iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ဦးၾကြယ္၀ ခ်မ္းသာနိုင္ေျခ ရိွမရိွသည္ မိ်ဳးဗီဇနွင့္ မဆိုင္ဘဲ ပတ္၀န္းက်င္နွင့္သာ သက္ဆိုင္ေၾကာင္း ေလ့လာမႈ တစ္ခုအရ သိရသည္။ဥစၥာစည္းစိမ္ ေပါမ်ားေရး ၾကိဳးပမ္းရာတြင္ မိ်ဳးရိုးထက္ ပတ္၀န္းက်င္ အေနအထားက ပိုမိုအေရးပါေၾကာင္း သုေတသန ပညာရွင္မ်ားက ေလ့လာ ေတြ႔ရိွခဲ့သည္။

”ၾကြယ္၀ ခ်မ္းသာမႈမွာ ဗီဇက သိပ္အေရးမပါပါဘူး” ဟု ဆီြဒင္နိုင္ငံ လန္႔တကၠသိုလ္မွ ေဘာဂေဗဒ ပါေမာကၡကာဗာ မာယလီဆီက ေျပာဆိုခဲ့သည္။ၾကြယ္၀ခ်မ္းသာမႈနွင့္ ဆိုင္ေသာ မိ်ဳးဗီဇရိွမရိွနွင့္ ပတ္သက္ျပီး သုေတသန ပညာရွင္မ်ားက ေလ့လာမႈမ်ားကို ျပဳလုပ္ခဲ့ျပီး ျဖစ္သည္။ ၾကြယ္၀ခ်မ္းသာမႈနွင့္ ဆိုင္ေသာ မိ်ဳးဗီဇသည္ ဘိုးေဘးမ်ားမွ သားသမီးေျမးျမစ္မ်ားသို႔ လက္ဆင့္ကမ္းျခင္း ရိွမရိွကိုလည္း ပညာရွင္မ်ားက ေလ့လာခဲ့သည္။

ဆီြဒင္ ပညာရွင္မ်ားသည္ ေမြးစားခံခဲ့ရသည့္ ကေလးငယ္မ်ား အေျခအေနကို ေလ့လာခဲ့ျခင္း ျဖစ္သည္။ ပညာရွင္မ်ားသည္ ၁၉၅၀ မွ ၁၉၇၀ ခုနွစ္အတြင္း ေမြးစားခံခဲ့ရသည့္ ကေလးငယ္ ၂၅၁၉ ဦးတို႔နွင့္ ပတ္သက္ေသာ သတင္း အခ်က္အလတ္မ်ားကို ေလ့လာခဲ့သည္။ ပညာရွင္မ်ားသည္ အေမြးစားခံမ်ား၏ ၾကြယ္၀ ခ်မ္းသာမႈ ပမာဏကို မိဘအရင္းနွင့္ ေမြးစားမိဘမ်ား၏ ၾကြယ္၀ခ်မ္းသာမႈ ပမာဏမ်ားနွင့္ နိႈင္းယွဥ္ ေလ့လာခဲ့သည္။

မိဘအရင္းမ်ားသည္ ေမြးစား မိဘမ်ားနွင့္ နိႈင္းယွဥ္လွ်င္ ပိုမိုငယ္ရြယ္၊ ပိုမိုဆင္းရဲျပီး ပညာလည္း ေကာင္းစြာ မတတ္ၾကေၾကာင္း ေတြ႔ရိွခဲ့သည္။ ေမြးစား မိဘမ်ားသည္ မိဘအရင္းနွင့္ နိႈင္းယွဥ္လွ်င္ ကေလးငယ္ ၾကီးျပင္းလာလွ်င္ ရိွလာမည့္ ၾကြယ္၀ခ်မ္းသာမႈ ပမာဏအေပၚ (၁ ဒသမ ၇) မွ (၂ ဒသမ ၄) ဆအထိ ပိုမိုသက္ေရာက္မႈ ရိွခဲ့ေၾကာင္း သုေတသန ပညာရွင္မ်ား ေလ့လာ ေတြ႔ရိွခဲ့သည္။

ၾကြယ္၀ခ်မ္းသာမႈဆိုင္ရာ မိ်ဳးဗီဇ ဆိုသည္မွာ စိတ္ကူးယဥ္မႈ ျဖစ္ျပီး ကေလးငယ္ တစ္ဦးသည္ ၾကြယ္၀ ခ်မ္းသာသည့္ မိသားစုတြင္ ေနထိုင္ရပါက ေငြရွာျခင္း သေဘာကို ပိုမိုနားလည္ သေဘာေပါက္ျပီး ၾကြယ္၀ ခ်မ္းသာနိုင္ေျခ ပိုမ်ားသည္ကို ေလ့လာ ေတြ႔ရိွခဲ့ေၾကာင္း မာယလီဆီက ေျပာဆိုခဲ့သည္။

