iMyanmarHouse.com - Best Property Website for Myanmar
×

အႁမႊာရင္ေသြးငယ္မ်ား ကိုယ္ဝန္ေဆာင္ထားသည့္ ခ်စ္သု ေဝက ၎၏ ရင္ေသြးေလးမ်ားကို ဇန္နဝါရီလကုန္တြင္ ေမြးဖြားမည္ ဟု ေျပာသည္။

‘‘ထရီဇာရဲ႕ Due Date က ဇန္နဝါရီ ေနာက္ဆံုးပတ္ပါ။ ေဒါက္တာေမသူမ်ိဳးၫြန္႔ကို အပ္ ထားပါတယ္။ ဝိတိုရိယမွာပဲ ေမြး ျဖစ္ဖို႔ မ်ားပါတယ္’’ဟု ၎က ေျပာၾကားသည္။

စတင္ကိုယ္ဝန္ေဆာင္ရ ခ်ိန္တြင္ ကိုယ္ဝန္ေဆာင္ေဝဒနာ မ်ား ခံစားခဲ့ရေသာ္လည္း လက္ရွိ ကိုယ္ဝန္ငါးလသို႔ ေရာက္ရွိလာ ခ်ိန္၌ အဆင္ေျပလာေၾကာင္း ၎ က ဆိုသည္။

‘‘အစကဆုိ ကိုယ္က အလုပ္ ေလာဘႀကီးတယ္။ စိတ္ျမန္ တယ္။ ဒါမ်ိဳးေတြ အကုန္လံုးကို ကေလးေတြအတြက္ ဂ႐ုစိုက္ၿပီး ေနာက္ကို ပို႔လိုက္ရတာေပါ့။ အဲ ဒီအတြက္လည္း စိတ္ထဲမွာ ဝမ္း နည္းတာေတြ၊ အားငယ္တာေတြ မျဖစ္ပါဘူး။ သူတို႔အတြက္ပဲ ေတြး ေတာ့တာ။ သူတုိ႔ ဒီေလာကထဲကို ေရာက္လာရင္ မပင္ပန္းေစခ်င္ဘူး။ ဘဝကို ေအးေအးေဆးေဆး ေလး ျဖတ္သန္းေစခ်င္တယ္။ စိတ္ေကာင္းႏွလံုးေကာင္းရွိၿပီး လူသားေတြရဲ႕အက်ိဳးကို ေဆာင္ရြက္ႏုိင္ တဲ့၊ က်န္းမာတဲ့ သမီးေလးေတြ ေမြးဖြားဖို႔ ဘုရားဆီမွာ ထရီဇာဆုေတာင္းတယ္’’ဟု ခ်စ္သုေဝက ေျပာသည္။

ပရိသတ္ႏွင့္ အဆက္မျပတ္ လိုေသာေၾကာင့္ အႏုပညာလႈပ္ ရွားမႈအေနျဖင့္ ေၾကာ္ျငာအခ်ိဳ႕ လက္ခံ႐ိုက္ကူးျဖစ္ၿပီး ရင္ေသြး မ်ားကို ေမြးဖြားၿပီးခ်ိန္၌လည္း ကေလးမ်ားအနားတြင္ အခ်ိန္ေပးေနလို၍   အႏုပညာလႈပ္ရွားမႈ၌ အဆင္ေျပမည့္အလုပ္မ်ားကို သာ ေရြးခ်ယ္လုပ္ျဖစ္မည္ဟု ၎ ကဆုိသည္။

‘‘လုပ္လက္စ စီးရီးကေတာ့ အတီးေတြက အကုန္ၿပီးၿပီ။ ထရီ ဇာဆုိဖို႔ပဲ က်န္တာဆုိေတာ့ ေျခာက္လ၊ ခုနစ္လမွာ အဆင္ေျပ တဲ့ ေနေကာင္းတဲ့အခ်ိန္က်ရင္ ဆုိထားၿပီးေတာ့ အားလံုးရယ္ဒီ လုပ္ထားမယ္။ ပိုစတာ႐ိုက္တာ တုိ႔၊ အမ္တီဗီ႐ိုက္တာတုိ႔ကေတာ့ ကိုယ့္ဗိုက္နဲ႔ အဆင္မေျပေတာ့ဘူး ဆုိေတာ့ ကေလးေတြေမြးၿပီးမွပဲ ျဖစ္လိမ့္မယ္’’ဟု တစ္ကိုယ္ေတာ္ အေခြႏွင့္ပတ္သက္၍ ၎က ေျပာၾကားသည္။

