iMyanmarHouse.com - Best Property Website for Myanmar
×

အႏုပညာလႈပ္ရွားမႈေတြနဲ႕ ႏွစ္ႏွစ္နီးပါး အဆက္ျပတ္ေနတဲ့ ခင္သဇင္ဟာ လက္ရွိမွာေတာ့
သတိ မိန္းမ = မာယာဆိုတဲ့ ဗီဒီယိုကားေလးမွာ အသက္ထက္၀က္ၾကီးတဲ့ ေယာက်္ားတစ္ေယာက္ကိုယူထားတဲ့ ေကာင္မေလးေနရာက ပါ၀င္သရုပ္ေဆာင္ေနပါတယ္။ ဒါ့အျပင္မၾကာေသးခင္ကမွ ဖခင္ရဲ႕က်န္းမာေရးေၾကာင့္ ဘန္ေကာက္မွာ တစ္လေက်ာ္ၾကာ သြားေရာက္ေဆးကုသေပးေနခဲ့သလို လက္ရွိမွာ ဖခင္ျဖစ္သူလဲက်န္းမာလာတာေၾကာင့္ ရန္ကုန္သို႕ျပန္လာကာ ဇာတ္ကားရုိက္ကူးမႈေတြျပန္လည္ျပဳလုပ္ေနျပီလို႕ သိရပါတယ္။ တစ္ေယာက္တည္းဘ၀ကို ရုန္းကန္ျဖတ္သန္းခဲ့တာ ၂ ႏွစ္နီးပါရွိေနၿပီလို႕ေျပာလာတဲ့ ခင္သဇင္ရဲ႕ အိမ္ေထာင္ေရးအေပၚ အယံုအၾကည္နည္းသြားျခင္းအေၾကာင္းတရားေတြနဲ႕သူမျပန္လည္လုပ္ကိုင္ေနၿပီျဖစ္တဲ့ အႏုပညာေရးရာေတြကို ေမးျမန္းျဖစ္တဲ့အခါ

-ဒီေန႕ရုိက္တဲ့ကားေလးက ဘာေလးမ်ားျဖစ္မလဲ။

သတိ မိန္းမ = မာယာတဲ့။ ဇာတ္ေလးကေတာ့ နည္းနည္းျမွဳပ္ထားတယ္။ အခ်စ္ဇာတ္လမ္းဆိုတာထက္ စံုေထာက္ကားေပါ့။ ေကာင္းျပည့္နဲ႕မေအးျမတ္သူနဲ႕ကေမာင္ႏွမအရင္း၊ ဇင္က သူတို႕ေဘးျခံက ေကာင္မေလး ၿပီးေတာ့ ဇင့္ထက္ အသက္ထက္၀က္ေလာက္ၾကီးတဲ့လူကုိ ယူထားတဲ့ ကာရိုက္တာပံုစံမ်ိဳးပါ။ အဖိုးၾကီးက ယူၿပီးႏွိပ္စက္တဲ့ ကာရုိက္တာေပါ့။ အိမ္ေထာင္ေရးေဖာက္ျပန္တဲ့ကားမဟုတ္ဘူး။ လူသတ္ကားလို႕လဲေျပာလို႕ရတယ္။