Credit: Messenger
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

တစ်ဦးကြွယ်၀ ချမ်းသာနိုင်ခြေ ရှိမရှိသည် မျိုးဗီဇနှင့် မဆိုင်ဘဲ ပတ်ဝန်းကျင်နှင့်သာ သက်ဆိုင်ကြောင်း လေ့လာမှု တစ်ခုအရ သိရသည်။ဥစ္စာစည်းစိမ် ပေါများရေး ကြိုးပမ်းရာတွင် မျိုးရိုးထက် ပတ်ဝန်းကျင် အနေအထားက ပိုမိုအရေးပါကြောင်း သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

”ကြွယ်၀ ချမ်းသာမှုမှာ ဗီဇက သိပ်အရေးမပါပါဘူး” ဟု ဆွီဒင်နိုင်ငံ လန့်တက္ကသိုလ်မှ ဘောဂဗေဒ ပါမောက္ခကာဗာ မာယလီဆီက ပြောဆိုခဲ့သည်။ကြွယ်ဝချမ်းသာမှုနှင့် ဆိုင်သော မျိုးဗီဇရှိမရှိနှင့် ပတ်သက်ပြီး သုတေသန ပညာရှင်များက လေ့လာမှုများကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ကြွယ်ဝချမ်းသာမှုနှင့် ဆိုင်သော မျိုးဗီဇသည် ဘိုးဘေးများမှ သားသမီးမြေးမြစ်များသို့ လက်ဆင့်ကမ်းခြင်း ရှိမရှိကိုလည်း ပညာရှင်များက လေ့လာခဲ့သည်။

ဆွီဒင် ပညာရှင်များသည် မွေးစားခံခဲ့ရသည့် ကလေးငယ်များ အခြေအနေကို လေ့လာခဲ့ခြင်း ဖြစ်သည်။ ပညာရှင်များသည် ၁၉၅၀ မှ ၁၉၇၀ ခုနှစ်အတွင်း မွေးစားခံခဲ့ရသည့် ကလေးငယ် ၂၅၁၉ ဦးတို့နှင့် ပတ်သက်သော သတင်း အချက်အလတ်များကို လေ့လာခဲ့သည်။ ပညာရှင်များသည် အမွေးစားခံများ၏ ကြွယ်၀ ချမ်းသာမှု ပမာဏကို မိဘအရင်းနှင့် မွေးစားမိဘများ၏ ကြွယ်ဝချမ်းသာမှု ပမာဏများနှင့် နှိုင်းယှဉ် လေ့လာခဲ့သည်။

မိဘအရင်းများသည် မွေးစား မိဘများနှင့် နှိုင်းယှဉ်လျှင် ပိုမိုငယ်ရွယ်၊ ပိုမိုဆင်းရဲပြီး ပညာလည်း ကောင်းစွာ မတတ်ကြကြောင်း တွေ့ရှိခဲ့သည်။ မွေးစား မိဘများသည် မိဘအရင်းနှင့် နှိုင်းယှဉ်လျှင် ကလေးငယ် ကြီးပြင်းလာလျှင် ရှိလာမည့် ကြွယ်ဝချမ်းသာမှု ပမာဏအပေါ် (၁ ဒသမ ၇) မှ (၂ ဒသမ ၄) ဆအထိ ပိုမိုသက်ရောက်မှု ရှိခဲ့ကြောင်း သုတေသန ပညာရှင်များ လေ့လာ တွေ့ရှိခဲ့သည်။

ကြွယ်ဝချမ်းသာမှုဆိုင်ရာ မျိုးဗီဇ ဆိုသည်မှာ စိတ်ကူးယဉ်မှု ဖြစ်ပြီး ကလေးငယ် တစ်ဦးသည် ကြွယ်၀ ချမ်းသာသည့် မိသားစုတွင် နေထိုင်ရပါက ငွေရှာခြင်း သဘောကို ပိုမိုနားလည် သဘောပေါက်ပြီး ကြွယ်၀ ချမ်းသာနိုင်ခြေ ပိုများသည်ကို လေ့လာ တွေ့ရှိခဲ့ကြောင်း မာယလီဆီက ပြောဆိုခဲ့သည်။

Credit: Messenger

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top