iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးတစ္ေယာက္ကို ခ်စ္မိျပီဆုိတာနဲ႕ သူကိုယ့္အေပၚ ျပန္စိတ္၀င္စားလာေအာင္ ၾကိဳးစား၊ အဲ့ဒီေနာက္ ခ်စ္သူဘ၀ကေန လက္ထပ္တယ္ဆုိတာ ဘာမွသိပ္မဟုတ္ေသးေပါဘူး။ ဒါေပမယ့္ သူမနဲ႔ လက္ထပ္ယူျပီးတဲ့အခ်ိန္မွာ ပိုမိုခက္ခဲတဲ့ အပုိင္းေတြ စတင္တာမို႕ အိမ္ေထာင္ဘဝ အဆင္ေခ်ာေမြ႔ဖုိ႔ လုိအပ္ပါတယ္။ ေပ်ာ္ရႊင္တဲ့့ အိမ္ေထာင္တစ္ခုအတြက္ ပထမဆုံးအဆင့္က ေပ်ာ္ရႊင္တဲ့ ဇနီးလို႕ အားလံုးဆုိထားၾကသလို ဒါကလည္း သင့္အေနနဲ႕ သူမလုိခ်င္တာေတြ သိမွ အဆင္ေျပပါလိမ့္မယ္။ ဒါ လြယ္ကူတဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ သူ မေျပာေပမယ့္ စိတ္တူကုိယ္မွ်ျဖစ္တဲ့သင့္အေနျဖင့္ သူမဘာၾကိဳက္တတ္လဲ နားလည္ထားဖုိ႔ လိုအပ္ပါတယ္။

၁။ အေရးစုိက္ပါ
သူမကို စြဲမက္သြားေစဖုိ႔ မေျပာပါဘူး။ ဒါေပမယ့္ သူမ သင့္ဆီက ဂရုစုိက္မႈေလး လုိခ်င္ပါတယ္။ အျပင္ေခၚသြား၊ တခါတရံ ပန္းေလးေပး ဒါမွမဟုတ္ သူမေဘးနားကပ္ထိုင္ျပီး ဘယ္ေလာက္ခ်စ္ေၾကာင္း ေျပာျပႏုိင္ပါတယ္။

၂။ သင့္လက္တြဲေဖာ္လုိ ဆက္ဆံပါ
သူမေနနဲ႔ သင့္အေရးၾကီးဆုံးျဖတ္ခ်က္ေတြ၊ ျပသနာေတြ၊ ေပ်ာ္ရႊင္မႈနဲ႔ တျခားကိစၥေတြမွာ တစိတ္တစ္ေဒသအျဖစ္ ပါဝင္ခ်င္တာပါ။ သူမဟာ သင့္ဘဝတစ္ပုိင္းျဖစ္ေၾကာင္း ေျပာျပဖုိ႔ မေမ့ပါနဲ႔။

၃။ အျမဲတမ္း ရုိးသားပါ
သူမ သည္းမခံႏုိင္တဲ့ တစ္ခုတည္းေသာအရာက အခ်စ္ဆုံးဆီက မုသားစကားပဲ ျဖစ္ပါတယ္။ ဒီေတာ့ သူမယုံၾကည္မႈ ပ်က္ျပားသြားရင္ သင္ျပန္ျပဳျပင္ႏုိင္မွာ မဟုတ္တာေၾကာင့္ သူမကို စိတ္နာေအာင္ မလုပ္ပါနဲ႔။

၄။ သူမေရြးခ်ယ္မႈကို အသိအမွတ္ျပဳပါ
သူမ အိမ္ရွင္မ လုပ္ခ်င္ရင္ ခြင့္ျပဳပါ။ အခ်ိန္ျပည့္အလုပ္လုပ္ခ်င္ရင္လည္း လုပ္ပါေစ။ သူမ ကေလး ယူခ်င္တယ္ သုိ႔မဟုတ္ မယူခ်င္ေသးဘူးဆုိရင္ သူမဆုံးျဖတ္ခ်က္ကို လက္ခံေပးပါ။ ခ်စ္ျခင္းေမတၱာနဲ႔ နားလည္မႈ သေကၤတစ္ခုအျဖစ္ သူမဆုံးျဖတ္ခ်က္ကို အသိအမွတ္ျပဳပါ။

၅။ အျမဲတမ္း သစၥာရိွပါ
သူမကုိ အျမဲသတိေပးတဲ့ လူစားမ်ဳိး ဘယ္ေတာ့မွ မလုပ္နဲ႔။ သူမ သင့္ကို ယုံၾကည္အားကုိးဖုိ႔ ေရြးခ်ယ္လုိက္ျပီ။ သူမဆုံးျဖတ္ခ်က္ မွန္ကန္ေၾကာင္း သင္သက္ေသျပဖို႔ လုိပါတယ္။ သင့္ဘဝထဲက မိန္းကေလးတစ္ေယာက္ကို သစၥာရိွတာ ဒီေလာက္ေတာ့ မခက္ပါဘူး။