-ဒီကားက ဇင္ျပန္ရုိက္တာ ပထမဆံုးကားဆိုေတာ့ ဘယ္လိုကေနဘယ္လိုျပန္လည္ရုိက္ကူးျဖစ္တာလဲ။

ၾကားထဲမွာ ဇင္ကားမရုိက္တာ ၂ ႏွစ္ၾကာသြားတယ္။ ဒါေပမဲ့ၾကားထဲမွာ ကားၾကီးတစ္ကားရုိက္ဖို႕လာေျပာေသးတယ္။ အားလံုးဇင္နဲ႕အဆင္ေျပေပမဲ့ တကယ္နမ္းရတဲ့ အခန္းပါလို႕မလုပ္ျဖစ္ဘူး။ ခုဇင့္ေနရာမွာ ယိုးဒယားမင္းသမီးပါသြားတယ္ေပါ့။ ၿပီးေတာ့ ဗီဒီယိုကားလဲ လာေျပာေသးတယ္။ အဲ့ဒီတုန္းကလဲ အိမ္ကိုဇာတ္ညႊန္းေတြေရာက္ၿပီးေတာ့မွ ျပတ္သြားတယ္။ ၿပီးေတာ့ဒီကားေပၚလာတယ္။ ဒီကားကလဲ ေျပာထားတာ မႏွစ္ထဲက။ ဒါေပမဲ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဆံုတဲ့ရက္ကိုေစာင့္ရတာ ဒီေန႕အထိျဖစ္သြားတာေပါ့။ အဲ့ဒါေၾကာင့္အခုမွ ရုိက္ျဖစ္တာပါ။ အရင္ကဆို ဇင္ဇာတ္မေရြဘူး။ သိလဲမသိဘူး။ အရင္ကလဲ ကားသိပ္မရိုက္ျဖစ္ဘူးေလ။ ကိုယ္မေကာင္းတာေတြကုိခ်မျပခ်င္ေသးတဲ့အတြက္ေပါ့။ ဒါေပမဲ့အခုက်ေတာ့ သင္တန္းေတြလဲတက္ၿပီးၿပီ။ ေလ့လာသင့္သေလာက္ေလ့လာၿပီးသြားၿပီ။ ပရိသတ္ကလဲ လက္ခံသင့္သေလာက္လက္ခံေနၿပီဆိုေတာ့ ကားေလးေတြကုိခုေနာက္ပိုင္းဇာတ္ေကာင္းတာေလးေတြေရြးၿပီးလက္ခံျဖစ္ပါမယ္။

-ဇင့္အေဖ ေနမေကာင္းလို႕ဘန္ေကာက္မွာသြားေနတာေရာ ဘယ္ေလာက္ၾကာသြားလဲ။

တစ္လေက်ာ္ၾကာသြားတယ္။ အစကဒီလိုပဲသားအဖသံုးေယာက္ Medical Check Up ဆိုၿပီးသြားတာ အေဖကအသက္ ၆၀ ေက်ာ္ၿပီ။ ၀မ္းသြားရင္ေသြးပါတယ္လို႕ေျပာတယ္။ ဒါေပမဲ့ဇင္တို႕ကလိပ္ေခါင္းထင္တာေပါ့။ ဒါေပမဲ့အားလံုးကေျပာတာေတာ့ အသက္ငါးဆယ္ေက်ာ္ရင္စစ္ၾကည့္သင့္တယ္။ ၀မ္းသြားလို႕ေသြးပါရင္ကင္ဆာျဖစ္ႏုိင္ေျခမ်ားတယ္ဆိုလို႕စစ္ၾကည့္လိုက္တဲ့အခ်ိန္မွာ အူကင္ဆာဆိုၿပီးေတြ႕တာနဲ႕ဟိုမွာပဲေနတယ္။ ဟိုမွာပဲ အူကုိျဖတ္လိုက္တယ္။ ေတာ္ေသးတယ္။ Second Stage မွာသိလို႕ေပါ့။ အေဖကေတာ္ေတာ္ေလး ကံေကာင္းတယ္။ ငယ္ငယ္ကတည္းက သူက အရက္၊ ေဆးလိပ္လံုး၀မေသာက္ဘူး။ အရက္ကို သူေသာက္ၾကည့္ေသးတယ္။ ဒါေပမဲ့ မၾကိဳက္လုိ႕သူမေသာက္ဘူး။ ေနာက္ရာသက္ပန္ သက္သက္လြတ္သမားျဖစ္တဲ့အတြက္ ဒီကင္ဆာေရာဂါက သူ႕အတြက္ပ်ံ႕ပြားႏႈန္းေႏွးေနတယ္ေပါ့။ သူတကယ္ ဒါကိုစျဖစ္ေနတာ ၂ ႏွစ္ေလာက္ရွိသြားၿပီ။ 4 Stage လို႕ေတာင္မွန္းထားတာ ဘုရားကိုေက်းဇူးတင္ရမွာေပါ့။ သူလုပ္ခဲ့တဲ့ေကာင္းမႈကသူ႕ကုိျပန္ကယ္လိုက္သလိုေပ့ါ။ ေဆးလိပ္၊ အရက္မေသာက္တဲ့အတြက္ သူ႕ရဲ႕အသည္းနဲ႕ႏွလံုးကအေကာင္းခ်ည္းရွိေနေသးတဲ့အတြက္ ကုလို႕ရတာေပ့ါ။ ကင္ဆာအပုိင္းေနရာကိုျဖတ္ထုတ္လုိက္တယ္။ အခုအူကိုျပန္ဆက္ထားတယ္။ ကင္ဆာပိုးကေတာ့မရွိေတာ့ဘူး။ ဒါေပမဲ့ အျမစ္ျပတ္ေအာင္ေတာ့ ေရာင္ျခည္ေတြကီမိုေတြသြင္းရဦးမယ္။ အခုကအေဖကဘန္ေကာက္မွာပဲ။ ကီမိုကုိျမန္မာႏုိင္ငံမွာပဲသြင္းမယ္ေျပာတယ္။ ဘာလို႕လဲဆိုေတာ့ ကီမိုသြင္းတဲ့အခါကင္ဆာသမားေတြကေတာ္ေတာ္ခံရတယ္ေျပာတယ္။ မိသားစုအားေပးမႈလိုတယ္ေပါ့။ ဟိုမွာက်ေတာ့ သမီးနဲ႕အစ္မပဲရွိတယ္ဆိုေတာ့ သမီးေလးႏွစ္ေယာက္နဲ႕ဆုိသူ အားယုတ္မယ္။ ဒီမွာက်ေတာ့ အစ္မေတြရွိတယ္။ သူ႕ေဆြမ်ိဳးေတြလဲရွိတယ္ဆိုေတာ့ ဒီမွာျပန္ၿပီး ကီမိုသြင္းမယ္ေျပာပါတယ္။ ဒီလကုန္ၿပီးရင္သူျပန္လာပါလိမ့္မယ္။

