iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ စိတ္ထဲမွာ အဆီတက္ေစတဲ့ အစားအစာေတြဟာ အရသာရွိတယ္လို႔ ထင္မိပါလိမ့္မယ္။ အဲဒါဆိုရင္ေတာ့ စားခ်င္စိတ္ကို ျဖစ္ေပၚေစတဲ့အရာက အဆီေတြမဟုတ္ပါဘူး။ ထိုအဆီတက္ေစတဲ့ အစားအစာမွာ ပါ၀င္တဲ့ သၾကား (သို႔) ဆားတစ္ခုခု ေၾကာင့္ပဲ ျဖစ္ပါတယ္။

သုေတသီေတြဟာ ဆားနဲ႔ ပတ္သက္ၿပီး အနီးကပ္ေလ့လာခဲ့ၾကပါတယ္။ သူတို႔အေနနဲ႔ ဆား အလြန္အကၽြံ စားသံုးျခင္းဟာလည္း အ၀လြန္ေရာဂါ နဲ႔ ဆက္စပ္ေနတယ္ဆိုတာကို ေတြ႔ရွိခဲ့ၾကပါတယ္။ Journal of Nutrition မွာ ပံုႏွိပ္ေဖာ္ျပခဲ့တဲ့ ေလ့လာမႈ အသစ္တစ္ခုမွာေတာ့ ဆားဟာ အစားအစာ ေတြပိုၿပီးစားသံုးျခင္း ကို ျဖစ္ေပၚေစဖို႔ အဓိက ေနရာမွာ ရွိေနတယ္လို႔ ဆိုထားပါတယ္။

ၾသစေၾတးလ်ႏိုင္ငံမွာ ရွိတဲ့ Deakin တကၠသိုလ္က သုေတသီေတြဟာ က်န္းမာေရးနဲ႔ ညီညြတ္သူ ၄၈ ေယာက္ကို လူစုၿပီး အစားအုပ္စု ၄ စု ခြဲၿပီးစားသံုးေစခဲ့ပါတယ္။ ထို အစာအုပ္စု ၄ ခုကေတာ့ အဆီနည္း/ဆားနည္း ၊ အဆီမ်ား/ဆားမ်ား ၊ အဆီမ်ား/ဆားနည္း နဲ႔ အဆီမ်ား/ဆားမ်ား တဲ့ အုပ္စု တို႔ပဲ ျဖစ္ပါတယ္။ ထိုအစားအစာေတြကို စားသံုးတဲ့အခါမွာ သူတို႔ဘယ္ေလာက္စားခဲ့တယ္ဆိုတာနဲ႔ အစားအစာေတြအေပၚ ဗိုက္ဆာမႈ ၊ ဗိုက္ျပည့္မႈ နဲ႔ စားလို႔ေကာင္းမႈ စတဲ့ တံု႔ျပန္မႈေတြကိုလည္း အဆင့္သတ္မွတ္ခဲ့ၾကပါတယ္။

အဲဒီအခါမွာေတာ့ ဆားနည္းနည္းပဲ ပါ၀င္တဲ့အစားအစာေတြထက္ ဆားမ်ားမ်ား ပါ၀င္တဲ့အစားအစာေတြ စားသံုးတဲ့အခါမွာ သူတို႔ဟာ အစားအစာ ေတြက စားလို႔ေကာင္းတယ္လို႔ ခံစားရၿပီး စားၿပီးရင္းထပ္စားခ်င္ေနတာကိုေတြ႔ခဲ့ရပါတယ္။

ဒါေၾကာင့္ ဆား ေတြဟာ လူေတြအစားဘယ္ေလာက္စားလဲ ဆုိတာေပၚ မူတည္ေနပါတယ္။ ဆားဟာ လူေတြကို ၁၁ ရာခိုင္ႏႈန္းအထိ အစားအစာ နဲ႕ ကယ္လိုရီ ပိုစားျဖစ္ေစဖို႔ လုပ္ေဆာင္ေပးတာကိုလည္း ေတြ႔ရပါတယ္။

Credit: Thithtoolwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

သင့် စိတ်ထဲမှာ အဆီတက်စေတဲ့ အစားအစာတွေဟာ အရသာရှိတယ်လို့ ထင်မိပါလိမ့်မယ်။ အဲဒါဆိုရင်တော့ စားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့အရာက အဆီတွေမဟုတ်ပါဘူး။ ထိုအဆီတက်စေတဲ့ အစားအစာမှာ ပါဝင်တဲ့ သကြား (သို့) ဆားတစ်ခုခု ကြောင့်ပဲ ဖြစ်ပါတယ်။

သုတေသီတွေဟာ ဆားနဲ့ ပတ်သက်ပြီး အနီးကပ်လေ့လာခဲ့ကြပါတယ်။ သူတို့အနေနဲ့ ဆား အလွန်အကျွံ စားသုံးခြင်းဟာလည်း အဝလွန်ရောဂါ နဲ့ ဆက်စပ်နေတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ Journal of Nutrition မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ လေ့လာမှု အသစ်တစ်ခုမှာတော့ ဆားဟာ အစားအစာ တွေပိုပြီးစားသုံးခြင်း ကို ဖြစ်ပေါ်စေဖို့ အဓိက နေရာမှာ ရှိနေတယ်လို့ ဆိုထားပါတယ်။

သြစတြေးလျနိုင်ငံမှာ ရှိတဲ့ Deakin တက္ကသိုလ်က သုတေသီတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်သူ ၄၈ ယောက်ကို လူစုပြီး အစားအုပ်စု ၄ စု ခွဲပြီးစားသုံးစေခဲ့ပါတယ်။ ထို အစာအုပ်စု ၄ ခုကတော့ အဆီနည်း/ဆားနည်း ၊ အဆီများ/ဆားများ ၊ အဆီများ/ဆားနည်း နဲ့ အဆီများ/ဆားများ တဲ့ အုပ်စု တို့ပဲ ဖြစ်ပါတယ်။ ထိုအစားအစာတွေကို စားသုံးတဲ့အခါမှာ သူတို့ဘယ်လောက်စားခဲ့တယ်ဆိုတာနဲ့ အစားအစာတွေအပေါ် ဗိုက်ဆာမှု ၊ ဗိုက်ပြည့်မှု နဲ့ စားလို့ကောင်းမှု စတဲ့ တုံ့ပြန်မှုတွေကိုလည်း အဆင့်သတ်မှတ်ခဲ့ကြပါတယ်။

အဲဒီအခါမှာတော့ ဆားနည်းနည်းပဲ ပါဝင်တဲ့အစားအစာတွေထက် ဆားများများ ပါဝင်တဲ့အစားအစာတွေ စားသုံးတဲ့အခါမှာ သူတို့ဟာ အစားအစာ တွေက စားလို့ကောင်းတယ်လို့ ခံစားရပြီး စားပြီးရင်းထပ်စားချင်နေတာကိုတွေ့ခဲ့ရပါတယ်။

ဒါကြောင့် ဆား တွေဟာ လူတွေအစားဘယ်လောက်စားလဲ ဆိုတာပေါ် မူတည်နေပါတယ်။ ဆားဟာ လူတွေကို ၁၁ ရာခိုင်နှုန်းအထိ အစားအစာ နဲ့ ကယ်လိုရီ ပိုစားဖြစ်စေဖို့ လုပ်ဆောင်ပေးတာကိုလည်း တွေ့ရပါတယ်။

Credit: Thithtoolwin


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top