iMyanmarHouse.com - Best Property Website for Myanmar
×

အသက္(၄၅)ႏွစ္မတိုင္မီ ေသြးဆံုးေသာ အမ်ိဳးသမီးမ်ားသည္ ႏွလံုးေသြးေၾကာဆိုင္ရာ  ျပႆနာမ်ား ႀကံဳေတြ႕ႏိုင္ေျခပိုမ်ားၿပီး အသက္ႀကီးမွ ေသြးဆံုးေသာ အမ်ိဳးသမီးမ်ားထက္ ငယ္ငယ္ရြယ္ရြယ္ ျဖင့္ ေသဆံုးႏိုင္ေျခပိုမ်ားေၾကာင္း ေလ့လာမႈအသစ္တစ္ခုက ေဖာ္ ျပသည္။


အမ်ိဳးသမီးမ်ား ေသြးဆံုးေသာ အသက္အရြယ္က ၎တို႔၏ အနာဂတ္က်န္းမာေရးျပႆနာမ်ားကို ႀကိဳတင္ေဟာကိန္းထုတ္ရန္ အေထာက္အကူျပဳႏိုင္ေၾကာင္း ယခုေလ့လာမႈက ေဖာ္ျပသည္ဟု နယ္သာလန္ႏိုင္ငံ ႐ိုကာဒမ္ၿမိဳ႕ရွိ အီရက္စ္မာ့စ္ေဆးတကၠသိုလ္မွ သုေတသီမ်ားက ေျပာၾကားသည္။

ေစာေစာစီးစီး ေသြးဆံုးမႈႏွင့္ႀကံဳေတြ႕ရသည့္ အမ်ိဳးသမီးမ်ား ကို ႏွလံုးေသြးေၾကာေရာဂါဆိုင္ရာ ႀကိဳတင္ကာကြယ္မႈမ်ား ျပဳလုပ္ ေပးသင့္ေၾကာင္း သုေတသီမ်ားကေျပာသည္။

အမ်ိဳးသမီး ၁၀ ဦးတြင္ တစ္ဦးသည္ အသက္(၄၅)ႏွစ္မတိုင္မီ ေသြးဆံုးေလ့ရွိေၾကာင္း JAMA Cardiology ဂ်ာနယ္တြင္ သုေတသီမ်ားက ေရးသားေဖာ္ျပထားသည္။ မေဟာ္မုန္းကဲ့သို႔ ေဟာ္မုန္းတခ်ိဳ႕ ထုတ္လုပ္မႈရပ္ဆိုင္းသြားျခင္း (သို႔မဟုတ္) သားဥမ်ား ေကာက္ကာငင္ကာ ယုတ္ေလ်ာ့သြားခ်ိန္တြင္ သဘာ၀အေလ်ာက္ ေသြးဆံုးျခင္းျဖစ္ေပၚသည္။ ခြဲစိတ္ကုသမႈမ်ားႏွင့္ အျခားေသာ က်န္းမာေရးျပႆနာမ်ားေၾကာင့္လည္း ေသြးဆံုးျခင္းျဖစ္ေပၚႏိုင္သည္။

အသက္(၄၅)ႏွစ္မတိုင္မီ ေနာက္ဆံုးအႀကိမ္ ဓမၼတာလာခဲ့ ေသာ အမ်ိဳးသမီးမ်ားႏွင့္ အသက္ (၄၅) ႏွစ္ေနာက္ပိုင္း ေသြးဆံုး ခဲ့ေသာ အမ်ိဳးသမီးမ်ားကို ႏႈိင္းယွဥ္ၾကည့္ရာတြင္ ေစာေစာေသြးဆံုး ေသာ အမ်ိဳးသမီးမ်ားသည္ ႏွလံုးေသြးေၾကာဆိုင္ရာ ေရာဂါျဖစ္ပြား ႏိုင္သည့္ အႏၲရာယ္ ၅၀ ရာခိုင္ႏႈန္းပိုမိုျမင့္မားေၾကာင္း သုေတသီမ်ား က ေလ့လာေတြ႕ရွိခဲ့သည္။ ယင္းေရာဂါျဖစ္ပြားပါက ရင္ဘတ္နာ က်င္ျခင္းျဖစ္ႏိုင္ၿပီး ႏွလံုးေသြးေၾကာမ်ား နံရံတြင္ ေသြးခဲမ်ား စုေ၀းျဖစ္ေပၚမႈေၾကာင့္ ႏွလံုးထိခိုက္ျခင္းႏွင့္ ေလျဖတ္ျခင္းတို႔  ႀကံဳေတြ႕ႏိုင္သည္။

အသက္(၄၅)ႏွစ္ေနာက္ပိုင္းမွ ေသြးဆံုးေသာ အမ်ိဳးသမီးမ်ား ထက္ ေစာေစာေသြးဆံုးေသာ အမ်ိဳးသမီးမ်ားသည္ ႏွလံုးထိခိုက္ ျခင္းႏွင့္ ေလျဖတ္ျခင္းတို႔အပါအ၀င္ ႏွလံုးေသြးေၾကာဆိုင္ရာ ေရာဂါ မ်ားေၾကာင့္ ေစာေစာစီးစီး ေသဆံုးႏိုင္ေျခ ၂၀ ရာခိုင္ႏႈန္း ပိုျမင့္မား ေၾကာင္း သုေတသီမ်ားကေျပာသည္။

