iMyanmarHouse.com - Best Property Website for Myanmar
×

သိပၸံပညာရွင္ေတြရဲ႕ ေလ့ေလာေတြ႕ရွိခ်က္အရ အေနေ၀းေနတဲ့ ခ်စ္သူစံုတြဲေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ ခြဲခြာေနထုိင္ရေပမယ့္ စိတ္ခ်င္းနီးစပ္မႈ ပိုရွိႏိုင္ၾကတယ္လို႔ သိရပါတယ္။ ဒါ ဟုတ္မွဟုတ္ပါ့မလားလုိ႔ ထင္ခ်င္စရာပါပဲ။ လူေတြက ထင္ၾကပါလိမ့္မယ္။ ေ၀းေနတဲ့အခ်စ္ေရးက အလုပ္ျဖစ္တယ္ဆုိရင္ေတာင္ ဒီအခ်စ္ေရးကို ေဖာ္ေဆာင္ေနတဲ့ လူနွစ္ဦးအတြက္ကေတာ့ လြယ္မလိုနဲ႔ ခက္ခဲ့တဲ့အျဖစ္ပါပဲလိုေပါ့။ ဒါေပမယ့္ ေလ့လာေတြ႕ရွိခ်က္ေတြအရေတာ့ ဒီလိုအေနေ၀းတဲ့ အခ်စ္ေရးဟာ တကယ္ကို အလုပ္ျဖစ္ပါတယ္တဲ့။ ဘယ္လိုမ်ားပါလဲ။

ဒီေလ့လာခ်က္ကို ေကာလိပ္ေက်ာင္းသား ၆၃ေယာက္ကို အေျခခံေလ့လာထားတာျဖစ္ျပီး ခ်စ္သူေတြအျမဲအတူရွိေပမယ့္ တစ္ဦးနဲ႔တစ္ဥိး စိတ္ေက်နပ္မႈမရွိႏိုင္တဲ့ အတြဲေတြက ႏွစ္ဦးသားအေ၀းကေန စြဲျမဲခ်စ္ေနၾကတဲ့လူေတြထက္ေတာင္ ပိုမ်ားေနတယ္လို႔ သိလိုက္ရတာပါ။ ဒါ့အျပင္ ေ၀းကြာေနရတဲ့ ခ်စ္သူစံုတြဲေတြဟာ သူတုိ႔အေတြးေတြ၊ ခံစားခ်က္ေတြကို သာမာန္အတြဲေတြထက္ ပိုတိတိက်က် ေျပာျပၾကတာေၾကာင့္ နီးစပ္မႈက ပိုေနပါတယ္တဲ့။

Queen တကၠသိုလ္က စိတ္ပညာေမဂ်ာ PhD ေက်ာင္းသူ Emma Dargie ကေတာ့ ေ၀းကြာေနသူေတြဟာ သူတုိ႔ဘာအလိုရွိတယ္ဆုိတာ အခ်င္းခ်င္း ေျပာျပေလ့ရွိၾကသလို တစ္ေယာက္ရဲ႕ေန႔စဥ္လုပ္ေဆာင္မႈေတြကိုလည္း လြတ္မသြားေအာင္ ပိုအာရံုထားတတ္ၾကတယ္လုိ႔ ဆုိပါတယ္။ အတူရွိေနသူေတြက ကိုယ့္ခ်စ္သူအေၾကာင္း အေသးစိတ္ နားလည္ေအာင္ မႀကိဳးစားခင္မွာ ေ၀းကြာေနတဲ့စံုတြဲေတြကေတာ့ ကိုယ့္ခ်စ္သူရဲ႕ စိတ္ေနစိတ္ထားေတြကိုေတာင္ အားလံုးအလြတ္ရတဲ့အထိ အာရံုစိုက္တတ္ၾကပါတယ္။ ဂရုစိုက္တဲ့အပုိင္းမွာလည္း ဒီလိုပါပဲ။ သူတုိ႔တတ္ႏိုင္တဲ့ဘက္က ဂရုစိုက္တာေလးေတြကို ျပသတတ္တာမို႔ ႏွစ္ဦးစလံုး ပီတိနဲ႔ နားလည္မႈ ဆုိတာကို ခံစားၾကရပါလိမ့္မယ္ လုိ႔ ထပ္မံျဖည့္စြက္ ထားပါတယ္။Dargie ဟာ ဒီလိုအေျဖေတြကို ရရွိဖုိ႔ အမ်ိဳးသမီး ၄၇၄ေယာက္နဲ႔ အမ်ိဳးသား ၂၄၃ေယာက္တုိ႔ကို ေလ့လာမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ျပီး ေမးခြန္းေတြေမးကာ သူသိခ်င္တာေတြကို အားလံုးကို ေရးသားခဲ့တာပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သိပ္ပံပညာရှင်တွေရဲ့ လေ့လောတွေ့ရှိချက်အရ အနေဝေးနေတဲ့ ချစ်သူစုံတွဲတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ခွဲခွာနေထိုင်ရပေမယ့် စိတ်ချင်းနီးစပ်မှု ပိုရှိနိုင်ကြတယ်လို့ သိရပါတယ်။ ဒါ ဟုတ်မှဟုတ်ပါ့မလားလို့ ထင်ချင်စရာပါပဲ။ လူတွေက ထင်ကြပါလိမ့်မယ်။ ဝေးနေတဲ့အချစ်ရေးက အလုပ်ဖြစ်တယ်ဆိုရင်တောင် ဒီအချစ်ရေးကို ဖော်ဆောင်နေတဲ့ လူနှစ်ဦးအတွက်ကတော့ လွယ်မလိုနဲ့ ခက်ခဲ့တဲ့အဖြစ်ပါပဲလိုပေါ့။ ဒါပေမယ့် လေ့လာတွေ့ရှိချက်တွေအရတော့ ဒီလိုအနေဝေးတဲ့ အချစ်ရေးဟာ တကယ်ကို အလုပ်ဖြစ်ပါတယ်တဲ့။ ဘယ်လိုများပါလဲ။

