iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ အလွအပကို စိတ္၀င္စားတဲ့သူ ဟုတ္ဟုတ္၊ မဟုတ္ဟုတ္ ကိုယ့္ရဲ႕မ်က္ႏွာက အစိတ္အပုိင္းတစ္ခ်ိဳ႕အေၾကာင္းကိုေတာ့ သိထားသင့္တယ္ မဟုတ္လား။ ခုေျပာျပေပးမွာက မ်က္ေတာင္အေၾကာင္းေတြေပါ့။ အမ်ိဳးသမီးေတြအေနနဲ႔ မ်က္ေတာင္ေလးေတြ ေကာ့ေနေအာင္၊ မ်က္ေတာင္ေမႊးရွည္ရွည္ေလး ျဖစ္ခ်င္ၾကေလ့ရွိတဲ့ အဲ့ဒီမ်က္ေတာင္ရဲ႕ အေၾကာင္းကို ေျပာျပေပးခ်င္ပါတယ္။

၁။သူတုိ႔ဟာ သင့္ရဲ႕မ်က္လံုးကို ကာကြယ္ေပးပါတယ္။

မ်က္ခံုးေမႊးလိုပဲ ဒီလိုေသးငယ္တဲ့ အေမႊးေတြမွာ အညစ္အေၾကးေလးေတြ ကပ္ေနတတ္ပါတယ္။ အျပင္ကလာတဲ့ ဖုန္မုန္႔၊ အျခား အညစ္အေၾကးတစ္ခ်ိဳ႕ မ်က္လံုးထဲ မ၀င္ေအာင္ သူတုိ႔က တစ္ဆင့္ကာေပးထားသလိုလည္း ျဖစ္ေနပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ မ်က္ေတာင္ေတြဟာ သူ႕တို႔ဘာသာသူတုိ႔ ကၽြတ္ထြက္တတ္ပါတယ္။ ကံမေကာင္းရင္ေတာ့ မ်က္လံုးထဲ မ်က္ေတာင္ေလးေတြ ၀င္သြားတတ္တာပါပဲ။

၂။မ်က္ေတာင္ေတြ ေန႔တုိင္း ကၽြတ္ပါတယ္။

လူတစ္ေယာက္ဟာ တစ္ေန႔မွာ မ်က္ေတာင္ေမႊး တစ္ေမႊးကေန ငါးေမႊးအထိ ကၽြတ္ႏိုင္ပါတယ္။ သံုးလေလာက္ၾကာရင္ မ်က္ေတာင္ဟာ သူ႕ဘာသာသူ ျပန္ေပါက္တာပါပဲ။ ဆံပင္ထက္ေတာ့ ပိုတုိတာေပ့ါေလ။

၃။တစ္ေန႔မွာ မ်က္ေတာင္ေမႊးရဲ႕ ရွည္ထြက္ျခင္းဟာ ၁၆မီလီမီတာ သာရွိပါတယ္။

မ်က္ေတာင္ေလးေတြဟာ တစ္ေန႔ကို ပ်မ္းမွ်အားျဖင့္ ၁၆မီလီမီတာ ရွည္ထြက္လာပါတယ္။ ဒါ့ေၾကာင့္ မ်က္ေတာင္ေမႊးညွပ္ထားမယ္ဆုိရင္လည္း သူတုိ႔ျပန္ရွည္လာတယ္ဆုိတာ မွန္ေပမယ့္ အနည္းဆံုး ငါးလေလာက္ၾကာပါလိမ့္မယ္။

၄။အေပၚမ်က္ေတာင္ေမႊးနဲ႔ ေအာက္မ်က္ေတာင္ေမႊးရဲ႕ ကြာျခားခ်က္ေတြ ရွိေနပါတယ္။

သင့္ရဲ႕အေပၚမ်က္ေတာင္ေမႊးဟာ ေအာက္ထက္ပိုမ်ားျပားေနတယ္ဆိုတာ အထူးေျပာျပစရာ မလိုေတာ့ပါဘူး။ အေပၚဟာ ေအာက္ထက္ ႏွစ္ဆနီးပါး ပိုပါတယ္။ အေပၚမ်က္ေတာင္ေမႊးဟာ အနည္းဆံုး ၂၀၀ကေန ၃၀၀အထိ ရွိတတ္ပါတယ္။

၅။မ်က္ေတာင္အရွည္ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ မတူညီၾကပါ။

အရွည္ဆံုး မ်က္ေတာင္ေမႊးဟာ ၂.၇၅ လက္မထိရွိတယ္လို႔ သိရပါတယ္။ အတိအက်ဆိုရရင္ျဖင့္ ၆.၉၉ စင္တီမီတာပါ။ ပံုမွန္အားျဖင့္ေတာ့ လူတစ္ေယာက္ရဲ႕ မ်က္ေတာင္ဟာ ၁၀မီလီမီတာအထိပဲ ရွည္ၾကတာပါ။

