iMyanmarHouse.com - Best Property Website for Myanmar
×

Matthew Youlden  ဆုိသူမွာ ဘာသာစကား ၉ မ်ဳိးကုိ ကၽြမ္းက်င္စြာ ေျပာတတ္ျပီး ဒါဇင္ေက်ာ္ေသာ ဘာသာစကားမ်ားကို နားလည္ပါတယ္။ ကၽြန္ေတာ္က သူနဲ႔ ဘာလင္ျမဳိ႕မွာ တစ္ရုံးတည္း အတူ အလုပ္လုပ္ပါတယ္။ ဒါေၾကာင့္ သူက ဘာသာစကားတစ္မ်ဳိးကေန တစ္မ်ဳိးကို ပုတ္သင္ညဳိ အေရာင္ေျပာင္းသလို လြယ္လြယ္ကူကူ ေျပာင္းေျပာေနတတ္တာကုိ ၾကားေနက် ျဖစ္ပါတယ္။ သူက အဂၤလိပ္လူမ်ဳိးတစ္ေယာက္ ျဖစ္တယ္ဆုိတာေတာင္ အခ်ိန္ေတာ္ေတာ္ ၾကာတဲ့အထိ ကၽြန္ေတာ္မသိခဲ့ပါဘူး။ ကၽြန္ေတာ္က ဒုတိယ ဘာသာစကားတစ္ခုကုိ သင္ၾကားဖို႔ေတာင္ အေတာ္ခက္ခဲတဲ့ အေၾကာင္းေျပာျပရာ သူက ေအာက္ပါ အၾကံဥာဏ္မ်ားကုိ ေပးခဲ့ပါတယ္ ။

၁)ကုိယ္ဘာလုပ္ေနတယ္ ဆုိတာ သိေအာင္လုပ္ရပါမယ္။

ငါ ဒီ စကားကုိ ေျပာတတ္ခ်င္တယ္။ဒီ စကားကုိ ေျပာတတ္ေအာင္ ငါ အစြမ္းကုန္ ၾကဳိးစားမယ္လုိ႔ စိတ္ဆုံးျဖတ္ျပီး မျဖစ္ျဖစ္ေအာင္ လုပ္ရပါမယ္။

၂)စကားေျပာေဖာ္တစ္ေယာက္ ရွာရပါမယ္

ဘာသာစကားတစ္ခုကုိ ေျပာတတ္ခ်င္တဲ့ အခါမွာ အတူတူေျပာမယ့္သူ တစ္ေယာက္ရွိမွ အခ်င္းခ်င္း တြန္းအားေပးႏုိင္သလုိ ပုိျပီးေျပာထြက္လာေစပါတယ္။

၃)ကုိယ့္ဘာသာ ေျပာပါ

အူေၾကာင္ေၾကာင္ႏုိင္တယ္လုိ႔ ထင္ေကာင္းထင္ႏုိ္င္ေပမဲ့ ကုိယ္အျမဲ အသုံးျပဳေနရတဲ့ ဘာသာစကားတစ္ခု မဟုတ္ရင္ ဒါက အေကာင္းဆုံး ေလ့က်င့္ခန္းပါ။ စိတ္ထဲမွာ စကားလုံးအသစ္ေတြ အျမဲရွိေနႏုိ္င္ျပီး ေနာင္တစ္ခ်ိန္ တစ္ေယာက္ေယာက္နဲ႔ စကားေျပာတဲ့အခါ ကုိယ့္ကုိကုိယ္ ယုံၾကည္မႈ တိုးေစပါတယ္။

၄)ေပ်ာ္စရာနည္းျဖင့္လည္း ေလ့လာပါ

ဘာသာစကားအသစ္ကို အသုံးျပဳတယ္ဆုိတာ ဖန္တီးႏုိင္မႈ တစ္ခုပါပဲ ။ဖန္တီးႏိုင္စြမ္းကုိ ႏႈိးဆြႏိုင္ဖုိ႔ သီခ်င္း နားေထာင္တာ ၊ကဗ်ာ စပ္တာ ၊ကာတြန္းပုံဆြဲတာ ၊ေျပာလို႔ရသမွ်လူနဲ႔ ေျပာတာမ်ဳိးနဲ႔ ေပ်ာ္ေအာင္ေလ့လာရပါတယ္။

