iMyanmarHouse.com - Best Property Website for Myanmar
×

အ၀တ္လဲခန္းထဲမွာ hidden camera (လွ်ိဳ႕၀ွက္ ကင္မရာ) တပ္ဆင္ထားမထား ဘယ္လိုသိႏိုင္မလဲ အ၀တ္အထည္စတိုးဆိုင္ႀကီးေတြနဲ႔ ပလာဇာေတြရဲ႕ အ၀တ္အစားလဲခန္း (အ၀တ္အထည္အသစ္ေတြကို စမ္းသပ္၀တ္ဆင္ၾကည့္တဲ့အခန္း) ေတြမွာ မသမာသူေတြက hidden camera (လွိ်ဳ႕၀ွက္ ကင္မရာ) ေတြ တပ္ဆင္ထားႏိုင္ပါတယ္။

ကင္မရာေတြဟာ ေသးငယ္လြန္းတာေၾကာင့္ ဘယ္နားမွာတပ္ဆင္ထားလဲဆိုတာ ေတာ္႐ံုတန္႐ံုမသိႏိုင္ပါဘူး။ ဒီျပႆနာကို ေျဖ႐ွင္းဖို႕ အလြယ္ကူဆံုး နည္းလမ္းကေတာ့ မိမိမွာပါလာတဲ့ mobile phone နဲ႔စမ္းသပ္တဲ့နည္းပါပဲ။

1. အ၀တ္လဲခန္းထဲကိုမ၀င္မီ မိမိဖုန္းကို ဖုန္းေခၚဆိုမွဳ လုပ္လို႕ရမရ စစ္ေဆးထားပါ။

2. အ၀တ္လဲခန္းထဲကိုေရာက္သြားတဲ့အခါ မိမိရဲ႕ mobile phone ကို ဖုန္းေခၚဆိုမွဳ ျပဳလုပ္ၾကည့္ပါ။

3. ဖုန္းေခၚလို႕မရဘူးဆိုရင္ အဲဒီအ၀တ္လဲခန္းထဲမွာ hidden camera ရွိေနဖို႕မ်ားသြားပါၿပီ။ ဖုန္းေခၚမရတဲ့အေၾကာင္းအရင္းကေတာ့ hidden camera ရဲ႕ ဖိုင္ဘာေကဘယ္က mobile phone လိုင္းကို အေႏွာက္အယွက္ျဖစ္ေစလို႕ပါပဲ။

ႏွစ္ဘက္ျမင္မွန္ (two way mirror) နဲ႕ ႐ိုး႐ိုးေၾကးမံုမွန္ကို ဘယ္လိုခြဲျခားမလဲ ဟိုတယ္ေတြရဲ႕ သန္႔စင္ခန္းေတြ၊ စတိုးဆိုင္ႀကီးေတြက အ၀တ္အစားလဲခန္းေတြ၊ ဟိုတယ္အိပ္ခန္းေတြ မွာတပ္ဆင္ထားတဲ့ မွန္ေတြဟာ တကယ့္ေၾကးမံုျပင္စစ္စစ္ေတြလား၊ ဒါမွမဟုတ္ ႏွစ္ဘက္ျမင္မွန္ (two way mirror) ေတြလား ဆိုတာ သင္ သံသယ၀င္ဖူးပါသလား? Two way mirror ဆိုတာကေတာ့ သင့္ဘက္ကၾကည့္ရင္ ေၾကးမံုျပင္အေနနဲ႔ သင့္ပံုရိပ္ကို သင္ျပန္ျမင္ေနရေပမယ့္ အျခားတစ္ဘက္က ၾကည့္ရင္ သင္လုပ္သမွ်ကို တစ္ဘက္လူက အကုန္ျမင္ေနရမွာပါ။ ေဟာလိ၀ုဒ္ စံုေထာက္ကားေတြမွာ တရားခံကို စစ္ေမးတဲ့အခန္းထဲမွာ သံုးတဲ့မွန္မ်ိဳးေပါ့။ အေပၚယံၾကည့္႐ံုနဲ႔ေတာ့ ေၾကးမံုအစစ္လား၊ ႏွစ္ဘက္ျမင္မွန္လားဆိုတာ သိႏိုင္ဖို႕ အင္မတန္ခဲယဥ္းပါတယ္။ ဒါေပမယ့္ ႏွစ္ဘက္ျမင္မွန္ေတြကို သိႏိုင္တဲ့ လြယ္ကူ႐ိုးရွင္းေသာ စမ္းသပ္နည္းတစ္ခု ရွိပါတယ္။