Credit: trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သင်ဟာ အလှအပကို စိတ်ဝင်စားတဲ့သူ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကိုယ့်ရဲ့မျက်နှာက အစိတ်အပိုင်းတစ်ချို့အကြောင်းကိုတော့ သိထားသင့်တယ် မဟုတ်လား။ ခုပြောပြပေးမှာက မျက်တောင်အကြောင်းတွေပေါ့။ အမျိုးသမီးတွေအနေနဲ့ မျက်တောင်လေးတွေ ကော့နေအောင်၊ မျက်တောင်မွှေးရှည်ရှည်လေး ဖြစ်ချင်ကြလေ့ရှိတဲ့ အဲ့ဒီမျက်တောင်ရဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။

၁။သူတို့ဟာ သင့်ရဲ့မျက်လုံးကို ကာကွယ်ပေးပါတယ်။

မျက်ခုံးမွှေးလိုပဲ ဒီလိုသေးငယ်တဲ့ အမွှေးတွေမှာ အညစ်အကြေးလေးတွေ ကပ်နေတတ်ပါတယ်။ အပြင်ကလာတဲ့ ဖုန်မုန့်၊ အခြား အညစ်အကြေးတစ်ချို့ မျက်လုံးထဲ မဝင်အောင် သူတို့က တစ်ဆင့်ကာပေးထားသလိုလည်း ဖြစ်နေပါတယ်။ နောက်တစ်ချက်ကတော့ မျက်တောင်တွေဟာ သူ့တို့ဘာသာသူတို့ ကျွတ်ထွက်တတ်ပါတယ်။ ကံမကောင်းရင်တော့ မျက်လုံးထဲ မျက်တောင်လေးတွေ ဝင်သွားတတ်တာပါပဲ။

၂။မျက်တောင်တွေ နေ့တိုင်း ကျွတ်ပါတယ်။

လူတစ်ယောက်ဟာ တစ်နေ့မှာ မျက်တောင်မွှေး တစ်မွှေးကနေ ငါးမွှေးအထိ ကျွတ်နိုင်ပါတယ်။ သုံးလလောက်ကြာရင် မျက်တောင်ဟာ သူ့ဘာသာသူ ပြန်ပေါက်တာပါပဲ။ ဆံပင်ထက်တော့ ပိုတိုတာပေ့ါလေ။

၃။တစ်နေ့မှာ မျက်တောင်မွှေးရဲ့ ရှည်ထွက်ခြင်းဟာ ၁၆မီလီမီတာ သာရှိပါတယ်။

မျက်တောင်လေးတွေဟာ တစ်နေ့ကို ပျမ်းမျှအားဖြင့် ၁၆မီလီမီတာ ရှည်ထွက်လာပါတယ်။ ဒါ့ကြောင့် မျက်တောင်မွှေးညှပ်ထားမယ်ဆိုရင်လည်း သူတို့ပြန်ရှည်လာတယ်ဆိုတာ မှန်ပေမယ့် အနည်းဆုံး ငါးလလောက်ကြာပါလိမ့်မယ်။

၄။အပေါ်မျက်တောင်မွှေးနဲ့ အောက်မျက်တောင်မွှေးရဲ့ ကွာခြားချက်တွေ ရှိနေပါတယ်။

သင့်ရဲ့အပေါ်မျက်တောင်မွှေးဟာ အောက်ထက်ပိုများပြားနေတယ်ဆိုတာ အထူးပြောပြစရာ မလိုတော့ပါဘူး။ အပေါ်ဟာ အောက်ထက် နှစ်ဆနီးပါး ပိုပါတယ်။ အပေါ်မျက်တောင်မွှေးဟာ အနည်းဆုံး ၂၀၀ကနေ ၃၀၀အထိ ရှိတတ်ပါတယ်။

၅။မျက်တောင်အရှည်ဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါ။

အရှည်ဆုံး မျက်တောင်မွှေးဟာ ၂.၇၅ လက်မထိရှိတယ်လို့ သိရပါတယ်။ အတိအကျဆိုရရင်ဖြင့် ၆.၉၉ စင်တီမီတာပါ။ ပုံမှန်အားဖြင့်တော့ လူတစ်ယောက်ရဲ့ မျက်တောင်ဟာ ၁၀မီလီမီတာအထိပဲ ရှည်ကြတာပါ။

Credit: trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top