iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ လက္ထပ္ျပီးသြားျပီဆုိရင္ သင့္ခ်စ္သူ၊ အိမ္ ေထာင္ဖက္နဲ႕ ႏွစ္ဦးသားဘ၀ကို ေပ်ာ္ရႊင္စြာ ဆုိးတူေကာင္းတူ ျဖတ္သန္းခ်င္ၾကမွာပဲေလ။ ဒါေပမယ့္ တစ္ခ်ိဳ႔အရာေတြက ေမ်ွာ္လင့္ထားသလို ျဖစ္မလာတာေတြလည္း ရွိပါတယ္။ အိမ္ေထာင္ေရးနဲ႕ ပတ္သက္ျပီး သုေတသီေတြက ႀကိဳတင္ေလ့လာခ်က္ေတြ ျပဳလုပ္ကာ သူတို႕ေတြ႔ရွိထားတဲ့အရာေတြကို ဖြင့္ဟသြားခဲ့ပါျပီ။ ဒီေလ့လာေတြ႔ရွိခ်က္ဟာ Virginia တကၠသိုလ္က ေလ့လာေတြ႔ရွိခ်က္ျဖစ္ျပီး စံုတြဲေပါင္း ၄၂၄၂တြဲကို လြယ္ကူတဲ့ ေမးခြန္းေလးေတြ ေမးျမန္းကာ ေနာက္ထပ္ ၆ႏွစ္အတြင္း ဒီအတြဲေတြ ဘယ္လိုျဖစ္သြားမလဲဆိုတဲ့ အေျခအေနကေန ရရွိလာခဲ့တဲ့ ေတြ႔ရွိခ်က္တစ္ရပ္ပါ။ သူတုိ႕လုပ္ေဆာင္ေပးသြားတာက အိမ္ေထာင္ဖက္ ကာယကံရွင္ႏွစ္ေယာက္ကို ေမးခြန္းေလး ႏွစ္ခုေမးရံုပါပဲ။
ေမးခြန္းေတြကေတာ့

၁။ငါသာ အိမ္ေထာင္မျပဳခဲ့ဘူးဆုိရင္ ဘယ္ေလာက္ေပ်ာ္ေနရမလဲ။ ခုေရာ အိမ္ေထာင္ျပဳလုိက္ေတာ့ ဘယ္ေလာက္ ေပ်ာ္ရႊင္ေနရပါသလဲ။

၂။သင့္အိမ္ေထာင္ဖက္ကေရာ ဒီေမးခြန္းကို ဘယ္လိုေျဖလိမ့္မယ္လို႕ ထင္ပါသလဲ။

ဒီလိုေမးခြန္းကို ေျဖခဲ့တဲ့သူေတြထဲမွာ ” ဒီ့ထက္ပိုျပီး စိတ္ဆင္းရဲရမွာ မဟုတ္ေတာ့ဘူး” လုိ႕ ေျဖသြားခဲ့တဲ့သူေတြဟာ ေနာက္ထပ္ ၆ႏွစ္အတြင္း ကြာရွင္းျပတ္စဲခဲ့ၾကတာကို ေတြ႔ရွိခဲ့ရပါတယ္။

