iMyanmarHouse.com - Best Property Website for Myanmar
×

အဆိုေတာ္မေလး ေတလာဆြစ္နဲ႔ ၿဗိတိန္သ႐ုပ္ေဆာင္ တြမ္ဟစ္ဒယ္လ္စတန္တုိ႔ရဲ႕ သည္းသည္းလႈပ္အခ်စ္ေရးကေတာ့ သံုးလအၾကာမွာပဲ ၿပီးဆံုးသြားခဲ့ပါၿပီ။ မ်ားစြာေသာ သတင္းရင္းျမစ္ေတြနဲ႔ ႏွစ္ဖက္ရင္းႏွီးသူေတြကလည္း ေတလာနဲ႔တြမ္တို႔ရဲ႕ ခ်စ္ႀကိဳးေတြျပတ္ေတာက္ကုန္ၿပီဆိုတာကို အတည္ျပဳေပးခဲ့ၾကပါတယ္။

ေတလာဆြစ္ဘက္ကပဲ တြမ္ကို ခြာထုတ္ခ်င္တာလို႔ သိရပါတယ္။ တြမ္က ေတလာနဲ႔အတူ လူျမင္ကြင္းမွာ ပိုၿပီးထင္ထင္ေပၚေပၚတြဲဖုိ႔လိုလားေပမယ့္ ေတလာဆြစ္ဘက္က ျငင္းဆန္ေနခဲ့ရာကေန ခုေလာက္ထိျဖစ္သြားခဲ့ၾကတာပါ။ ၾသဂုတ္လတည္းက သူတို႔ႏွစ္ဦးၾကားမွာ တင္းမာမႈေတြစၿပီးျဖစ္ေနခဲ့တယ္လို႔လည္း အတြင္းလူတစ္ဦးက ေဖာက္သည္ခ်ပါတယ္။ ဒီလကုန္မွာ က်င္းပမယ့္ အမ္မီဆုေပးပြဲကို အတူတက္ဖို႔ တြမ္ကေျပာေပမယ့္ ေတလာက လက္မခံခဲ့ပါဘူး။ သိပ္မၾကာခင္မွာပဲ ႏွစ္ေယာက္သား ခြာၿပဲသြားၾကပါေတာ့တယ္။

ေတလာဆြစ္နဲ႔ တြမ္ဟစ္ဒယ္လ္စတန္တုိ႔ဟာ ေမလတုန္းက Met Gala ပြဲမွာ စၿပီး ခ်ိတ္မိခဲ့ၾကတာျဖစ္ၿပီး ဇြန္လမွာေတာ့ ကမ္းေျခမွာနမ္းေနၾကတဲ့ပံုေတြဟာ အြန္လိုင္းေပၚမွာ ပလူပ်ံခဲ့ပါတယ္။ တြမ္နဲ႔ေတလာတို႔ ႀကိဳက္သြားၾကတာကို မယံုၾကည္ႏိုင္ျဖစ္ခဲ့ၾကရေပမယ့္ တကယ္တမ္းမွာလည္း သံုးလအၾကာမွာ အဆံုးသတ္သြားၾကပါတယ္။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အဆိုတော်မလေး တေလာဆွစ်နဲ့ ဗြိတိန်သရုပ်ဆောင် တွမ်ဟစ်ဒယ်လ်စတန်တို့ရဲ့ သည်းသည်းလှုပ်အချစ်ရေးကတော့ သုံးလအကြာမှာပဲ ပြီးဆုံးသွားခဲ့ပါပြီ။ များစွာသော သတင်းရင်းမြစ်တွေနဲ့ နှစ်ဖက်ရင်းနှီးသူတွေကလည်း တေလာနဲ့တွမ်တို့ရဲ့ ချစ်ကြိုးတွေပြတ်တောက်ကုန်ပြီဆိုတာကို အတည်ပြုပေးခဲ့ကြပါတယ်။

တေလာဆွစ်ဘက်ကပဲ တွမ်ကို ခွာထုတ်ချင်တာလို့ သိရပါတယ်။ တွမ်က တေလာနဲ့အတူ လူမြင်ကွင်းမှာ ပိုပြီးထင်ထင်ပေါ်ပေါ်တွဲဖို့လိုလားပေမယ့် တေလာဆွစ်ဘက်က ငြင်းဆန်နေခဲ့ရာကနေ ခုလောက်ထိဖြစ်သွားခဲ့ကြတာပါ။ သြဂုတ်လတည်းက သူတို့နှစ်ဦးကြားမှာ တင်းမာမှုတွေစပြီးဖြစ်နေခဲ့တယ်လို့လည်း အတွင်းလူတစ်ဦးက ဖောက်သည်ချပါတယ်။ ဒီလကုန်မှာ ကျင်းပမယ့် အမ်မီဆုပေးပွဲကို အတူတက်ဖို့ တွမ်ကပြောပေမယ့် တေလာက လက်မခံခဲ့ပါဘူး။ သိပ်မကြာခင်မှာပဲ နှစ်ယောက်သား ခွာပြဲသွားကြပါတော့တယ်။

တေလာဆွစ်နဲ့ တွမ်ဟစ်ဒယ်လ်စတန်တို့ဟာ မေလတုန်းက Met Gala ပွဲမှာ စပြီး ချိတ်မိခဲ့ကြတာဖြစ်ပြီး ဇွန်လမှာတော့ ကမ်းခြေမှာနမ်းနေကြတဲ့ပုံတွေဟာ အွန်လိုင်းပေါ်မှာ ပလူပျံခဲ့ပါတယ်။ တွမ်နဲ့တေလာတို့ ကြိုက်သွားကြတာကို မယုံကြည်နိုင်ဖြစ်ခဲ့ကြရပေမယ့် တကယ်တမ်းမှာလည်း သုံးလအကြာမှာ အဆုံးသတ်သွားကြပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top