iMyanmarHouse.com - Best Property Website for Myanmar
×




Credit: 7Day Daily



Unicode Version

ဗြိတိန်အဆိုတော် ဇေ အင်မယ်လစ် ပါဝင်သီဆိုသော 'Freedun' သီချင်းတွင် ‘မုဒိမ်း ကျင့်သည် (rape)’ဟူသော သီချင်းစာသား ပါဝင်သည်ဟု ပရိ သတ်အချို့က ယူဆခဲ့ပြီး ဇေအင် မယ်လစ်ကို ပြစ်တင်ဝေဖန်နေကြ သည်။

ဗြိတိန်ရက်ပ်အဆိုတော် M.I.A ၏ သီချင်းသစ် 'Freedun'၌ ‘မုဒိမ်းကျင့်သည် (rape)’ဟူသော သီချင်းစာသား ပါဝင်သည်ဟု ပရိ သတ်အချို့က ယူဆခဲ့ပြီးနောက် ယင်းသီချင်းတွင် ပါဝင်သီဆိုခဲ့ သော ဇေအင်မယ်လစ်ကို ပရိသတ်များက ဝေဖန်ခဲ့ပြီး M.I.A အနေဖြင့် သီချင်းစာသားကို အွန်လိုင်း၌ ထုတ်ပြန်ပေးရန် ပရိသတ်များက တောင်းဆိုခဲ့သည်။

ယင်းသီချင်းစာသားကို ဇေအင်မယ်လစ် သီဆိုခြင်းမဟုတ် သော်လည်း အဆိုပါသီချင်း၌ ပါဝင်သီဆိုမှုအတွက် ၎င်းအပေါ် ပရိသတ်များက အပြစ်တင်ခဲ့သည်။ ဇေအင်မယ်လစ်ပရိသတ်များ၏ တောင်းဆိုမှုအရ M.I.Aသည် အငြင်းပွားမှုကို ပြေလည်စေရန် သီချင်းစာသားအပြည့်အစုံ ကို စက်တင်ဘာ ၂ရက်တွင် အွန်လိုင်း၌ ဖော်ပြပေးခဲ့သည်။ သီချင်းစာသားအမှန်မှာ rate ဖြစ်ပြီး ပရိသတ်များ နားကြားလွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

Credit: 7Day Daily



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top