၅)ကေလးတစ္ေယာက္လုိ ျပဳမူပါ

ကေလးေတြက လူၾကီးေတြ သင္ယူတာထက္ ပုိျပီးတတ္လြယ္တဲ့ အဓိက အေၾကာင္းကေတာ့ မွားယြင္းမွာကို ေၾကာက္ျပီး ထိန္းခ်ဳပ္ မထားတတ္တာပါ။ အမွားမ်ားမ်ား လုပ္မိေလ အမွန္ဆိုတာကို နားလည္ေလျဖစ္တဲ့ အတြက္ အမွားလုပ္မိမလားလုိ႔ ပူပန္မေနဘဲ လြတ္လပ္စြာ ေျပာဆုိပါ။

၆)နားေထာင္ပါ

ေျပာတတ္ခ်င္ရင္ အရင္ဆုံးလုပ္ရမွာက နားေထာင္ဖုိ႔ပါပဲ ။လူေတ ြဘယ္လုိေျပာသလဲ ဆိုတာကို အတုယူရပါမယ္ ။ဘာသာစကားတိုင္းက စ ၾကားကာစမွာ ထူးဆန္းေနတတ္ေပမဲ့ ထိေတြ႔မႈမ်ားလာတဲ့အခါ စနစ္တက် ေျပာဆုိႏိုင္ဖုိ႔ ပုိလြယ္ကူတယ္ဆုိတာ သိလာပါလိမ့္မယ္။

၇)ကုိယ္သင္ယူမယ့္ ဘာသာစကားေျပာတဲ့ ပတ္၀န္းက်င္တစ္ခုထဲကုိ ၀င္ေရာက္ပါ

ကုိယ့္ပတ္၀န္းက်င္မွာ ဒီဘာသာစကားကုိပဲ ေျပာေနတာ ၾကားရတဲ့အခါ ကုိယ္ကိုတုိင္လည္း သူတုိ႔နားလည္ေအာင္ ၾကိဳးစားေျပာသလုိ သူတုိ႔ေျပာတာကိုလည္း နားလည္ေအာင္ အားစုိက္ နားေထာင္မိမွာပါ။ ေရမကူးတတ္တဲ့ သူ ေရကန္ထဲ ပစ္ခ်လုိက္တဲ့အခါ ေၾကာက္လန့္ျပီး လႈပ္ရွားရင္းနဲ႔ ေရကူးတတ္သြားတတ္တဲ့ ဥပမာကို နမူနာယူရမွာပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

Matthew Youlden  ဆိုသူမှာ ဘာသာစကား ၉ မျိုးကို ကျွမ်းကျင်စွာ ပြောတတ်ပြီး ဒါဇင်ကျော်သော ဘာသာစကားများကို နားလည်ပါတယ်။ ကျွန်တော်က သူနဲ့ ဘာလင်မြို့မှာ တစ်ရုံးတည်း အတူ အလုပ်လုပ်ပါတယ်။ ဒါကြောင့် သူက ဘာသာစကားတစ်မျိုးကနေ တစ်မျိုးကို ပုတ်သင်ညို အရောင်ပြောင်းသလို လွယ်လွယ်ကူကူ ပြောင်းပြောနေတတ်တာကို ကြားနေကျ ဖြစ်ပါတယ်။ သူက အင်္ဂလိပ်လူမျိုးတစ်ယောက် ဖြစ်တယ်ဆိုတာတောင် အချိန်တော်တော် ကြာတဲ့အထိ ကျွန်တော်မသိခဲ့ပါဘူး။ ကျွန်တော်က ဒုတိယ ဘာသာစကားတစ်ခုကို သင်ကြားဖို့တောင် အတော်ခက်ခဲတဲ့ အကြောင်းပြောပြရာ သူက အောက်ပါ အကြံဉာဏ်များကို ပေးခဲ့ပါတယ် ။