-ကာလာစံု Lesson ကားၾကီးလဲရံုတင္ေတာ့မယ္ဆိုေတာ့ အမွတ္တရေလးေတြျပန္ေျပာျပေပးပါဦး။

အဲ့ဒီကားၾကီးကိုရိုက္ထားတာ ႏွစ္ႏွစ္ေက်ာ္၊ သံုးႏွစ္ေလာက္ရွိသြားၿပီ။ ၉လပိုင္း၂၃ ရံုစတင္ပါမယ္။ ကားကၾကာေနၿပီကြာ။ ၾကားထဲမွာလဲ ျဖစ္ပ်က္တာေတြက အရမ္းကုိမ်ားသြားၿပီ။ ကိုယ္ကုိတုိင္လဲဘာေတြမွန္းကုိမသိဘူး။ ျဖစ္ပ်က္ၿပီးသြားၿပီဆိုေတာ့ ဘယ္လိုျဖစ္မလဲဆိုတာေတာ့မသိေသးဘူး။ အခ်စ္ဖန္စီကားေလးလဲျဖစ္တယ္။ ေနာက္သူငယ္ခ်င္းေတြစုလုပ္ထားတဲ့ ကားေလးလဲျဖစ္ေတာ့ေကာင္းမွာပါ။ ေဖြးနဲ႕စိုင္းနဲ႕ကေတာ့ ပိုေကာင္းမယ္ထင္တယ္။

-ဇင္စီးပြားေရးအေနနဲ႕ေရာ ဘာေတြလုပ္ျဖစ္ေသးလဲ။

ဇင္အလွျပင္ဆိုင္ကေတာ့ပိတ္လိုက္ၿပီ။ ဒါေပမဲ Interior Decoration လုပ္တယ္။ ဇင့္ကုိယ္ပုိင္ကုမၸဏီ နဲ႕ပဲ။  ေနာက္ပုိင္းဇင္ကုန္ပစၥည္းျဖန္႕ဖို႕ေတြရွိတယ္။ ေသခ်ာၿပီဆိုထပ္ေျပာပါ့မယ္။

