iMyanmarHouse.com - Best Property Website for Myanmar
×

သားေယာက်္ားေလးေမြးမယ့္ ကိုယ္ဝန္ေဆာင္မိခင္ေတြက သမီးေမြးမယ့္ ကုိယ္ဝန္ေဆာင္ မိခင္ေတြထက္ ကုိယ္ဝန္ေဆာင္ခ်ိန္မွာ အစာစားလုိစိတ္ ပိုမ်ားတယ္လို႔ သိပၸံပညာရွင္မ်ားက ေတြ႔ရွိခဲ့ၾကပါတယ္။ ပထမဆုံး ေလ့လာမႈမွာ ကုိယ္ဝန္ေဆာင္ခ်ိန္ စားေသာက္တဲ့ အစားအစာ ပမာဏနဲ႔ ေမြးလာမယ့္ကေလးရဲ႕ လိင္အမ်ဳိးအစား ဆက္စပ္မႈကို ေလ့လာၾကတဲ့အခါမွာ သားကိုယ္ဝန္ေဆာင္မိခင္ေတြက သမီးကိုယ္ဝန္ေဆာင္မိခင္ေတြထက္ ၁၀ ရာခုိင္ႏႈန္း အစာပိုစားတာကို ေတြ႔ရွိခဲ့ၾကပါတယ္။

မိခင္ရဲ႕ ခႏၶာကိုယ္က အစာစားခ်င္စိတ္ကုိ အက်ဳိးသက္ေရာက္ေစတဲ့ ေမြးလာမယ့္ သားျဖစ္သူဆီကေန အခ်က္ေပး သေကၤတေတြ လက္ခံရရွိေနတာ ျဖစ္ပါတယ္။ ဟားဗတ္တကၠသိုလ္က သုေတသီေတြက ကုိယ္ဝန္ေဆာင္ ၂၄၄ ေယာက္ရဲ႕ ကိုယ္ဝန္မလြယ္မီနဲ႕ ကုိယ္ဝန္ေဆာင္ေနစဥ္အတြင္းမွာ စားေသာက္မႈပုံစီေတြကုိ စစ္တမ္းေကာက္ယူထားျပီး ဆန္းစစ္ေလ့လာခဲ့ပါတယ္။ ပ်မ္းမွ်အားျဖင့္ ေယာက္်ားေလးေမြးမယ့္ ကုိယ္ဝန္ေဆာင္ေတြက ပရုိတင္းဓာတ္ ၈ ရာခုိင္ႏႈန္း ၊ကစီဓာတ္ ၉  ရာခုိင္ႏႈန္း၊ အဆီဓာတ္ ၁၁ ရာခုိင္ႏႈန္း ပုိျပီး စားသုံးတယ္လုိ႔ ဆုိပါတယ္။

သုေတသနေခါင္းေဆာင္ ပါေမာကၡ Dimitros Trichopoulos က ေယာက်္ားေလးေမြးမယ့္ ကုိယ္ဝန္ေဆာင္ေတြက ပုံမွန္ထက္ အပို ၁၀ ခုေလာက္စားႏုိင္တာကို အံၾသစရာေကာင္းေအာင္ ေတြ႔ရွိရတယ္လို႔ ဆုိပါတယ္။ ေယာက္်ားေလးေမြးမယ့္ မိခင္နဲ႔ မိန္းကေလးေမြးမယ့္ မိခင္ၾကားမွာ စြမ္းအင္သုံးစြဲဖို႔ လုိအပ္ခ်က္ ဘယ္ေလာက္ကြာျခားလဲဆုိတာ ရွင္းပါတယ္။ေယာက်္ားေလးေတြက မိန္းကေလးေတြထက္ ပိုျပီး ေလးတဲ့အတြက္ စြမ္းအင္ ပိုလုိတာျဖစ္ႏုိင္တယ္လို႔ အရင္က သုေတသနမွတ္တမ္းေတြမွာ ေဖာ္ျပထားေပမဲ့ အတည္မျပဳႏုိင္ခဲ့ေသးပါဘူး။

ဒါေပမဲ့ အမ်ုိးသမီးေတြက သူတို႔ကိုယ္ဝန္မရခင္ကထက္ အစာစားတာ ပိုမ်ားလာေၾကာင္း ေျပာတတ္ေပမဲ့ ဒီအေၾကာင္းကို သတိမျပဳမိတတ္ပါဘူး ။ သူတုိ႔အတြက္ အစာစားခ်င္စိတ္ပုိမ်ားလာတာက သူတို႔လြယ္ထားရတဲ့ သားျဖစ္သူရဲ႕ စြမ္းအင္လိုအပ္ခ်က္ေၾကာင့္ဆုိတာ မသိၾကပါဘူး။ဒါက သဘာဝပဲ ျဖစ္ပါတယ္။

