iMyanmarHouse.com - Best Property Website for Myanmar
×

အခ်ိန္ေတြ ေျပာင္းလဲလာတာနဲ႔အမွ် ေခတ္ကာလကလည္း ေျပာင္းလဲလာပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ မိဘေတြ လက္ထက္တုန္းကေတာ့ လူငယ္ေတြဟာ ရည္းစားတစ္ေယာက္ထဲထားတတ္ၾကေပမယ့္ ကၽြန္ေတာ္တို႔ရဲ ႕မ်ိဳးဆက္မွာေတာ့ ရည္းစားေတြ အမ်ားႀကီး ထပ္ခါထပ္ခါ ထားတတ္တဲ့ ဓေလ့ ရွိလာခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ အဖိုးအဖြားေတြရဲ႕ မ်ိဳးဆက္ ၊ မိဘေတြရဲ႕ မ်ိဳးဆက္ ေတြတုန္းကလိုလည္း ကၽြန္ေတာ္တို႔ မ်ိဳးဆက္ဟာ အခ်စ္ကို ထိန္းသိမ္းႏိုင္းစြမ္း မရွိၾကေတာ့ပါဘူး။အဲဒီလို ဘာေတြေၾကာင့္ ျဖစ္သြားေစလဲဆိုတာကေတာ့ -

၁။ ကၽြန္ေတာ္တို႔ဟာ မူးယစ္ေဆး၀ါးနဲ႔ ေသာက္စားေပ်ာ္ပါးျခင္း ယဥ္ေက်းမႈေတြၾကားမွာ ႀကီးျပင္းလာလို႔ပါ။

ကၽြန္ေတာ္တို႔ မ်ိဳးဆက္ဟာ စိတ္ညစ္လာရင္ အရက္ေသာက္ၾကပါတယ္။ ၀မ္းနည္းလာရင္လည္း အရက္ေသာက္ တတ္ပါတယ္။ စိတ္ဓါတ္က်တဲ့အခ်ိန္ သို႔မဟုတ္ လြတ္လပ္တဲ့ေပ်ာ္ပြဲရႊင္ပြဲေတြမွာဆို မူးယစ္ေဆး၀ါး အခ်ိဳ႕ကို သံုးမိၾကပါတယ္။ လူငယ္တိုင္း ဒါေတြလုပ္တယ္လို႔ မဆိုလိုေပမယ့္ မူးယစ္ေဆး၀ါးနဲ႔ ေသာက္စားေပ်ာ္ပါးျခင္းဟာ လူငယ္ေတြအၾကားမွာ ေရပန္းအစားဆံုး အရာေတြပဲ ျဖစ္ေနတာကိုေတာ့ လက္ခံရမွာပါ။ တစ္ကယ္ေတာ့ မူးယစ္ေသာက္စားျခင္းဟာ ခ်စ္ျခင္းရဲ႕ ရန္သူေတြပဲ ျဖစ္ၾကပါတယ္။ ဒီအရာေတြက ကၽြန္ေတာ္တို႔ကို မွားယြင္းမႈေတြ အႀကိမ္ႀကိမ္ျဖစ္ေစခဲ့ပါတယ္။

၂။  ကၽြန္ေတာ္တို႔ဟာ ပိုၿပီး တစ္ကိုယ္ေကာင္း ဆန္လာၾကလို႔ပါ။

ကၽြန္ေတာ္တို႔မ်ိဳးဆက္ဟာ တစ္ကိုယ္ေကာင္းအဆန္ဆံုး မ်ိဳးဆက္ကို ေရာက္ေနပါၿပီ။ တစ္ကိုယ္ေကာင္းဆန္ တာဟာ မေကာင္းမွန္း သိေပမယ့္လည္း လူ႕သဘာ၀ျဖစ္ေနတဲ့အတြက္ ပညာတတ္ ေတြ မ်ားလာတဲ့ ေခတ္မွာလည္း တစ္ကုိယ္ေကာင္းဆန္တဲ့ ကိစၥနဲ႔ ကင္းႏိုင္ၾကမွာ မဟုတ္ပါဘူး။ ကိုယ့္လိုအပ္ခ်က္ ကိုၾကည့္တယ္။ ကိုယ့္ဆံုးျဖတ္ခ်က္နဲ႕ကိုယ္ေနတယ္။ ကိုယ္ လိုခ်င္တာရေအာင္ ႀကိဳးစားၾကတယ္။ ဒါမ်ိဳးေတြ အခ်စ္ေရးမွာ ျဖစ္ေပၚလာၿပီဆိုရင္ လမ္းခြဲရဖို႔ နီးလာပါၿပီ။