-အခ်စ္ေရးအိမ္ေထာင္ေရးကိုေရာ စဥ္းစားျဖစ္ဦးမလား။

အဲ့ဒါၾကီးကထပ္မစဥ္းစားခ်င္ေတာ့ပါဘူး။ ေလာေလာဆယ္ေတာ့ တစ္ေယာက္တည္းပါပဲ။ ေသခ်ာရင္ေျပာပါ့မယ္။ တစ္ေယာက္တည္းေနလာတာ ၂ႏွစ္ျပည့္ေတာ့မယ္။ တစ္ေယာက္တည္းက ပုိစိတ္ခ်မ္းသာဖို႕ေကာင္းပါတယ္။ ေနာက္တစ္ေယာက္ ထပ္မထားဘူးဆိုတာ ကိုယ္က သိသြားၿပီေလ။ အရင္ကေတာ့ အားကိုးခ်င္တဲ့စိတ္ရွိတယ္။ နည္းနည္းေလးလုပ္ေနတာေတြ မ်ားလာရင္ အားကိုးခ်င္မိတယ္။ အားကုိမိခဲ့ဖူးတယ္။ ဒါေပမဲ့ အားကိုးလို႕မရဘူးဆိုတာကိုသိလုိက္တဲ့အခ်ိန္မွာ ကိုယ္သာလွ်င္ ဘုရင္မပဲ။ ေယာက်ာ္းဆိုတာ တကယ္မလိုေတာ့ဘူး။ ကုိယ့္ဘ၀အတြက္ အရမ္းအေရးၾကီးတဲ့ အခန္းက႑မွာ သူတို႕မရွိေတာ့ဘူး။ ကုိယ္ပဲျဖစ္သြားတယ္။ ဘယ္သူမွမရွိဘူး။ ရည္းစားလဲမထားဘူး။ တစ္သက္လံုးလဲ မစဥ္းစားဘူးဆိုၿပီးလဲ မေျဖခ်င္ဘူး။ ဒါေပမဲ့အခ်စ္ဆိုတာ မေျပာေတာ့မေျပာႏုိင္ဘူး။ ထပ္ေမြးဖြားရင္လဲေမြးဖြားလာႏုိင္တယ္။ ဒါေပမဲ့လက္ထပ္ၿပီး ကုိယ့္ဘ၀ၾကီးကိုေနာက္ထပ္ တစ္ခါထပ္ေပးဖို႕ထိစြန္႕လႊတ္ရဲလားဆိုတာ့ လူသားဆန္ဆန္ပဲေျဖမယ္ဆိုရင္ေတာ့ မစြန္႕လႊတ္ရဲေတာ့ပါဘူး။ ေၾကာက္သြားတာတာေပါ့။

Credit : trendMyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

အနုပညာလှုပ်ရှားမှုတွေနဲ့ နှစ်နှစ်နီးပါး အဆက်ပြတ်နေတဲ့ ခင်သဇင်ဟာ လက်ရှိမှာတော့ သတိ မိန်းမ = မာယာဆိုတဲ့ ဗီဒီယိုကားလေးမှာ အသက်ထက်ဝက်ကြီးတဲ့ ယောကျ်ားတစ်ယောက်ကိုယူထားတဲ့ ကောင်မလေးနေရာက ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒါ့အပြင်မကြာသေးခင်ကမှ ဖခင်ရဲ့ကျန်းမာရေးကြောင့် ဘန်ကောက်မှာ တစ်လကျော်ကြာ သွားရောက်ဆေးကုသပေးနေခဲ့သလို လက်ရှိမှာ ဖခင်ဖြစ်သူလဲကျန်းမာလာတာကြောင့် ရန်ကုန်သို့ပြန်လာကာ ဇာတ်ကားရိုက်ကူးမှုတွေပြန်လည်ပြုလုပ်နေပြီလို့ သိရပါတယ်။ တစ်ယောက်တည်းဘဝကို ရုန်းကန်ဖြတ်သန်းခဲ့တာ ၂ နှစ်နီးပါရှိနေပြီလို့ပြောလာတဲ့ ခင်သဇင်ရဲ့ အိမ်ထောင်ရေးအပေါ် အယုံအကြည်နည်းသွားခြင်းအကြောင်းတရားတွေနဲ့သူမပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့ အနုပညာရေးရာတွေကို မေးမြန်းဖြစ်တဲ့အခါ