ခင္ပြန္းနဲ႔ ဇနီးဆုိတာ ေသြးခ်င္းေတြပါ။ ဒါ့ေၾကာင့္ သင့္ဇနီးဘဝရဲ႕ သူရဲေကာင္းအျဖစ္ေနျပီး သူမ လုိခ်င္တာေတြကို အျမဲသတိရပါ။

Credit :trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

အမျိုးသမီးတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ သူကိုယ့်အပေါ် ပြန်စိတ်ဝင်စားလာအောင် ကြိုးစား၊ အဲ့ဒီနောက် ချစ်သူဘဝကနေ လက်ထပ်တယ်ဆိုတာ ဘာမှသိပ်မဟုတ်သေးပေါဘူး။ ဒါပေမယ့် သူမနဲ့ လက်ထပ်ယူပြီးတဲ့အချိန်မှာ ပိုမိုခက်ခဲတဲ့ အပိုင်းတွေ စတင်တာမို့ အိမ်ထောင်ဘဝ အဆင်ချောမွေ့ဖို့ လိုအပ်ပါတယ်။ ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုအတွက် ပထမဆုံးအဆင့်က ပျော်ရွှင်တဲ့ ဇနီးလို့ အားလုံးဆိုထားကြသလို ဒါကလည်း သင့်အနေနဲ့ သူမလိုချင်တာတွေ သိမှ အဆင်ပြေပါလိမ့်မယ်။ ဒါ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ သူ မပြောပေမယ့် စိတ်တူကိုယ်မျှဖြစ်တဲ့သင့်အနေဖြင့် သူမဘာကြိုက်တတ်လဲ နားလည်ထားဖို့ လိုအပ်ပါတယ်။

၁။ အရေးစိုက်ပါ
သူမကို စွဲမက်သွားစေဖို့ မပြောပါဘူး။ ဒါပေမယ့် သူမ သင့်ဆီက ဂရုစိုက်မှုလေး လိုချင်ပါတယ်။ အပြင်ခေါ်သွား၊ တခါတရံ ပန်းလေးပေး ဒါမှမဟုတ် သူမဘေးနားကပ်ထိုင်ပြီး ဘယ်လောက်ချစ်ကြောင်း ပြောပြနိုင်ပါတယ်။

၂။ သင့်လက်တွဲဖော်လို ဆက်ဆံပါ
သူမနေနဲ့ သင့်အရေးကြီးဆုံးဖြတ်ချက်တွေ၊ ပြသနာတွေ၊ ပျော်ရွှင်မှုနဲ့ တခြားကိစ္စတွေမှာ တစိတ်တစ်ဒေသအဖြစ် ပါဝင်ချင်တာပါ။ သူမဟာ သင့်ဘဝတစ်ပိုင်းဖြစ်ကြောင်း ပြောပြဖို့ မမေ့ပါနဲ့။

၃။ အမြဲတမ်း ရိုးသားပါ
သူမ သည်းမခံနိုင်တဲ့ တစ်ခုတည်းသောအရာက အချစ်ဆုံးဆီက မုသားစကားပဲ ဖြစ်ပါတယ်။ ဒီတော့ သူမယုံကြည်မှု ပျက်ပြားသွားရင် သင်ပြန်ပြုပြင်နိုင်မှာ မဟုတ်တာကြောင့် သူမကို စိတ်နာအောင် မလုပ်ပါနဲ့။

၄။ သူမရွေးချယ်မှုကို အသိအမှတ်ပြုပါ
သူမ အိမ်ရှင်မ လုပ်ချင်ရင် ခွင့်ပြုပါ။ အချိန်ပြည့်အလုပ်လုပ်ချင်ရင်လည်း လုပ်ပါစေ။ သူမ ကလေး ယူချင်တယ် သို့မဟုတ် မယူချင်သေးဘူးဆိုရင် သူမဆုံးဖြတ်ချက်ကို လက်ခံပေးပါ။ ချစ်ခြင်းမေတ္တာနဲ့ နားလည်မှု သငေ်္ကတစ်ခုအဖြစ် သူမဆုံးဖြတ်ချက်ကို အသိအမှတ်ပြုပါ။

၅။ အမြဲတမ်း သစ္စာရှိပါ
သူမကို အမြဲသတိပေးတဲ့ လူစားမျိုး ဘယ်တော့မှ မလုပ်နဲ့။ သူမ သင့်ကို ယုံကြည်အားကိုးဖို့ ရွေးချယ်လိုက်ပြီ။ သူမဆုံးဖြတ်ချက် မှန်ကန်ကြောင်း သင်သက်သေပြဖို့ လိုပါတယ်။ သင့်ဘဝထဲက မိန်းကလေးတစ်ယောက်ကို သစ္စာရှိတာ ဒီလောက်တော့ မခက်ပါဘူး။

ခင်ပွန်းနဲ့ ဇနီးဆိုတာ သွေးချင်းတွေပါ။ ဒါ့ကြောင့် သင့်ဇနီးဘဝရဲ့ သူရဲကောင်းအဖြစ်နေပြီး သူမ လိုချင်တာတွေကို အမြဲသတိရပါ။

Credit :trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top