Credit: 7 day daily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမြွှာရင်သွေးငယ်များ ကိုယ်ဝန်ဆောင်ထားသည့် ချစ်သု ဝေက ၎င်း၏ ရင်သွေးလေးများကို ဇန်နဝါရီလကုန်တွင် မွေးဖွားမည် ဟု ပြောသည်။

‘‘ထရီဇာရဲ့ Due Date က ဇန်နဝါရီ နောက်ဆုံးပတ်ပါ။ ဒေါက်တာမေသူမျိုးညွန့်ကို အပ် ထားပါတယ်။ ဝိတိုရိယမှာပဲ မွေး ဖြစ်ဖို့ များပါတယ်’’ဟု ၎င်းက ပြောကြားသည်။

စတင်ကိုယ်ဝန်ဆောင်ရ ချိန်တွင် ကိုယ်ဝန်ဆောင်ဝေဒနာ များ ခံစားခဲ့ရသော်လည်း လက်ရှိ ကိုယ်ဝန်ငါးလသို့ ရောက်ရှိလာ ချိန်၌ အဆင်ပြေလာကြောင်း ၎င်း က ဆိုသည်။

‘‘အစကဆို ကိုယ်က အလုပ် လောဘကြီးတယ်။ စိတ်မြန် တယ်။ ဒါမျိုးတွေ အကုန်လုံးကို ကလေးတွေအတွက် ဂရုစိုက်ပြီး နောက်ကို ပို့လိုက်ရတာပေါ့။ အဲ ဒီအတွက်လည်း စိတ်ထဲမှာ ဝမ်း နည်းတာတွေ၊ အားငယ်တာတွေ မဖြစ်ပါဘူး။ သူတို့အတွက်ပဲ တွေး တော့တာ။ သူတို့ ဒီလောကထဲကို ရောက်လာရင် မပင်ပန်းစေချင်ဘူး။ ဘဝကို အေးအေးဆေးဆေး လေး ဖြတ်သန်းစေချင်တယ်။ စိတ်ကောင်းနှလုံးကောင်းရှိပြီး လူသားတွေရဲ့အကျိုးကို ဆောင်ရွက်နိုင် တဲ့၊ ကျန်းမာတဲ့ သမီးလေးတွေ မွေးဖွားဖို့ ဘုရားဆီမှာ ထရီဇာဆုတောင်းတယ်’’ဟု ချစ်သုဝေက ပြောသည်။

ပရိသတ်နှင့် အဆက်မပြတ် လိုသောကြောင့် အနုပညာလှုပ် ရှားမှုအနေဖြင့် ကြော်ငြာအချို့ လက်ခံရိုက်ကူးဖြစ်ပြီး ရင်သွေး များကို မွေးဖွားပြီးချိန်၌လည်း ကလေးများအနားတွင် အချိန်ပေးနေလို၍   အနုပညာလှုပ်ရှားမှု၌ အဆင်ပြေမည့်အလုပ်များကို သာ ရွေးချယ်လုပ်ဖြစ်မည်ဟု ၎င်း ကဆိုသည်။

‘‘လုပ်လက်စ စီးရီးကတော့ အတီးတွေက အကုန်ပြီးပြီ။ ထရီ ဇာဆိုဖို့ပဲ ကျန်တာဆိုတော့ ခြောက်လ၊ ခုနစ်လမှာ အဆင်ပြေ တဲ့ နေကောင်းတဲ့အချိန်ကျရင် ဆိုထားပြီးတော့ အားလုံးရယ်ဒီ လုပ်ထားမယ်။ ပိုစတာရိုက်တာ တို့၊ အမ်တီဗီရိုက်တာတို့ကတော့ ကိုယ့်ဗိုက်နဲ့ အဆင်မပြေတော့ဘူး ဆိုတော့ ကလေးတွေမွေးပြီးမှပဲ ဖြစ်လိမ့်မယ်’’ဟု တစ်ကိုယ်တော် အခွေနှင့်ပတ်သက်၍ ၎င်းက ပြောကြားသည်။

Credit: 7 day daily


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top