-ဒီနေ့ရိုက်တဲ့ကားလေးက ဘာလေးများဖြစ်မလဲ။

သတိ မိန်းမ = မာယာတဲ့။ ဇာတ်လေးကတော့ နည်းနည်းမြှုပ်ထားတယ်။ အချစ်ဇာတ်လမ်းဆိုတာထက် စုံထောက်ကားပေါ့။ ကောင်းပြည့်နဲ့မအေးမြတ်သူနဲ့ကမောင်နှမအရင်း၊ ဇင်က သူတို့ဘေးခြံက ကောင်မလေး ပြီးတော့ ဇင့်ထက် အသက်ထက်ဝက်လောက်ကြီးတဲ့လူကို ယူထားတဲ့ ကာရိုက်တာပုံစံမျိုးပါ။ အဖိုးကြီးက ယူပြီးနှိပ်စက်တဲ့ ကာရိုက်တာပေါ့။ အိမ်ထောင်ရေးဖောက်ပြန်တဲ့ကားမဟုတ်ဘူး။ လူသတ်ကားလို့လဲပြောလို့ရတယ်။

-ဒီကားက ဇင်ပြန်ရိုက်တာ ပထမဆုံးကားဆိုတော့ ဘယ်လိုကနေဘယ်လိုပြန်လည်ရိုက်ကူးဖြစ်တာလဲ။

ကြားထဲမှာ ဇင်ကားမရိုက်တာ ၂ နှစ်ကြာသွားတယ်။ ဒါပေမဲ့ကြားထဲမှာ ကားကြီးတစ်ကားရိုက်ဖို့လာပြောသေးတယ်။ အားလုံးဇင်နဲ့အဆင်ပြေပေမဲ့ တကယ်နမ်းရတဲ့ အခန်းပါလို့မလုပ်ဖြစ်ဘူး။ ခုဇင့်နေရာမှာ ယိုးဒယားမင်းသမီးပါသွားတယ်ပေါ့။ ပြီးတော့ ဗီဒီယိုကားလဲ လာပြောသေးတယ်။ အဲ့ဒီတုန်းကလဲ အိမ်ကိုဇာတ်ညွှန်းတွေရောက်ပြီးတော့မှ ပြတ်သွားတယ်။ ပြီးတော့ဒီကားပေါ်လာတယ်။ ဒီကားကလဲ ပြောထားတာ မနှစ်ထဲက။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆုံတဲ့ရက်ကိုစောင့်ရတာ ဒီနေ့အထိဖြစ်သွားတာပေါ့။ အဲ့ဒါကြောင့်အခုမှ ရိုက်ဖြစ်တာပါ။ အရင်ကဆို ဇင်ဇာတ်မရွေဘူး။ သိလဲမသိဘူး။ အရင်ကလဲ ကားသိပ်မရိုက်ဖြစ်ဘူးလေ။ ကိုယ်မကောင်းတာတွေကိုချမပြချင်သေးတဲ့အတွက်ပေါ့။ ဒါပေမဲ့အခုကျတော့ သင်တန်းတွေလဲတက်ပြီးပြီ။ လေ့လာသင့်သလောက်လေ့လာပြီးသွားပြီ။ ပရိသတ်ကလဲ လက်ခံသင့်သလောက်လက်ခံနေပြီဆိုတော့ ကားလေးတွေကိုခုနောက်ပိုင်းဇာတ်ကောင်းတာလေးတွေရွေးပြီးလက်ခံဖြစ်ပါမယ်။