ဒီလေ့လာချက်ကို ကောလိပ်ကျောင်းသား ၆၃ယောက်ကို အခြေခံလေ့လာထားတာဖြစ်ပြီး ချစ်သူတွေအမြဲအတူရှိပေမယ့် တစ်ဦးနဲ့တစ်ဥိး စိတ်ကျေနပ်မှုမရှိနိုင်တဲ့ အတွဲတွေက နှစ်ဦးသားအဝေးကနေ စွဲမြဲချစ်နေကြတဲ့လူတွေထက်တောင် ပိုများနေတယ်လို့ သိလိုက်ရတာပါ။ ဒါ့အပြင် ဝေးကွာနေရတဲ့ ချစ်သူစုံတွဲတွေဟာ သူတို့အတွေးတွေ၊ ခံစားချက်တွေကို သာမာန်အတွဲတွေထက် ပိုတိတိကျကျ ပြောပြကြတာကြောင့် နီးစပ်မှုက ပိုနေပါတယ်တဲ့။

Queen တက္ကသိုလ်က စိတ်ပညာမေဂျာ PhD ကျောင်းသူ Emma Dargie ကတော့ ဝေးကွာနေသူတွေဟာ သူတို့ဘာအလိုရှိတယ်ဆိုတာ အချင်းချင်း ပြောပြလေ့ရှိကြသလို တစ်ယောက်ရဲ့နေ့စဉ်လုပ်ဆောင်မှုတွေကိုလည်း လွတ်မသွားအောင် ပိုအာရုံထားတတ်ကြတယ်လို့ ဆိုပါတယ်။ အတူရှိနေသူတွေက ကိုယ့်ချစ်သူအကြောင်း အသေးစိတ် နားလည်အောင် မကြိုးစားခင်မှာ ဝေးကွာနေတဲ့စုံတွဲတွေကတော့ ကိုယ့်ချစ်သူရဲ့ စိတ်နေစိတ်ထားတွေကိုတောင် အားလုံးအလွတ်ရတဲ့အထိ အာရုံစိုက်တတ်ကြပါတယ်။ ဂရုစိုက်တဲ့အပိုင်းမှာလည်း ဒီလိုပါပဲ။ သူတို့တတ်နိုင်တဲ့ဘက်က ဂရုစိုက်တာလေးတွေကို ပြသတတ်တာမို့ နှစ်ဦးစလုံး ပီတိနဲ့ နားလည်မှု ဆိုတာကို ခံစားကြရပါလိမ့်မယ် လို့ ထပ်မံဖြည့်စွက် ထားပါတယ်။Dargie ဟာ ဒီလိုအဖြေတွေကို ရရှိဖို့ အမျိုးသမီး ၄၇၄ယောက်နဲ့ အမျိုးသား ၂၄၃ယောက်တို့ကို လေ့လာမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး မေးခွန်းတွေမေးကာ သူသိချင်တာတွေကို အားလုံးကို ရေးသားခဲ့တာပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top