iMyanmarHouse.com - Best Property Website for Myanmar
×
ဒီစိတ်ကူးသေးသေးလေးတွေကို ပြုလုပ်ပေးရင် သင့်ချစ်သူက သူ့အပေါ် သင်ဂရုစိုက်တယ်ဆိုပြီး အချစ်တိုးမှာ အမှန်ပါပဲ။
၂၁။ စက်ဘီးအတူစီးပါ။
Credit :duwun
ပို့သပေးပါတယ်။
#Unicode Version
ချစ်သူကို ဂရုစိုက်ကြင်နာပြဖို့ဆိုုတာ အချိန်အများကြီးပေးရတယ်၊ အများကြီး အားထုတ်ရတယ်လို့ လူတွေက ထင်ကြပါတယ်။ ချစ်သူကို ဂရုစိုက်ကြောင်းပြဖို့ စိန်လက်စွပ်ဝယ်ပေးမှ၊ နိုင်ငံခြားခရီးစဉ် လိုက်ပို့ပေးမှစတဲ့ အချိန်တွေ၊ငွေတွေ များစွာ ကုန်တဲ့ အရာတွေကို လုပ်နိုင်စရာမလိုပါဘူး။
ဒီစိတ်ကူးသေးသေးလေးတွေကို ပြုလုပ်ပေးရင် သင့်ချစ်သူက သူ့အပေါ် သင်ဂရုစိုုက်တယ်ဆိုပြီး အချစ်တိုးမှာ အမှန်ပါပဲ။
၁။ ဘာအမှတ်တရနေ့မှ မဟုတ်ဘဲ ဒီလိုပဲ လက်ဆောင်ပေးချင်လို့ဆိုပြီး လက်ဆောင်လေးတစ်ခု ဝယ်လာပေးပါ။
၂။ သူအကြိုက်ဆုံး စားသောက်ဆိုင်ဟင်းလျာတစ်မျိုးကို အိမ်မှာ ဖန်တီးပေးပါ။
၃။ အလုပ်မှာ သူအရမ်းပင်ပန်းလာတဲ့အခါ အားပေးစကား ပြောပါ။
၅။ "ချစ်တယ်" လို့ စာရွက်တစ်ရွက်မှာ ရေးပြီး သူ့ရဲ့ပိုက်ဆံအိတ်ထဲကို ထည့်ထားလိုက်ပါ။
၆။ သူ့ရုံးကိုသွားပြီး နေ့လယ်စာ ကျွေးဖို့ ခေါ်ပါ။
၇။ အမှားလုပ်ပြီးတိုင်း အလျင်အမြန်တောင်းပန်ပါ။
၈။ တစ်ခါတလေ သူသွားချင်တဲ့နေရာကို ဂျီမကျဘဲ သွားခွင့်ပေးလိုက်ပါ။
၉။ စကားနိုင်လုပြောတဲ့အခါ အလျှော့ပေးလိုက်ပါ။
၁၀။ သူ့ရဲ့ခြေထောက်တွေကို နှိပ်နယ်ပေးပါ။
၁၁။ သူ စိတ်ညစ်နေတဲ့အခါ သူ့ဘာသာ အေးဆေးနေပါစေ။
၁၂။ အခွင့်ကြုံရင် ကြုံသလို ချစ်တယ်လို့ ပြောပေးပါ။
၁၃။ သူ အရမ်းညောင်းညာနေတဲ့အခါ စိတ်ရှည်လက်ရှည် နှိပ်နယ်ပေးလိုက်ပါ။
၁၄။ စာအတူဖတ်ပါ။ တစ်ယောက်တစ်လှည့် ဖတ်ပြပါ။
၁၅။ အစားအသောက်ကို အတူတူချက်ပြုတ် စားပါ။
၁၆။ ကိုယ့်ရဲ့ရည်မှန်းချက်တွေ ဖြစ်ချင်တာတွေကို အချင်းချင်းပြောပြပါ။
၁၇။ နှစ်ယောက်အတူ လုပ်ချင်တဲ့အရာတွေကို ရှာဖွေပါ။
၁၈။ အစီအစဉ်မရှိဘဲ ခရီးထသွားတာမျိုး လုပ်ပါ။
၁၉။ နှစ်ယောက်အတူ လမ်းလျှောက်ထွက်ပါ။
၂၀။ သူ့ဆံပင်ကို သုတ်ပေးတာ၊ ဖြီးပေးတာတို့ လုပ်ပေးပါ။
၂၁။ စက်ဘီးအတူစီးပါ။
၂၂။ သူနဲ့ စတွေ့တာနဲ့ နမ်းပါ။ ခွဲခွာခါနီးတိုင်း အနမ်းပေးပါ။
၂၃။ သူ လိုအပ်နေတဲ့ ပစ္စည်းတစ်ခုခုကို ကိုယ်တိုင် သွားဝယ်ပေးပါ။
၂၄။ ဘာလုပ်ပေးစေချင်လဲ မေးမြန်းပြီး သူလိုအပ်တာကို လုပ်ပေးပါ။
၂၅။ ချစ်တယ်ဆိုတဲ့ စကားအတွက် လျှို့ဝှက်အမှတ်အသား ဒါမှမဟုတ် လျှို့ဝှက်စကားတစ်ခု ဖန်တီးပြီး ချစ်တယ်လို့ တိုက်ရိုက်ပြောလို့မရတဲ့ လူတွေကြားထဲရောက်ချိန်မျိုးမှာ အသုံးပြုပေးပါ။
Credit :duwun
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top