၃။ ရည္းစားထားတဲ့ ေခတ္ ျဖစ္ေနလို႔ပါ။

ကၽြန္ေတာ္တို႔မ်ိဳးဆက္ဟာ အရြယ္ေရာက္စမွာကတည္းက ရည္းစားထားတတ္ၾကပါတယ္။ ဘာေၾကာင့္ ရည္းစားထားလဲ ေမးရင္ေတာ့ အေျဖက ရည္းစားထားခ်င္လို႔ပါ။ ငယ္ငယ္က ၾကားဖူးတဲ့ ပံုျပင္ေတြထဲကလို အခ်စ္ကို ကိုးကြယ္တဲ့ ရည္းစားထားျခင္းမ်ိဳးေတြ မဟုတ္ေတာ့ပါဘူး။ ဒါေၾကာင့္ အခ်စ္ကို မထိန္းသိမ္းႏိုင္ပဲ ရည္းစားေတြ တစ္ေယာက္ၿပီး တစ္ေယာက္ ေျပာင္းေနၾကတာပါ။

၄။ ကၽြန္ေတာ္တို႕ဟာ ရည္မွန္းခ်က္ ထားတတ္သူေတြျဖစ္ေပမယ့္ အဲဒီရည္မွန္းခ်က္ေတြမွာ ကိုယ့္ရဲ႕ လက္တြဲေဖာ္ကို အတူပါ၀င္ခြင့္ မေပးတတ္လို႔ပါ။

ကၽြန္ေတာ္တို႔မ်ိဳးဆက္ဟာ သူမ်ားအတြက္ အလုပ္လုပ္ေပးတာ ထက္စာရင္ ကိုယ့္အလုပ္ ကုိယ္လုပ္ရတာကို သေဘာက်တဲ့ မ်ိဳးဆက္ပါ။ ကၽြန္ေတာ္တို႔ဟာ ကိုယ္လုပ္ႏိုင္တဲ့အတိုင္းအတာ ကို ကိုယ္သိတဲ့အတြက္ ကိုယ့္အတြက္ အေကာင္းဆံုးျဖစ္ေအာင္ လုပ္ၾကပါတယ္။ဒါဟာ ရည္မွန္းခ်က္ ေအာင္ျမင္ေစတဲ့ လမ္းစ ျဖစ္ေပမယ့္လည္း ရည္မွန္းခ်က္ မတူညီတဲ့ႏွစ္ေယာက္ဆိုရင္ေတာ့ လမ္းခြဲဖို႔  ျဖစ္လာေစပါလိမ့္မယ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

အချိန်တွေ ပြောင်းလဲလာတာနဲ့အမျှ ခေတ်ကာလကလည်း ပြောင်းလဲလာပါတယ်။ ကျွန်တော်တို့ရဲ့ မိဘတွေ လက်ထက်တုန်းကတော့ လူငယ်တွေဟာ ရည်းစားတစ်ယောက်ထဲထားတတ်ကြပေမယ့် ကျွန်တော်တို့ရဲ့မျိုးဆက်မှာတော့ ရည်းစားတွေ အများကြီး ထပ်ခါထပ်ခါ ထားတတ်တဲ့ ဓလေ့ ရှိလာခဲ့ပါတယ်။ ကျွန်တော်တို့ အဖိုးအဖွားတွေရဲ့ မျိုးဆက် ၊ မိဘတွေရဲ့ မျိုးဆက် တွေတုန်းကလိုလည်း ကျွန်တော်တို့ မျိုးဆက်ဟာ အချစ်ကို ထိန်းသိမ်းနိုင်းစွမ်း မရှိကြတော့ပါဘူး။အဲဒီလို ဘာတွေကြောင့် ဖြစ်သွားစေလဲဆိုတာကတော့ -

၁။ ကျွန်တော်တို့ဟာ မူးယစ်ဆေးဝါးနဲ့ သောက်စားပျော်ပါးခြင်း ယဉ်ကျေးမှုတွေကြားမှာ ကြီးပြင်းလာလို့ပါ။