-ဇင့်အဖေ နေမကောင်းလို့ဘန်ကောက်မှာသွားနေတာရော ဘယ်လောက်ကြာသွားလဲ။

တစ်လကျော်ကြာသွားတယ်။ အစကဒီလိုပဲသားအဖသုံးယောက် Medical Check Up ဆိုပြီးသွားတာ အဖေကအသက် ၆၀ ကျော်ပြီ။ ဝမ်းသွားရင်သွေးပါတယ်လို့ပြောတယ်။ ဒါပေမဲ့ဇင်တို့ကလိပ်ခေါင်းထင်တာပေါ့။ ဒါပေမဲ့အားလုံးကပြောတာတော့ အသက်ငါးဆယ်ကျော်ရင်စစ်ကြည့်သင့်တယ်။ ဝမ်းသွားလို့သွေးပါရင်ကင်ဆာဖြစ်နိုင်ခြေများတယ်ဆိုလို့စစ်ကြည့်လိုက်တဲ့အချိန်မှာ အူကင်ဆာဆိုပြီးတွေ့တာနဲ့ဟိုမှာပဲနေတယ်။ ဟိုမှာပဲ အူကိုဖြတ်လိုက်တယ်။ တော်သေးတယ်။ Second Stage မှာသိလို့ပေါ့။ အဖေကတော်တော်လေး ကံကောင်းတယ်။ ငယ်ငယ်ကတည်းက သူက အရက်၊ ဆေးလိပ်လုံးဝမသောက်ဘူး။ အရက်ကို သူသောက်ကြည့်သေးတယ်။ ဒါပေမဲ့ မကြိုက်လို့သူမသောက်ဘူး။ နောက်ရာသက်ပန် သက်သက်လွတ်သမားဖြစ်တဲ့အတွက် ဒီကင်ဆာရောဂါက သူ့အတွက်ပျံ့ပွားနှုန်းနှေးနေတယ်ပေါ့။ သူတကယ် ဒါကိုစဖြစ်နေတာ ၂ နှစ်လောက်ရှိသွားပြီ။ 4 Stage လို့တောင်မှန်းထားတာ ဘုရားကိုကျေးဇူးတင်ရမှာပေါ့။ သူလုပ်ခဲ့တဲ့ကောင်းမှုကသူ့ကိုပြန်ကယ်လိုက်သလိုပေ့ါ။ ဆေးလိပ်၊ အရက်မသောက်တဲ့အတွက် သူ့ရဲ့အသည်းနဲ့နှလုံးကအကောင်းချည်းရှိနေသေးတဲ့အတွက် ကုလို့ရတာပေ့ါ။ ကင်ဆာအပိုင်းနေရာကိုဖြတ်ထုတ်လိုက်တယ်။ အခုအူကိုပြန်ဆက်ထားတယ်။ ကင်ဆာပိုးကတော့မရှိတော့ဘူး။ ဒါပေမဲ့ အမြစ်ပြတ်အောင်တော့ ရောင်ခြည်တွေကီမိုတွေသွင်းရဦးမယ်။ အခုကအဖေကဘန်ကောက်မှာပဲ။ ကီမိုကိုမြန်မာနိုင်ငံမှာပဲသွင်းမယ်ပြောတယ်။ ဘာလို့လဲဆိုတော့ ကီမိုသွင်းတဲ့အခါကင်ဆာသမားတွေကတော်တော်ခံရတယ်ပြောတယ်။ မိသားစုအားပေးမှုလိုတယ်ပေါ့။ ဟိုမှာကျတော့ သမီးနဲ့အစ်မပဲရှိတယ်ဆိုတော့ သမီးလေးနှစ်ယောက်နဲ့ဆိုသူ အားယုတ်မယ်။ ဒီမှာကျတော့ အစ်မတွေရှိတယ်။ သူ့ဆွေမျိုးတွေလဲရှိတယ်ဆိုတော့ ဒီမှာပြန်ပြီး ကီမိုသွင်းမယ်ပြောပါတယ်။ ဒီလကုန်ပြီးရင်သူပြန်လာပါလိမ့်မယ်။