၁)ကိုယ်ဘာလုပ်နေတယ် ဆိုတာ သိအောင်လုပ်ရပါမယ်။

ငါ ဒီ စကားကို ပြောတတ်ချင်တယ်။ဒီ စကားကို ပြောတတ်အောင် ငါ အစွမ်းကုန် ကြိုးစားမယ်လို့ စိတ်ဆုံးဖြတ်ပြီး မဖြစ်ဖြစ်အောင် လုပ်ရပါမယ်။

၂)စကားပြောဖော်တစ်ယောက် ရှာရပါမယ်

ဘာသာစကားတစ်ခုကို ပြောတတ်ချင်တဲ့ အခါမှာ အတူတူပြောမယ့်သူ တစ်ယောက်ရှိမှ အချင်းချင်း တွန်းအားပေးနိုင်သလို ပိုပြီးပြောထွက်လာစေပါတယ်။

၃)ကိုယ့်ဘာသာ ပြောပါ

အူကြောင်ကြောင်နိုင်တယ်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ ကိုယ်အမြဲ အသုံးပြုနေရတဲ့ ဘာသာစကားတစ်ခု မဟုတ်ရင် ဒါက အကောင်းဆုံး လေ့ကျင့်ခန်းပါ။ စိတ်ထဲမှာ စကားလုံးအသစ်တွေ အမြဲရှိနေနိုင်ပြီး နောင်တစ်ချိန် တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးစေပါတယ်။

၄)ပျော်စရာနည်းဖြင့်လည်း လေ့လာပါ

ဘာသာစကားအသစ်ကို အသုံးပြုတယ်ဆိုတာ ဖန်တီးနိုင်မှု တစ်ခုပါပဲ ။ဖန်တီးနိုင်စွမ်းကို နှိုးဆွနိုင်ဖို့ သီချင်း နားထောင်တာ ၊ကဗျာ စပ်တာ ၊ကာတွန်းပုံဆွဲတာ ၊ပြောလို့ရသမျှလူနဲ့ ပြောတာမျိုးနဲ့ ပျော်အောင်လေ့လာရပါတယ်။

၅)ကလေးတစ်ယောက်လို ပြုမူပါ

ကလေးတွေက လူကြီးတွေ သင်ယူတာထက် ပိုပြီးတတ်လွယ်တဲ့ အဓိက အကြောင်းကတော့ မှားယွင်းမှာကို ကြောက်ပြီး ထိန်းချုပ် မထားတတ်တာပါ။ အမှားများများ လုပ်မိလေ အမှန်ဆိုတာကို နားလည်လေဖြစ်တဲ့ အတွက် အမှားလုပ်မိမလားလို့ ပူပန်မနေဘဲ လွတ်လပ်စွာ ပြောဆိုပါ။

၆)နားထောင်ပါ

ပြောတတ်ချင်ရင် အရင်ဆုံးလုပ်ရမှာက နားထောင်ဖို့ပါပဲ ။လူတေ ွဘယ်လိုပြောသလဲ ဆိုတာကို အတုယူရပါမယ် ။ဘာသာစကားတိုင်းက စ ကြားကာစမှာ ထူးဆန်းနေတတ်ပေမဲ့ ထိတွေ့မှုများလာတဲ့အခါ စနစ်တကျ ပြောဆိုနိုင်ဖို့ ပိုလွယ်ကူတယ်ဆိုတာ သိလာပါလိမ့်မယ်။

၇)ကိုယ်သင်ယူမယ့် ဘာသာစကားပြောတဲ့ ပတ်ဝန်းကျင်တစ်ခုထဲကို ဝင်ရောက်ပါ

ကိုယ့်ပတ်ဝန်းကျင်မှာ ဒီဘာသာစကားကိုပဲ ပြောနေတာ ကြားရတဲ့အခါ ကိုယ်ကိုတိုင်လည်း သူတို့နားလည်အောင် ကြိုးစားပြောသလို သူတို့ပြောတာကိုလည်း နားလည်အောင် အားစိုက် နားထောင်မိမှာပါ။ ရေမကူးတတ်တဲ့ သူ ရေကန်ထဲ ပစ်ချလိုက်တဲ့အခါ ကြောက်လန့်ပြီး လှုပ်ရှားရင်းနဲ့ ရေကူးတတ်သွားတတ်တဲ့ ဥပမာကို နမူနာယူရမှာပါ။

Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top