႔ေတြ တေထာင္းေထာင္းထြက္ေနတာမ်ိဳးလည္း မဟုတ္တဲ့ ေကာင္ေလးမ်ိဳးေပါ့။

၄။ကိုယ့္ခ်စ္တဲ့ေၾကာင္၊ ဒါမွမဟုတ္ေခြးကို ျမင္ျမင္ခ်င္း ေကာင္ေလးကလည္း ခ်စ္တဲ့ပံုျပတယ္၊ လက္နဲ႔ေပြ႕ခ်ီလိုက္ၿပီဆိုရင္ေတာ့ အဲ့ဒီေကာင္ေလးအတြက္ အမွတ္ေတြ ရသြားၿပီေပါ့။

၅။တက္တူးေတြရွိတဲ့ ေကာင္ေလးမ်ိဳးကို ေကာင္မေလးေတြက မိုက္တယ္လို႔ ထင္တတ္ၾကသလို သေဘာလည္းက် တတ္ၾကပါတယ္။

၆။ကေလးခ်စ္တတ္တဲ့ ေကာင္ေလးမ်ိဳးဆိုရင္လည္း ေကာင္မေလးေတြက ေၾကြတတ္ၾကတာပါပဲ။ ကေလးခ်စ္တတ္တဲ့ ေယာက်ၤားေလးေတြဟာ ႏူးညံ႕တဲ့ႏွလံုးသားရွိတယ္လုိ႔ ယူဆၾကတာကိုး။

၇။ကိုယ့္မိဘနဲ႔ အဆင္ေျပေျပ ေျပာဆုိေနထုိင္တတ္တဲ့ ေကာင္ေလးမ်ိဳးဆိုရင္လည္း ေကာင္မေလးေတြက သေဘာက်တတ္ၾကျပန္ေရာ။

၈။ကိုယ္မွမဟုတ္ တစ္ျခားသူေတြကို ကူညီတတ္တဲ့ ေယာက်ၤားမ်ိဳးဆိုရင္လည္း ေကာင္မေလးေတြက စိတ္ထဲက အမွတ္ေတြ ေပးေနတတ္ပါတယ္။

၉။ကိုယ့္ကိုကိုယ္ ယံုၾကည္မႈအျပည့္ရွိတဲ့ဟန္ေပါက္တဲ့ ေယာက်ၤားမ်ိဳးဆိုရင္ ေကာင္မေလးေတြက အားကိုးလို႔ရတဲ့ ေယာက်ၤားမ်ိဳးျဖစ္မယ္လို႔ သတ္မွတ္ၾကေလ့ရွိပါတယ္။

၁၀။ကိုယ္ေျပာသမွ်ကို မ်က္ႏွာမပ်က္ဘဲ ၿပံဳးၿပံဳးေလး ၿငိမ္နားေထာင္တတ္တဲ့ ေယာက်ၤားေလးမ်ိဳးဆိုရင္လည္း သူတုိ႔ေၾကြၾကျပန္ေရာ။ ဘယ္မိန္းကေလးကေတာ့ ကိုယ္ေျပာတာကို တစ္ခြန္းမခံ ျပန္ခံေျပာ၊ ဒါမွမဟုတ္ ျပန္ျငင္းခုန္ေနမယ့္ ေယာက်ၤားေလးမ်ိဳးကို ႏွစ္ၿခိဳက္မွာပဲ။ ျငင္းရမယ့္ ကိစၥဆိုရင္ေတာင္ တစ္ဘက္က စကားဆံုးတဲ့အထိ နားေထာင္ၿပီးမွ ျပန္ေျပာရမွာေပါ့ေနာ္။

Credit:Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မိန်းကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူကြဘူးဆိုပေမယ့် များသောအားဖြင့် ဘယ်လိုယောကျၤားလေးမျိုးက အထာကျတယ်၊ ကြည့်လိုက်တာနဲ့ စိတ်ထဲ တန်းရောက်သွားစေတဲ့ သူတို့သဘောကျတဲ့ ယောကျၤားလေးပုံစံမျိုးလေးတွေကတော့ တူညီနေတတ်တာ တွေ့ရပါတယ်။ အဲ့ဒီလို မိန်းကလေးတွေ သဘောကျတဲ့ ယောကျၤားပုံစံတွေကတော့