-ကာလာစုံ Lesson ကားကြီးလဲရုံတင်တော့မယ်ဆိုတော့ အမှတ်တရလေးတွေပြန်ပြောပြပေးပါဦး။

အဲ့ဒီကားကြီးကိုရိုက်ထားတာ နှစ်နှစ်ကျော်၊ သုံးနှစ်လောက်ရှိသွားပြီ။ ၉လပိုင်း၂၃ ရုံစတင်ပါမယ်။ ကားကကြာနေပြီကွာ။ ကြားထဲမှာလဲ ဖြစ်ပျက်တာတွေက အရမ်းကိုများသွားပြီ။ ကိုယ်ကိုတိုင်လဲဘာတွေမှန်းကိုမသိဘူး။ ဖြစ်ပျက်ပြီးသွားပြီဆိုတော့ ဘယ်လိုဖြစ်မလဲဆိုတာတော့မသိသေးဘူး။ အချစ်ဖန်စီကားလေးလဲဖြစ်တယ်။ နောက်သူငယ်ချင်းတွေစုလုပ်ထားတဲ့ ကားလေးလဲဖြစ်တော့ကောင်းမှာပါ။ ဖွေးနဲ့စိုင်းနဲ့ကတော့ ပိုကောင်းမယ်ထင်တယ်။

-ဇင်စီးပွားရေးအနေနဲ့ရော ဘာတွေလုပ်ဖြစ်သေးလဲ။

ဇင်အလှပြင်ဆိုင်ကတော့ပိတ်လိုက်ပြီ။ ဒါပေမဲ Interior Decoration လုပ်တယ်။ ဇင့်ကိုယ်ပိုင်ကုမ္ပဏီ နဲ့ပဲ။  နောက်ပိုင်းဇင်ကုန်ပစ္စည်းဖြန့်ဖို့တွေရှိတယ်။ သေချာပြီဆိုထပ်ပြောပါ့မယ်။

-အချစ်ရေးအိမ်ထောင်ရေးကိုရော စဉ်းစားဖြစ်ဦးမလား။

အဲ့ဒါကြီးကထပ်မစဉ်းစားချင်တော့ပါဘူး။ လောလောဆယ်တော့ တစ်ယောက်တည်းပါပဲ။ သေချာရင်ပြောပါ့မယ်။ တစ်ယောက်တည်းနေလာတာ ၂နှစ်ပြည့်တော့မယ်။ တစ်ယောက်တည်းက ပိုစိတ်ချမ်းသာဖို့ကောင်းပါတယ်။ နောက်တစ်ယောက် ထပ်မထားဘူးဆိုတာ ကိုယ်က သိသွားပြီလေ။ အရင်ကတော့ အားကိုးချင်တဲ့စိတ်ရှိတယ်။ နည်းနည်းလေးလုပ်နေတာတွေ များလာရင် အားကိုးချင်မိတယ်။ အားကိုမိခဲ့ဖူးတယ်။ ဒါပေမဲ့ အားကိုးလို့မရဘူးဆိုတာကိုသိလိုက်တဲ့အချိန်မှာ ကိုယ်သာလျှင် ဘုရင်မပဲ။ ယောကျာ်းဆိုတာ တကယ်မလိုတော့ဘူး။ ကိုယ့်ဘဝအတွက် အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍမှာ သူတို့မရှိတော့ဘူး။ ကိုယ်ပဲဖြစ်သွားတယ်။ ဘယ်သူမှမရှိဘူး။ ရည်းစားလဲမထားဘူး။ တစ်သက်လုံးလဲ မစဉ်းစားဘူးဆိုပြီးလဲ မဖြေချင်ဘူး။ ဒါပေမဲ့အချစ်ဆိုတာ မပြောတော့မပြောနိုင်ဘူး။ ထပ်မွေးဖွားရင်လဲမွေးဖွားလာနိုင်တယ်။ ဒါပေမဲ့လက်ထပ်ပြီး ကိုယ့်ဘဝကြီးကိုနောက်ထပ် တစ်ခါထပ်ပေးဖို့ထိစွန့်လွှတ်ရဲလားဆိုတာ့ လူသားဆန်ဆန်ပဲဖြေမယ်ဆိုရင်တော့ မစွန့်လွှတ်ရဲတော့ပါဘူး။ ကြောက်သွားတာတာပေါ့။

Credit : trendMyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top