ဘ၀ေႏွာင္းပိုင္းမွ ေသြးဆံုးေသာ အမ်ိဳးသမီးမ်ားသည္ အသက္ အႏၲရာယ္ရွိေသာ ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါမ်ား ျဖစ္ပြားႏိုင္ သည့္ အႏၲရာယ္နည္းပါးေၾကာင္း ေနာက္ေလ့လာမႈတစ္ခုကလည္း ေဖာ္ျပသည္။ ေစာေစာေသြးဆံုးခဲ့ေသာ အမ်ိဳးသမီးမ်ားအေနျဖင့္ ေဟာ္မုန္းကုထံုးမ်ားျဖင့္ ကုသမႈခံယူရန္ စဥ္စားသင့္သည္ဟု သုေတ သီမ်ားကေျပာသည္။               

 Credit:7Day Daily


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အသက်(၄၅)နှစ်မတိုင်မီ သွေးဆုံးသော အမျိုးသမီးများသည် နှလုံးသွေးကြောဆိုင်ရာ  ပြဿနာများ ကြုံတွေ့နိုင်ခြေပိုများပြီး အသက်ကြီးမှ သွေးဆုံးသော အမျိုးသမီးများထက် ငယ်ငယ်ရွယ်ရွယ် ဖြင့် သေဆုံးနိုင်ခြေပိုများကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော် ပြသည်။


အမျိုးသမီးများ သွေးဆုံးသော အသက်အရွယ်က ၎င်းတို့၏ အနာဂတ်ကျန်းမာရေးပြဿနာများကို ကြိုတင်ဟောကိန်းထုတ်ရန် အထောက်အကူပြုနိုင်ကြောင်း ယခုလေ့လာမှုက ဖော်ပြသည်ဟု နယ်သာလန်နိုင်ငံ ရိုကာဒမ်မြို့ရှိ အီရက်စ်မာ့စ်ဆေးတက္ကသိုလ်မှ သုတေသီများက ပြောကြားသည်။

စောစောစီးစီး သွေးဆုံးမှုနှင့်ကြုံတွေ့ရသည့် အမျိုးသမီးများ ကို နှလုံးသွေးကြောရောဂါဆိုင်ရာ ကြိုတင်ကာကွယ်မှုများ ပြုလုပ် ပေးသင့်ကြောင်း သုတေသီများကပြောသည်။

အမျိုးသမီး ၁၀ ဦးတွင် တစ်ဦးသည် အသက်(၄၅)နှစ်မတိုင်မီ သွေးဆုံးလေ့ရှိကြောင်း JAMA Cardiology ဂျာနယ်တွင် သုတေသီများက ရေးသားဖော်ပြထားသည်။ မဟော်မုန်းကဲ့သို့ ဟော်မုန်းတချို့ ထုတ်လုပ်မှုရပ်ဆိုင်းသွားခြင်း (သို့မဟုတ်) သားဥများ ကောက်ကာငင်ကာ ယုတ်လျော့သွားချိန်တွင် သဘာဝအလျောက် သွေးဆုံးခြင်းဖြစ်ပေါ်သည်။ ခွဲစိတ်ကုသမှုများနှင့် အခြားသော ကျန်းမာရေးပြဿနာများကြောင့်လည်း သွေးဆုံးခြင်းဖြစ်ပေါ်နိုင်သည်။

အသက်(၄၅)နှစ်မတိုင်မီ နောက်ဆုံးအကြိမ် ဓမ္မတာလာခဲ့ သော အမျိုးသမီးများနှင့် အသက် (၄၅) နှစ်နောက်ပိုင်း သွေးဆုံး ခဲ့သော အမျိုးသမီးများကို နှိုင်းယှဉ်ကြည့်ရာတွင် စောစောသွေးဆုံး သော အမျိုးသမီးများသည် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွား နိုင်သည့် အန္တရာယ် ၅၀ ရာခိုင်နှုန်းပိုမိုမြင့်မားကြောင်း သုတေသီများ က လေ့လာတွေ့ရှိခဲ့သည်။ ယင်းရောဂါဖြစ်ပွားပါက ရင်ဘတ်နာ ကျင်ခြင်းဖြစ်နိုင်ပြီး နှလုံးသွေးကြောများ နံရံတွင် သွေးခဲများ စုဝေးဖြစ်ပေါ်မှုကြောင့် နှလုံးထိခိုက်ခြင်းနှင့် လေဖြတ်ခြင်းတို့  ကြုံတွေ့နိုင်သည်။

အသက်(၄၅)နှစ်နောက်ပိုင်းမှ သွေးဆုံးသော အမျိုးသမီးများ ထက် စောစောသွေးဆုံးသော အမျိုးသမီးများသည် နှလုံးထိခိုက် ခြင်းနှင့် လေဖြတ်ခြင်းတို့အပါအဝင် နှလုံးသွေးကြောဆိုင်ရာ ရောဂါ များကြောင့် စောစောစီးစီး သေဆုံးနိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုမြင့်မား ကြောင်း သုတေသီများကပြောသည်။

ဘဝနှောင်းပိုင်းမှ သွေးဆုံးသော အမျိုးသမီးများသည် အသက် အန္တရာယ်ရှိသော နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွားနိုင် သည့် အန္တရာယ်နည်းပါးကြောင်း နောက်လေ့လာမှုတစ်ခုကလည်း ဖော်ပြသည်။ စောစောသွေးဆုံးခဲ့သော အမျိုးသမီးများအနေဖြင့် ဟော်မုန်းကုထုံးများဖြင့် ကုသမှုခံယူရန် စဉ်စားသင့်သည်ဟု သုတေ သီများကပြောသည်။               


 Credit:7Day Daily




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top