ဒီေနရာမွာ အခ်စ္ဆိုတာဟာ ကိုယ့္အိမ္ေထာင္ဖက္ ရိုးရွင္းစြာ ေပ်ာ္ရႊင္ျခင္းကေန သင္ကိုယ္တုိင္ ကူးစက္ခံစားရတာမ်ိဳးလို႕ပဲ ဆုိရေတာ့မယ္လို႕ Friedberg က UVA Today ကုိ ရွင္းျပထားပါတယ္။ ဥပမာ ကိုယ္တိုင္ကလည္း သူအိမ္သူသက္ထား အိမ္အလုုပ္ေတြ စုျပံဳလုပ္ေနရရင္ ကိုယ္က ငါဘာလဲဆုိတာ ေမ့ထားျပီး ကူလုပ္ေပးတာမ်ိဳးေတြဟာ အိမ္ေထာင္ေရးကို ပိုသာယာေစပါတယ္။ တစ္ေယာက္က ေပ်ာ္ရႊင္သြားတယ္၊ ၾကည္ႏူးသြားတယ္ဆုိရင္ ေနာက္တစ္ေယာက္အတြက္ ဒီခံစားခ်က္ဟာ ကူးစက္သြားတာပါပဲ။ ဒါအက်ိဳးထူးတယ္လို႕ ေျပာရပါလိမ့္မယ္။ ဒီလိုခံယူခ်က္မ်ိဳး မရွိတဲ့စံုတြဲေတြ ဆုိရင္ေတာ့ ကြဲၾကဖုိ႕မ်ားပါတယ္။
READ  ဝန္ထမ္းနဲ႔ ေငြရွင္းေကာင္တာေတြမရွိတဲ့ ရိုးသားျခင္း စာအုပ္ဆုိင္

ခုနေျပာသြားတဲ့ ေမးခြန္းေတြကို အတြဲေပါင္းမ်ားစြာကို ေမးၾကည့္တဲ့အထဲက ၄၀.၉ရာခုိင္ႏႈန္းကသာ တစ္ဖက္လူရဲ႕ အေျဖက ဘယ္လုိရွိမယ္ဆုိတာကို ႀကိဳတင္ခန္႕မွန္းႏုိင္တာပါ။ ၆၀ရာခုိင္ႏႈန္းနီးပါးက တစ္ေယာက္အေၾကာင္း တစ္ေယာက္ ေသခ်ာမသိတဲ့အတြက္ ျပည့္ျပည့္စံုစံု မေျဖႏိုင္ခဲ့ၾကပါဘူး။ အရင္တုန္းက တြက္ခ်က္ခဲ့တဲ့အတုိင္း၊ ဒီေမးခြန္းေတြကို ေျဖသြားတဲ့အတြဲေတြထဲက ၅၀ရာခုိင္ႏႈန္းဟာ ခုလက္ရွိမွာ သူတုိ႕ရဲ႕အိမ္ေထာင္ေရးကို အဆံုးသတ္လိုက္ျပီလို႕ သိရပါတယ္။


Credit :lwinpyin


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


သင်ဟာ လက်ထပ်ပြီးသွားပြီဆိုရင် သင့်ချစ်သူ၊ အိမ် ထောင်ဖက်နဲ့ နှစ်ဦးသားဘဝကို ပျော်ရွှင်စွာ ဆိုးတူကောင်းတူ ဖြတ်သန်းချင်ကြမှာပဲလေ။ ဒါပေမယ့် တစ်ချို့အရာတွေက မျှော်လင့်ထားသလို ဖြစ်မလာတာတွေလည်း ရှိပါတယ်။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သုတေသီတွေက ကြိုတင်လေ့လာချက်တွေ ပြုလုပ်ကာ သူတို့တွေ့ရှိထားတဲ့အရာတွေကို ဖွင့်ဟသွားခဲ့ပါပြီ။ ဒီလေ့လာတွေ့ရှိချက်ဟာ Virginia တက္ကသိုလ်က လေ့လာတွေ့ရှိချက်ဖြစ်ပြီး စုံတွဲပေါင်း ၄၂၄၂တွဲကို လွယ်ကူတဲ့ မေးခွန်းလေးတွေ မေးမြန်းကာ နောက်ထပ် ၆နှစ်အတွင်း ဒီအတွဲတွေ ဘယ်လိုဖြစ်သွားမလဲဆိုတဲ့ အခြေအနေကနေ ရရှိလာခဲ့တဲ့ တွေ့ရှိချက်တစ်ရပ်ပါ။ သူတို့လုပ်ဆောင်ပေးသွားတာက အိမ်ထောင်ဖက် ကာယကံရှင်နှစ်ယောက်ကို မေးခွန်းလေး နှစ်ခုမေးရုံပါပဲ။
မေးခွန်းတွေကတော့

