iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Trend Myanmar
Unicode Version
လူတွေလမ်းလျှောက်တဲ့ပုံစံက ဘယ်လောက်ရန်မူကြောင်း သဲလွန်စ ရရှိစေတယ်လို့ Portsmouth တက္ကသိုလ်က လေ့လာမှုအသစ်တစ်ခုက တွေ့ရှိခဲ့ပါတယ်။ Department of Psychology က သုတေသီတွေဟာ ပါဝင်စမ်းသပ်ခံသူ ၂၉ ယောက်ရဲ့ ပင်ကိုစရိုက်တွေကို အကဲဖြတ်ပြီးနောက် သူတို့ရဲ့ ပုံသေလမ်းလျှောက်နှုန်းနဲ့ လှုပ်ရှားမှုကို ရိုက်ကူးမှတ်တမ်းတင်ခဲ့ပါတယ်။
ခန္ဓာကိုယ်အပေါ်နဲ့အောက် နှစ်ခုစလုံး သိသိသာသာ လှုပ်ရှားမှုက ရန်လိုမှုကို ပြတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ လမ်းလျှောက်ရင် ခန္ဓာကိုယ်က အလိုအလျောက် အနည်းငယ် လည်ပါတယ်။ ဘယ်ဘက်ခြေထောက်နဲ့ ရှေ့လှမ်းတဲ့အခါ တင်ပါးဆုံရိုးဘယ်ဘက်ခြမ်းက ရှေ့ကို ရွေ့တယ်၊ ဘယ်ဘက်ပခုံးက နောက်ဘက်ရွေ့ပြီး ညာဘက်ပခုံးကျတော့ ဟန်ချက်ထိန်းဖို့ ရှေ့ကို ရွေ့ပါတယ်။ ရန်လိုတဲ့လမ်းလျှောက်ပုံက ဟိုဘက်ဒီဘက်လှည့်လည်မှုက သိသိသာသာရှိတယ်လို့ ဦးဆောင်သုတေသီ Liam Satchell က ဆိုပါတယ်။
သုတေသီတွေက စမ်းသပ်ခံသူတွေကို ရန်လိုမှုအနေအထား တိုင်းတာတဲ့ စစ်တမ်းမေးခွန်းတစ်ခု မေးမြန်းခဲ့ပါတယ်။ ကားကားကားကား လျှောက်ခြင်းနဲ့ စိတ်ပညာရပ်နှစ်ခုကြားမှာ ဆက်နွယ်မှုရှိတာ လူတွေသိကြပါတယ်။ ကျွန်တော်တို့ သုတေသနလေ့လာမှုက ပင်ကိုစရိုက်က ကျွနု်ပ်တို့လမ်းလျှောက်တဲ့ ပုံစံကို တကယ်ပေါ်လွင်စေကြောင်း အတည်ပြုဖို့ သက်သေအထောက်အထား ရရှိစေတယ်လို့ Mr Satchell က ပြောဆိုခဲ့ပါတယ်။
Credit: Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top