iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးမ်ားသာမက အမ်ိဳးသားေတြမွာပါ ၾကံဳရတဲ့ကိစၥကေတာ့ ဝက္ျခံျပႆနာပါ။ မ်က္ႏွာေပၚမွာ နီရဲေရာင္ရမ္းၿပီး နာက်င္မႈကို ရက္အနည္းၾကာ ခံစားရတဲ့ ဝက္ျခံေၾကာင့္ စိတ္ညစ္ရပါတယ္။ တခ်ိဳ႕ဆို သာမာန္ထက္ပိုႀကီးတဲ့ ဝက္ျခံေတြေၾကာင့္ အလုပ္အကိုင္ပ်က္တဲ့အထိကို နာက်င္မႈကို ခံစားရသူေတြ ႐ွိပါတယ္။ ဝက္ျခံေပ်ာက္ဖုိ႔ လုပ္ေဆာင္ရမယ့္ နည္းလမ္းေတြကေတာ့ အဆင့္လိုက္ လုပ္သြားရမွာျဖစ္ပါတယ္။

၁။ မ်က္ႏွာသစ္ေဆး

ဆလီဆုိက္လစ္အက္ဆစ္ဟာ ဝက္ျခံေတြကို ေပ်ာက္ေစႏိုင္ပါတယ္။ လက္႐ွိသံုးေနတဲ့ မ်က္ႏွာသစ္ေဆးေနရာမွာ ဆလီဆိုက္လစ္ပါတဲ့ မ်က္ႏွာသစ္ေဆးကို ေျပာင္းလဲအသံုးျပဳပါ။

၂။ ေရာင္ရမ္းမႈေလ်ာ့က်ေအာင္

ေရခဲကေတာ့ ဝက္ျခံေၾကာင့္ေရာင္ရမ္းမႈကို ေလ်ာ့က်ေစမွာပါ။ အဝတ္သန္႔သန္႔နဲ႔ ေရခဲတံုးကိုထုပ္ၿပီး ဝက္ျခံျဖစ္တဲ့ေနရာကို ကပ္ေပးရမွာျဖစ္ပါတယ္။ ၁၀ မိနစ္ ေရခဲကပ္ၿပီး ၁၀ မိနစ္နားပါ။ ေနာက္ထပ္ ၁၀ မိနစ္ ျပန္ကပ္လိုက္ နားလိုက္ ၃ ခါ ျပဳလုပ္ေပးရင္ ေရာင္ရမ္းမႈ သိသိသာသာ က်သြားပါလိမ့္မယ္။

၃။ ဘက္တီးရီးယား

ဝက္ျခံျဖစ္ေစတဲ့ ဘက္တီးရီးယားပိုးကို ထိန္းခ်ဳပ္ရမယ့္အဆင့္ ျဖစ္ပါတယ္။ ဘန္ဇိုင္း ပါေအာက္ဆိုက္ဒ္က ဝက္ျခံျဖစ္ေစတဲ့ ဘက္တီးရီးယားကို တုိက္ဖ်က္ေပးႏိုင္ပါတယ္။ ဝက္ျခံေၾကာင့္ျဖစ္တဲ့ ယားယံမႈေတြကိုေပ်ာက္ေစပါတယ္။ ဒါေပမဲ့ ဘန္ဇိုင္းပါေအာက္ဆိုက္ဒ္ကို လူးမယ္ဆုိရင္ အစိုဓာတ္ျဖည့္ခရင္မ္ အရင္လူးတာ ပိုေကာင္းပါတယ္။ ေဆးက ျပင္းလို႔အေရျပားမထိခိုက္ေအာင္ ႀကိဳလူးရတာပါ။

၄။ နီရဲမႈကိုထိန္းခ်ဳပ္ဖုိ႔

နီရဲေဖာင္းၾကြေနတဲ့ ဝက္ျခံကို ျမန္ျမန္ေပ်ာက္ဖုိ႔ ဟိုက္ဒ႐ိုေကာ္တီဇုန္းခရင္မ္ကို လိမ္းေပးရပါမယ္။ သူက ဝက္ျခံကိုက်ံံဳ႕သြားေစကာ နီရဲမႈကို ေလ်ာ့ေစပါတယ္။ သူ႔ကိုလိမ္းမယ္ဆို အဆင့္ ၃ မွာ လိမ္းခဲ့တဲ့ ဘန္ဇိုင္းပါေအာက္ဆိုက္ဒ္ ေျခာက္သြားၿပီးမွ လိမ္းရမွာျဖစ္ပါတယ္။