၁။ငါသာ အိမ်ထောင်မပြုခဲ့ဘူးဆိုရင် ဘယ်လောက်ပျော်နေရမလဲ။ ခုရော အိမ်ထောင်ပြုလိုက်တော့ ဘယ်လောက် ပျော်ရွှင်နေရပါသလဲ။

၂။သင့်အိမ်ထောင်ဖက်ကရော ဒီမေးခွန်းကို ဘယ်လိုဖြေလိမ့်မယ်လို့ ထင်ပါသလဲ။

ဒီလိုမေးခွန်းကို ဖြေခဲ့တဲ့သူတွေထဲမှာ ” ဒီ့ထက်ပိုပြီး စိတ်ဆင်းရဲရမှာ မဟုတ်တော့ဘူး” လို့ ဖြေသွားခဲ့တဲ့သူတွေဟာ နောက်ထပ် ၆နှစ်အတွင်း ကွာရှင်းပြတ်စဲခဲ့ကြတာကို တွေ့ရှိခဲ့ရပါတယ်။

ဒီနေရာမှာ အချစ်ဆိုတာဟာ ကိုယ့်အိမ်ထောင်ဖက် ရိုးရှင်းစွာ ပျော်ရွှင်ခြင်းကနေ သင်ကိုယ်တိုင် ကူးစက်ခံစားရတာမျိုးလို့ပဲ ဆိုရတော့မယ်လို့ Friedberg က UVA Today ကို ရှင်းပြထားပါတယ်။ ဥပမာ ကိုယ်တိုင်ကလည်း သူအိမ်သူသက်ထား အိမ်အလုုပ်တွေ စုပြုံလုပ်နေရရင် ကိုယ်က ငါဘာလဲဆိုတာ မေ့ထားပြီး ကူလုပ်ပေးတာမျိုးတွေဟာ အိမ်ထောင်ရေးကို ပိုသာယာစေပါတယ်။ တစ်ယောက်က ပျော်ရွှင်သွားတယ်၊ ကြည်နူးသွားတယ်ဆိုရင် နောက်တစ်ယောက်အတွက် ဒီခံစားချက်ဟာ ကူးစက်သွားတာပါပဲ။ ဒါအကျိုးထူးတယ်လို့ ပြောရပါလိမ့်မယ်။ ဒီလိုခံယူချက်မျိုး မရှိတဲ့စုံတွဲတွေ ဆိုရင်တော့ ကွဲကြဖို့များပါတယ်။
READ  ဝန်ထမ်းနဲ့ ငွေရှင်းကောင်တာတွေမရှိတဲ့ ရိုးသားခြင်း စာအုပ်ဆိုင်

ခုနပြောသွားတဲ့ မေးခွန်းတွေကို အတွဲပေါင်းများစွာကို မေးကြည့်တဲ့အထဲက ၄၀.၉ရာခိုင်နှုန်းကသာ တစ်ဖက်လူရဲ့ အဖြေက ဘယ်လိုရှိမယ်ဆိုတာကို ကြိုတင်ခန့်မှန်းနိုင်တာပါ။ ၆၀ရာခိုင်နှုန်းနီးပါးက တစ်ယောက်အကြောင်း တစ်ယောက် သေချာမသိတဲ့အတွက် ပြည့်ပြည့်စုံစုံ မဖြေနိုင်ခဲ့ကြပါဘူး။ အရင်တုန်းက တွက်ချက်ခဲ့တဲ့အတိုင်း၊ ဒီမေးခွန်းတွေကို ဖြေသွားတဲ့အတွဲတွေထဲက ၅၀ရာခိုင်နှုန်းဟာ ခုလက်ရှိမှာ သူတို့ရဲ့အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ပြီလို့ သိရပါတယ်။


Credit :lwinpyin

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top