iMyanmarHouse.com - Best Property Website for Myanmar
×

မိခင္တုိင္းဟာ ကေလးေမြးျပီး ရက္သတၱပတ္အတြင္း အရမ္းစိတ္ဖိစီးၾကရပါတယ္။ ကုိယ္ဝန္ေဆာင္ခ်ိန္ျဖစ္ျဖစ္၊ ေမြးျပီးေနာက္ပိုင္းပဲ ျဖစ္ျဖစ္ သင့္စိတ္ခံစားခ်က္၊ အားအင္၊ လက္တြဲေဖာ္ သုိ႔မဟုတ္ ပတ္ဝန္းက်င္နဲ႔ ဆက္ဆံမႈကို ေစခုိက္ေစပါလိမ့္မယ္။ ဒါက အထူးသျဖင့္ မီးဖြားကာလ ကေလးေမြးရာကေန နလန္ထူျပီး နဂုိအေနအထားအတုိင္း အျပည့္အဝ မျဖစ္ေသးတဲ့အခ်ိန္ကို ေဖာ္ျပျခင္းျဖစ္ပါတယ္။ ဒါေတြသိထားပါက မရင္းႏီွးေသးတဲ့ စိတ္ခံစားမႈပုိင္း အတက္အက်ကို လက္ခံဖို႔ ပိုမိုလြယ္ကူပါလိမ့္မယ္။

အေတြ႔အၾကဳံရင့္က်က္တဲ့ မိခင္ေတြဆီက အၾကံျပဳခ်က္တခ်ဳိ႕ရိွပါတယ္။

၁။ ကေလးအိပ္တဲ့အခ်ိန္ အနားယူပါ (TV ေတြ ခဏေမ့ထား၊ သင့္တန္ဖိုးရိွတဲ့အခ်ိန္သာ ႏႈတ္ယူသြားပါလိမ့္မယ္)။

၂။ (ေရစိမ္တာ၊ သီခ်င္းနားေထာင္ျခင္း၊ ေလ့က်င့္ခန္းျပဳလုပ္ျခင္း၊ တရားထုိင္ျခင္း) မိမိနဲ႔ အဆင္ေျပဆုံး နည္းနဲ႔ စိတ္ေျပလက္ေပ်ာက္ေနပါ။

၃။ အိမ္မွာ မျဖစ္မေနလုပ္ရမယ့္ အလုပ္ေတြသာ လုပ္ပါ။ သင့္လက္တြဲေဖာ္ကို အကူအညီေတာင္း။ သူ မအားရင္ ညီမ၊ အေမ သုိ႔မဟုတ္ သူငယ္ခ်င္းတစ္ေယာက္ေယာက္ကို လုပ္ခုိင္းပါ။

၄။ မိသားစုဝင္ သုိ႔မဟုတ္ သူငယ္ခ်င္းတစ္ေယာက္ေယာက္ရဲ႕ အကူအညီကို ေတြေဝျခင္းမရိွ လက္ခံပါ။

၅။ သင့္လက္တြဲေဖာ္ကို ညဘက္ပိုင္းေတြမွာ ကေလးကို ကူထိန္းေပးဖုိ႕ သေဘာတူညီမႈ ျပဳလုပ္ပါ။

၆။ ကေလးပုခက္ကို အိပ္ရာေဘးနားမွာပဲ ထားပါ။ အိပ္ရာထေနစရာမလုိပဲ ညဘက္ ကေလးႏုိ႔တုိက္ဖို႔ ပုိမိုလြယ္ကူေစပါလိမ့္မယ္။

၇။ ပင္ပန္းတယ္လုိ႔ သိပ္စဥ္းစားျငီးညဴ မေနပါနဲ႔။ အေၾကာင္းက ကေလး ဒီတုိင္းအျမဲျဖစ္ေနမွာေတာ့ မဟုတ္ပါဘူး။ အေႏွာင့္အယွက္မရိွပဲ အိပ္စက္ႏုိင္တဲ့ ညေတြလည္း ေရာက္လာမွာပါ။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မိခင်တိုင်းဟာ ကလေးမွေးပြီး ရက်သတ္တပတ်အတွင်း အရမ်းစိတ်ဖိစီးကြရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ဖြစ်ဖြစ်၊ မွေးပြီးနောက်ပိုင်းပဲ ဖြစ်ဖြစ် သင့်စိတ်ခံစားချက်၊ အားအင်၊ လက်တွဲဖော် သို့မဟုတ် ပတ်ဝန်းကျင်နဲ့ ဆက်ဆံမှုကို စေခိုက်စေပါလိမ့်မယ်။ ဒါက အထူးသဖြင့် မီးဖွားကာလ ကလေးမွေးရာကနေ နလန်ထူပြီး နဂိုအနေအထားအတိုင်း အပြည့်အဝ မဖြစ်သေးတဲ့အချိန်ကို ဖော်ပြခြင်းဖြစ်ပါတယ်။ ဒါတွေသိထားပါက မရင်းနှီးသေးတဲ့ စိတ်ခံစားမှုပိုင်း အတက်အကျကို လက်ခံဖို့ ပိုမိုလွယ်ကူပါလိမ့်မယ်။

အတွေ့အကြုံရင့်ကျက်တဲ့ မိခင်တွေဆီက အကြံပြုချက်တချို့ရှိပါတယ်။

၁။ ကလေးအိပ်တဲ့အချိန် အနားယူပါ (TV တွေ ခဏမေ့ထား၊ သင့်တန်ဖိုးရှိတဲ့အချိန်သာ နှုတ်ယူသွားပါလိမ့်မယ်)။

၂။ (ရေစိမ်တာ၊ သီချင်းနားထောင်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ တရားထိုင်ခြင်း) မိမိနဲ့ အဆင်ပြေဆုံး နည်းနဲ့ စိတ်ပြေလက်ပျောက်နေပါ။

၃။ အိမ်မှာ မဖြစ်မနေလုပ်ရမယ့် အလုပ်တွေသာ လုပ်ပါ။ သင့်လက်တွဲဖော်ကို အကူအညီတောင်း။ သူ မအားရင် ညီမ၊ အမေ သို့မဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ကို လုပ်ခိုင်းပါ။

၄။ မိသားစုဝင် သို့မဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အကူအညီကို တွေဝေခြင်းမရှိ လက်ခံပါ။

၅။ သင့်လက်တွဲဖော်ကို ညဘက်ပိုင်းတွေမှာ ကလေးကို ကူထိန်းပေးဖို့ သဘောတူညီမှု ပြုလုပ်ပါ။

၆။ ကလေးပုခက်ကို အိပ်ရာဘေးနားမှာပဲ ထားပါ။ အိပ်ရာထနေစရာမလိုပဲ ညဘက် ကလေးနို့တိုက်ဖို့ ပိုမိုလွယ်ကူစေပါလိမ့်မယ်။

၇။ ပင်ပန်းတယ်လို့ သိပ်စဉ်းစားငြီးညူ မနေပါနဲ့။ အကြောင်းက ကလေး ဒီတိုင်းအမြဲဖြစ်နေမှာတော့ မဟုတ်ပါဘူး။ အနှောင့်အယှက်မရှိပဲ အိပ်စက်နိုင်တဲ့ ညတွေလည်း ရောက်လာမှာပါ။

Credit : Trend Myanmar




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top