iMyanmarHouse.com - Best Property Website for Myanmar
×

လမေစ့ဘဲ ေမြးဖြားလာျခင္းေၾကာင့္ ေက်ာက္ကပ္ဖြံ႕ၿဖိဳးမႈ အားနည္းကာ ေက်ာက္ကပ္အရြယ္အစား
 ေသးငယ္ႏုိင္ၿပီး အရြယ္ ေရာက္လာခ်ိန္တြင္ ေသြးတုိးေရာဂါျဖစ္ပြားႏုိင္ေၾကာင္း အေမရိကန္ ႏွလံုးေရာဂါကုသေရးအဖြဲ႕သုိ႔ တင္ျပထားေသာ ေလ့လာမႈတစ္ခုက ေဖာ္ျပသည္။

လမေစ့ဘဲ ေမြးဖြားလာေသာ အရြယ္ေရာက္ၿပီးသူမ်ားသည္ ႏွလံုးေရာဂါျဖစ္ႏုိင္သည့္ အစဥ္အလာဆုိင္ရာ အႏၲရာယ္မရိွေသာ္ လည္း ၎တို႔သည္ ေသြးတိုးေရာဂါျဖစ္ႏုိင္သည့္ အႏၲရာယ္ျမင့္မားၿပီး ခႏၶာကုိယ္က အင္ဆူလင္ကုိ ေကာင္းစြာအသံုးမခ်ႏုိင္သည့္ အႏၲ ရာယ္ ျမင့္မားေသာေၾကာင့္ ပံုမွန္ေဆးကုသမႈလုိအပ္ေၾကာင္း ကေနဒါႏုိင္ငံ မြန္ထရီရယ္ေဆးတကၠသုိလ္ႏွင့္ သုေတသနဌာနမွ သုေတသီ မ်ားက ေျပာၾကားသည္။

သုေတသီမ်ားက ပံုမွန္အတုိင္း ေမြးဖြားလာေသာ အရြယ္ေရာက္ၿပီးသူမ်ားႏွင့္ လမေစ့ဘဲ ေမြးလာေသာ အရြယ္ေရာက္ၿပီးသူမ်ား၏ ေက်ာက္ကပ္အရြယ္အစား၊ လုပ္ေဆာင္ခ်က္ႏွင့္ ေသြးေပါင္တု႔ိကို တုိင္းတာကာ ႏႈိင္းယွဥ္ေလ့လာခဲ့သည္။

လမေစ့မီ ေမြးဖြားလာေသာ အရြယ္ေရာက္ၿပီးသူမ်ားတြင္ ၎တု႔ိ၏ ခႏၶာကုိယ္အရြယ္အစားႏွင့္ ႏႈိင္းယွဥ္ပါက ေက်ာက္ကပ္ အရြယ္အစား သိသိသာသာေသးငယ္ေနျခင္း၊ ေသြးတုိးျခင္းတု႔ိ ႀကံဳ ေတြ႕ရေၾကာင္း သုေတသီမ်ား ေလ့လာေတြ႕ရိွသည္။

၎တို႔ႀကံဳေတြ႕ရေသာ ေသြးတုိးျခင္းအေျခအေနမွာ ျပင္းထန္ ျခင္းမရိွေသာ္လည္း အရြယ္မတုိင္မီ ေမြးဖြားလာေသာ အရြယ္ေရာက္ၿပီးသူမ်ား သက္လတ္ပုိင္းအရြယ္တြင္ ႏွလံုးေရာဂါႏွင့္ ေသြးတုိးေရာဂါတုိ႔ ျဖစ္ပြားႏုိင္ျခင္းႏွင့္ ပတ္သက္၍ စိုးရိမ္စရာေကာင္း သည္ဟု သုေတသီမ်ားကေျပာၾကားသည္။

ေက်ာက္ကပ္မ်ားက ခႏၶာကုိယ္မွ စြန္႔ပစ္ပစၥည္းမ်ားကို ဖယ္ ရွားရန္ ေသြးကုိ စစ္ထုတ္ၿပီး ခႏၶာကုိယ္ထဲရိွ ေရဓာတ္ပမာဏကုိ ထိန္းခ်ဳပ္ေပးသည္။

ေက်ာက္ကပ္မ်ားေသးငယ္ျခင္းေၾကာင့္ လူအမ်ားမည္သည့္ ျပႆနာမွ မႀကံဳေတြ႕ရဘဲ က်န္းမာေရးေကာင္းမြန္ေသာ္လည္း ယင္းအေျခအေနႏွင့္ ေသြးတုိးေရာဂါျဖစ္ပြားျခင္းတုိ႔ ဆက္စပ္ေနသည္။