1. သင့္ရဲ႕ လက္ေခ်ာင္းတစ္ေခ်ာင္းကို မွန္ရဲ႕ မ်က္ႏွာျပင္နဲ႔ ထိထားလိုက္ပါ။

2. သင့္ရဲ႕ လက္ေခ်ာင္းထိပ္က လက္သည္းခြံနဲ႔ မွန္ထဲမွာေပၚေနတဲ့ သင့္လက္ေခ်ာင္းလက္သည္းခြံၾကားမွာ အနည္းငယ္ကြာဟေနတယ္ဆိုရင္၊ ဒါဟာ သာမန္ ေၾကးမံုျပင္ပါ။

3. သင့္ရဲ႕လက္ေခ်ာင္းလက္သည္းခြံနဲ႔ မွန္ထဲမွာေပၚေနတဲ့ လက္ေခ်ာင္းလက္သည္းခြံ ႏွစ္ခုဟာ တိုက္႐ိုက္ထိစပ္ေနသလိုျဖစ္ေနတယ္၊ ၾကားထဲမွာ အကြာအေ၀းမရွိဘူးဆိုရင္ေတာ့၊ ဒါဟာ ႏွစ္ဘက္ျမင္မွန္ (two way mirror) ပါပဲ။

ဒီလိုျဖစ္ရျခင္းရဲ႕အေၾကာင္းအရင္းကေတာ့ သာမန္ေၾကးမံုျပင္ေတြမွာ မွန္ရဲ႕ တစ္ဘက္မ်က္ႏွာျပင္ကို ျပဒါးသုတ္လိမ္းထားၿပီး မွန္ၾကည့္သူဘက္က မ်က္ႏွာျပင္မွာေတာ့ ျပဒါးသုတ္လိမ္းထားျခင္းမရွိပါဘူး။ ဒါ့ေၾကာင့္ သင့္လက္ေခ်ာင္းထိပ္နဲ႔ မွန္ထဲကပံုရိပ္ရဲ႕ လက္ေခ်ာင္းထိပ္ၾကားမွာ မွန္တစ္ခ်ပ္စာ ကြာျခားေနမွာျဖစ္ပါတယ္။ ႏွစ္ဘက္ျမင္မွန္မွာေတာ့ ျပဒါးကို မွန္ၾကည့္သူဘက္က မ်က္ႏွာျပင္မွာ သုတ္လိမ္းထားတာမို႕ သင့္လက္ေခ်ာင္းနဲ႔ မွန္ထဲကလက္ေခ်ာင္းၾကားမွာ ကြာဟမွဳမရွိေတာ့တာပါ။ ဒါ့ေၾကာင့္ ဘယ္ေနရာမွာပဲျဖစ္ျဖစ္၊ မွန္ေရွ႕ေရာက္ရင္ မွန္မ်က္ႏွာျပင္ကို လက္သည္းထိပ္ေလးနဲ႔ ထိၾကည့္ဖို႕မေမ့ပါနဲ႔။

ဒီစာေလးကို သင့္ရဲ႕ "သူငယ္ခ်င္းေတြ၊ ညီအစ္ကို ေမာင္ႏွမ" ေတြဆီကို Share တစ္ခ်က္ လုပ္ေပးပါ။

ဒီစာေလးကိုမွ်ေ၀ျခင္းအားျဖင့္ "အမ်ိဳးေကာင္းသမီးမ်ားစြာရဲ႕ အ႐ွက္နဲ႔ သိကၡာ" ကို ကယ္တင္ႏိုင္မွာျဖစ္ပါတယ္။


Credit: ပ်ိဳေမတို့သိေစဖို့

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အဝတ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အဝတ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အဝတ်အစားလဲခန်း (အဝတ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။

ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အဝတ်လဲခန်းထဲကိုမဝင်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အဝတ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအဝတ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အဝတ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယဝင်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။

3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။

ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို Share တစ်ချက် လုပ်ပေးပါ။

ဒီစာလေးကိုမျှဝေခြင်းအားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။


Credit: ပျိုမေတို့သိစေဖို့


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top