၁။ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ပြင်ဆင်မထားဘဲ အဆင်ပြေပြေ နေထိုင်တတ်သူ။ ခေါင်းအစ၊ ခြေအဆုံး မိန်းကလေးထက် ပိုမိုပြင်ဆင်ထားမျိုးတဲ့ ဘဲမျိုးဆိုရင်တော့ ဘယ်ကောင်မလေးက ကြွေတော့မှာလဲ။

၂။စကားပြောတဲ့အခါ ဖြေးဖြေးနဲ့ ခပ်မှန်မှန်ပြောတတ်တဲ့ ယောကျၤားမျိုးကိုလည်း ကောင်မလေးတွေ သဘောကျကြပါတယ်။

၃။ဘေးနားကပ်ပြီး စကားပြောကြည့်လိုက်လို့ ကိုယ်နံ့သင်းသင်းလေး ရနေတတ်တဲ့ ဘဲမျိုးကို ကောင်မလေးတွေက သိပ်ကိုကြွေတာပါ။ ရေမွှေးတွေ အသားကုန်ဆွတ်ထားတာမျိုးလည်း မဟုတ်၊ ဒါမှမဟုတ် ချွေးနံ့တွေ တထောင်းထောင်းထွက်နေတာမျိုးလည်း မဟုတ်တဲ့ ကောင်လေးမျိုးပေါ့။

၄။ကိုယ့်ချစ်တဲ့ကြောင်၊ ဒါမှမဟုတ်ခွေးကို မြင်မြင်ချင်း ကောင်လေးကလည်း ချစ်တဲ့ပုံပြတယ်၊ လက်နဲ့ပွေ့ချီလိုက်ပြီဆိုရင်တော့ အဲ့ဒီကောင်လေးအတွက် အမှတ်တွေ ရသွားပြီပေါ့။

၅။တက်တူးတွေရှိတဲ့ ကောင်လေးမျိုးကို ကောင်မလေးတွေက မိုက်တယ်လို့ ထင်တတ်ကြသလို သဘောလည်းကျ တတ်ကြပါတယ်။

၆။ကလေးချစ်တတ်တဲ့ ကောင်လေးမျိုးဆိုရင်လည်း ကောင်မလေးတွေက ကြွေတတ်ကြတာပါပဲ။ ကလေးချစ်တတ်တဲ့ ယောကျၤားလေးတွေဟာ နူးညံ့တဲ့နှလုံးသားရှိတယ်လို့ ယူဆကြတာကိုး။

၇။ကိုယ့်မိဘနဲ့ အဆင်ပြေပြေ ပြောဆိုနေထိုင်တတ်တဲ့ ကောင်လေးမျိုးဆိုရင်လည်း ကောင်မလေးတွေက သဘောကျတတ်ကြပြန်ရော။

၈။ကိုယ်မှမဟုတ် တစ်ခြားသူတွေကို ကူညီတတ်တဲ့ ယောကျၤားမျိုးဆိုရင်လည်း ကောင်မလေးတွေက စိတ်ထဲက အမှတ်တွေ ပေးနေတတ်ပါတယ်။

၉။ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ဟန်ပေါက်တဲ့ ယောကျၤားမျိုးဆိုရင် ကောင်မလေးတွေက အားကိုးလို့ရတဲ့ ယောကျၤားမျိုးဖြစ်မယ်လို့ သတ်မှတ်ကြလေ့ရှိပါတယ်။

၁၀။ကိုယ်ပြောသမျှကို မျက်နှာမပျက်ဘဲ ပြုံးပြုံးလေး ငြိမ်နားထောင်တတ်တဲ့ ယောကျၤားလေးမျိုးဆိုရင်လည်း သူတို့ကြွေကြပြန်ရော။ ဘယ်မိန်းကလေးကတော့ ကိုယ်ပြောတာကို တစ်ခွန်းမခံ ပြန်ခံပြော၊ ဒါမှမဟုတ် ပြန်ငြင်းခုန်နေမယ့် ယောကျၤားလေးမျိုးကို နှစ်ခြိုက်မှာပဲ။ ငြင်းရမယ့် ကိစ္စဆိုရင်တောင် တစ်ဘက်က စကားဆုံးတဲ့အထိ နားထောင်ပြီးမှ ပြန်ပြောရမှာပေါ့နော်။

Credit:Trend Myanmar




ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top