ေသြးတိုးေရာဂါျဖစ္ပြားပါက ေဆး၀ါးကုသမႈခံယူရန္ လုိအပ္ၿပီးကုိယ္အေလးခ်ိန္ေလွ်ာ့ခ်ျခင္း၊ ဆားႏွင့္ အရက္ေသာက္သံုးမႈ ေလွ်ာ့ ခ်ျခင္းျဖင့္ ေသြးတုိးက်ႏုိင္သည္။

Credit : 7 day daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လမစေ့ဘဲ မွေးဖွားလာခြင်းကြောင့် ကျောက်ကပ်ဖွံ့ဖြိုးမှု အားနည်းကာ ကျောက်ကပ်အရွယ်အစား သေးငယ်နိုင်ပြီး အရွယ် ရောက်လာချိန်တွင် သွေးတိုးရောဂါဖြစ်ပွားနိုင်ကြောင်း အမေရိကန် နှလုံးရောဂါကုသရေးအဖွဲ့သို့ တင်ပြထားသော လေ့လာမှုတစ်ခုက ဖော်ပြသည်။


လမစေ့ဘဲ မွေးဖွားလာသော အရွယ်ရောက်ပြီးသူများသည် နှလုံးရောဂါဖြစ်နိုင်သည့် အစဉ်အလာဆိုင်ရာ အန္တရာယ်မရှိသော် လည်း ၎င်းတို့သည် သွေးတိုးရောဂါဖြစ်နိုင်သည့် အန္တရာယ်မြင့်မားပြီး ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းစွာအသုံးမချနိုင်သည့် အန္တ ရာယ် မြင့်မားသောကြောင့် ပုံမှန်ဆေးကုသမှုလိုအပ်ကြောင်း ကနေဒါနိုင်ငံ မွန်ထရီရယ်ဆေးတက္ကသိုလ်နှင့် သုတေသနဌာနမှ သုတေသီ များက ပြောကြားသည်။

သုတေသီများက ပုံမှန်အတိုင်း မွေးဖွားလာသော အရွယ်ရောက်ပြီးသူများနှင့် လမစေ့ဘဲ မွေးလာသော အရွယ်ရောက်ပြီးသူများ၏ ကျောက်ကပ်အရွယ်အစား၊ လုပ်ဆောင်ချက်နှင့် သွေးပေါင်တု့ိကို တိုင်းတာကာ နှိုင်းယှဉ်လေ့လာခဲ့သည်။

လမစေ့မီ မွေးဖွားလာသော အရွယ်ရောက်ပြီးသူများတွင် ၎င်းတု့ိ၏ ခန္ဓာကိုယ်အရွယ်အစားနှင့် နှိုင်းယှဉ်ပါက ကျောက်ကပ် အရွယ်အစား သိသိသာသာသေးငယ်နေခြင်း၊ သွေးတိုးခြင်းတု့ိ ကြုံ တွေ့ရကြောင်း သုတေသီများ လေ့လာတွေ့ရှိသည်။

၎င်းတို့ကြုံတွေ့ရသော သွေးတိုးခြင်းအခြေအနေမှာ ပြင်းထန် ခြင်းမရှိသော်လည်း အရွယ်မတိုင်မီ မွေးဖွားလာသော အရွယ်ရောက်ပြီးသူများ သက်လတ်ပိုင်းအရွယ်တွင် နှလုံးရောဂါနှင့် သွေးတိုးရောဂါတို့ ဖြစ်ပွားနိုင်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်စရာကောင်း သည်ဟု သုတေသီများကပြောကြားသည်။

ကျောက်ကပ်များက ခန္ဓာကိုယ်မှ စွန့်ပစ်ပစ္စည်းများကို ဖယ် ရှားရန် သွေးကို စစ်ထုတ်ပြီး ခန္ဓာကိုယ်ထဲရှိ ရေဓာတ်ပမာဏကို ထိန်းချုပ်ပေးသည်။

ကျောက်ကပ်များသေးငယ်ခြင်းကြောင့် လူအများမည်သည့် ပြဿနာမှ မကြုံတွေ့ရဘဲ ကျန်းမာရေးကောင်းမွန်သော်လည်း ယင်းအခြေအနေနှင့် သွေးတိုးရောဂါဖြစ်ပွားခြင်းတို့ ဆက်စပ်နေသည်။

သွေးတိုးရောဂါဖြစ်ပွားပါက ဆေးဝါးကုသမှုခံယူရန် လိုအပ်ပြီးကိုယ်အလေးချိန်လျှော့ချခြင်း၊ ဆားနှင့် အရက်သောက်သုံးမှု လျှော့ ချခြင်းဖြင့် သွေးတိုးကျနိုင်သည်။

Credit : 7 day daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top