ကျွန်တော်တို့ မျိုးဆက်ဟာ စိတ်ညစ်လာရင် အရက်သောက်ကြပါတယ်။ ဝမ်းနည်းလာရင်လည်း အရက်သောက် တတ်ပါတယ်။ စိတ်ဓါတ်ကျတဲ့အချိန် သို့မဟုတ် လွတ်လပ်တဲ့ပျော်ပွဲရွှင်ပွဲတွေမှာဆို မူးယစ်ဆေးဝါး အချို့ကို သုံးမိကြပါတယ်။ လူငယ်တိုင်း ဒါတွေလုပ်တယ်လို့ မဆိုလိုပေမယ့် မူးယစ်ဆေးဝါးနဲ့ သောက်စားပျော်ပါးခြင်းဟာ လူငယ်တွေအကြားမှာ ရေပန်းအစားဆုံး အရာတွေပဲ ဖြစ်နေတာကိုတော့ လက်ခံရမှာပါ။ တစ်ကယ်တော့ မူးယစ်သောက်စားခြင်းဟာ ချစ်ခြင်းရဲ့ ရန်သူတွေပဲ ဖြစ်ကြပါတယ်။ ဒီအရာတွေက ကျွန်တော်တို့ကို မှားယွင်းမှုတွေ အကြိမ်ကြိမ်ဖြစ်စေခဲ့ပါတယ်။

၂။  ကျွန်တော်တို့ဟာ ပိုပြီး တစ်ကိုယ်ကောင်း ဆန်လာကြလို့ပါ။

ကျွန်တော်တို့မျိုးဆက်ဟာ တစ်ကိုယ်ကောင်းအဆန်ဆုံး မျိုးဆက်ကို ရောက်နေပါပြီ။ တစ်ကိုယ်ကောင်းဆန် တာဟာ မကောင်းမှန်း သိပေမယ့်လည်း လူ့သဘာဝဖြစ်နေတဲ့အတွက် ပညာတတ် တွေ များလာတဲ့ ခေတ်မှာလည်း တစ်ကိုယ်ကောင်းဆန်တဲ့ ကိစ္စနဲ့ ကင်းနိုင်ကြမှာ မဟုတ်ပါဘူး။ ကိုယ့်လိုအပ်ချက် ကိုကြည့်တယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်နေတယ်။ ကိုယ် လိုချင်တာရအောင် ကြိုးစားကြတယ်။ ဒါမျိုးတွေ အချစ်ရေးမှာ ဖြစ်ပေါ်လာပြီဆိုရင် လမ်းခွဲရဖို့ နီးလာပါပြီ။

၃။ ရည်းစားထားတဲ့ ခေတ် ဖြစ်နေလို့ပါ။

ကျွန်တော်တို့မျိုးဆက်ဟာ အရွယ်ရောက်စမှာကတည်းက ရည်းစားထားတတ်ကြပါတယ်။ ဘာကြောင့် ရည်းစားထားလဲ မေးရင်တော့ အဖြေက ရည်းစားထားချင်လို့ပါ။ ငယ်ငယ်က ကြားဖူးတဲ့ ပုံပြင်တွေထဲကလို အချစ်ကို ကိုးကွယ်တဲ့ ရည်းစားထားခြင်းမျိုးတွေ မဟုတ်တော့ပါဘူး။ ဒါကြောင့် အချစ်ကို မထိန်းသိမ်းနိုင်ပဲ ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက် ပြောင်းနေကြတာပါ။

၄။ ကျွန်တော်တို့ဟာ ရည်မှန်းချက် ထားတတ်သူတွေဖြစ်ပေမယ့် အဲဒီရည်မှန်းချက်တွေမှာ ကိုယ့်ရဲ့ လက်တွဲဖော်ကို အတူပါဝင်ခွင့် မပေးတတ်လို့ပါ။

ကျွန်တော်တို့မျိုးဆက်ဟာ သူများအတွက် အလုပ်လုပ်ပေးတာ ထက်စာရင် ကိုယ့်အလုပ် ကိုယ်လုပ်ရတာကို သဘောကျတဲ့ မျိုးဆက်ပါ။ ကျွန်တော်တို့ဟာ ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာ ကို ကိုယ်သိတဲ့အတွက် ကိုယ့်အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ကြပါတယ်။ဒါဟာ ရည်မှန်းချက် အောင်မြင်စေတဲ့ လမ်းစ ဖြစ်ပေမယ့်လည်း ရည်မှန်းချက် မတူညီတဲ့နှစ်ယောက်ဆိုရင်တော့ လမ်းခွဲဖို့  ဖြစ်လာစေပါလိမ့်မယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top