Credit : Duwun


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသမီးများသာမက အမျိုးသားတွေမှာပါ ကြုံရတဲ့ကိစ္စကတော့ ဝက်ခြံပြဿနာပါ။ မျက်နှာပေါ်မှာ နီရဲရောင်ရမ်းပြီး နာကျင်မှုကို ရက်အနည်းကြာ ခံစားရတဲ့ ဝက်ခြံကြောင့် စိတ်ညစ်ရပါတယ်။ တချို့ဆို သာမာန်ထက်ပိုကြီးတဲ့ ဝက်ခြံတွေကြောင့် အလုပ်အကိုင်ပျက်တဲ့အထိကို နာကျင်မှုကို ခံစားရသူတွေ ရှိပါတယ်။ ဝက်ခြံပျောက်ဖို့ လုပ်ဆောင်ရမယ့် နည်းလမ်းတွေကတော့ အဆင့်လိုက် လုပ်သွားရမှာဖြစ်ပါတယ်။

၁။ မျက်နှာသစ်ဆေး

ဆလီဆိုက်လစ်အက်ဆစ်ဟာ ဝက်ခြံတွေကို ပျောက်စေနိုင်ပါတယ်။ လက်ရှိသုံးနေတဲ့ မျက်နှာသစ်ဆေးနေရာမှာ ဆလီဆိုက်လစ်ပါတဲ့ မျက်နှာသစ်ဆေးကို ပြောင်းလဲအသုံးပြုပါ။

၂။ ရောင်ရမ်းမှုလျော့ကျအောင်

ရေခဲကတော့ ဝက်ခြံကြောင့်ရောင်ရမ်းမှုကို လျော့ကျစေမှာပါ။ အဝတ်သန့်သန့်နဲ့ ရေခဲတုံးကိုထုပ်ပြီး ဝက်ခြံဖြစ်တဲ့နေရာကို ကပ်ပေးရမှာဖြစ်ပါတယ်။ ၁၀ မိနစ် ရေခဲကပ်ပြီး ၁၀ မိနစ်နားပါ။ နောက်ထပ် ၁၀ မိနစ် ပြန်ကပ်လိုက် နားလိုက် ၃ ခါ ပြုလုပ်ပေးရင် ရောင်ရမ်းမှု သိသိသာသာ ကျသွားပါလိမ့်မယ်။

၃။ ဘက်တီးရီးယား

ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားပိုးကို ထိန်းချုပ်ရမယ့်အဆင့် ဖြစ်ပါတယ်။ ဘန်ဇိုင်း ပါအောက်ဆိုက်ဒ်က ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ ယားယံမှုတွေကိုပျောက်စေပါတယ်။ ဒါပေမဲ့ ဘန်ဇိုင်းပါအောက်ဆိုက်ဒ်ကို လူးမယ်ဆိုရင် အစိုဓာတ်ဖြည့်ခရင်မ် အရင်လူးတာ ပိုကောင်းပါတယ်။ ဆေးက ပြင်းလို့အရေပြားမထိခိုက်အောင် ကြိုလူးရတာပါ။

၄။ နီရဲမှုကိုထိန်းချုပ်ဖို့

နီရဲဖောင်းကြွနေတဲ့ ဝက်ခြံကို မြန်မြန်ပျောက်ဖို့ ဟိုက်ဒရိုကော်တီဇုန်းခရင်မ်ကို လိမ်းပေးရပါမယ်။ သူက ဝက်ခြံကိုကျံုံ့သွားစေကာ နီရဲမှုကို လျော့စေပါတယ်။ သူ့ကိုလိမ်းမယ်ဆို အဆင့် ၃ မှာ လိမ်းခဲ့တဲ့ ဘန်ဇိုင်းပါအောက်ဆိုက်ဒ် ခြောက်သွားပြီးမှ လိမ်းရမှာဖြစ်ပါတယ်။

Credit : Duwun



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top