အမွန္ေတာ့ အမ်ဳိးသမီးတစ္ေယာက္ရဲ႕ ပ်မ္းမွ်စြမ္းအင္က မိမိ သားအိမ္ထဲမွာရွိတဲ့ သား သုိ႔မဟုတ္ သမီးရဲ႕ လုိအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏုိင္တာထက္ ပုိျပီး လုံေလာက္ပါတယ္။ အစာစားခ်င္စိတ္ ပုိျပီးျဖစ္ရတဲ့ အေၾကာင္းရင္းကေတာ့ ဗုိက္ထဲက သားေယာက်္ားေလးဆီက ပို႔လႊတ္တဲ့ ေဟာ္မုန္း အခ်က္ေပးမႈ တုိးလာလို႔ပဲ ျဖစ္ပါတယ္။ ဒီအခ်က္ျပသေကၤတက သေႏၶသားရဲ႕ေဝွးေစ့ကေန စစ္ထုတ္လိုက္တဲ့ တက္စတုိစတီရုန္း ေဟာ္မုန္းနဲ႕ ဆက္စပ္ေနပါတယ္။

ဒီေတြ႔ရွိမႈက မိန္းကေလးေမြးမယ့္ အေမေတြက ပိုျပီး ေနမေကာင္းျဖစ္တတ္တယ္ဆုိတဲ့ ေရွးအယူအဆတစ္ခုကုိ ကူျပီး ရွင္းျပေပးႏုိင္မွာျဖစ္ပါတယ္။ မိန္းကေလးေမြးမယ့္ မိခင္ေတြက အစာစားခ်င္စိတ္နည္းတဲ့အတြက္ အစာမစားတဲ့အခါမွာ အျခားေရာဂါေတြ ျဖစ္လြယ္တာေၾကာင့္ပဲ ျဖစ္ပါတယ္လို႔ သုေတသီေတြက ေထာက္ျပခဲ့ၾကပါတယ္။

Credit: Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unidode Version

သားယောကျ်ားလေးမွေးမယ့် ကိုယ်ဝန်ဆောင်မိခင်တွေက သမီးမွေးမယ့် ကိုယ်ဝန်ဆောင် မိခင်တွေထက် ကိုယ်ဝန်ဆောင်ချိန်မှာ အစာစားလိုစိတ် ပိုများတယ်လို့ သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြပါတယ်။ ပထမဆုံး လေ့လာမှုမှာ ကိုယ်ဝန်ဆောင်ချိန် စားသောက်တဲ့ အစားအစာ ပမာဏနဲ့ မွေးလာမယ့်ကလေးရဲ့ လိင်အမျိုးအစား ဆက်စပ်မှုကို လေ့လာကြတဲ့အခါမှာ သားကိုယ်ဝန်ဆောင်မိခင်တွေက သမီးကိုယ်ဝန်ဆောင်မိခင်တွေထက် ၁၀ ရာခိုင်နှုန်း အစာပိုစားတာကို တွေ့ရှိခဲ့ကြပါတယ်။

မိခင်ရဲ့ ခန္ဓာကိုယ်က အစာစားချင်စိတ်ကို အကျိုးသက်ရောက်စေတဲ့ မွေးလာမယ့် သားဖြစ်သူဆီကနေ အချက်ပေး သငေ်္ကတတွေ လက်ခံရရှိနေတာ ဖြစ်ပါတယ်။ ဟားဗတ်တက္ကသိုလ်က သုတေသီတွေက ကိုယ်ဝန်ဆောင် ၂၄၄ ယောက်ရဲ့ ကိုယ်ဝန်မလွယ်မီနဲ့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ စားသောက်မှုပုံစီတွေကို စစ်တမ်းကောက်ယူထားပြီး ဆန်းစစ်လေ့လာခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် ယောက်ျားလေးမွေးမယ့် ကိုယ်ဝန်ဆောင်တွေက ပရိုတင်းဓာတ် ၈ ရာခိုင်နှုန်း ၊ကစီဓာတ် ၉  ရာခိုင်နှုန်း၊ အဆီဓာတ် ၁၁ ရာခိုင်နှုန်း ပိုပြီး စားသုံးတယ်လို့ ဆိုပါတယ်။

သုတေသနခေါင်းဆောင် ပါမောက္ခ Dimitros Trichopoulos က ယောကျ်ားလေးမွေးမယ့် ကိုယ်ဝန်ဆောင်တွေက ပုံမှန်ထက် အပို ၁၀ ခုလောက်စားနိုင်တာကို အံသြစရာကောင်းအောင် တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ယောက်ျားလေးမွေးမယ့် မိခင်နဲ့ မိန်းကလေးမွေးမယ့် မိခင်ကြားမှာ စွမ်းအင်သုံးစွဲဖို့ လိုအပ်ချက် ဘယ်လောက်ကွာခြားလဲဆိုတာ ရှင်းပါတယ်။ယောကျ်ားလေးတွေက မိန်းကလေးတွေထက် ပိုပြီး လေးတဲ့အတွက် စွမ်းအင် ပိုလိုတာဖြစ်နိုင်တယ်လို့ အရင်က သုတေသနမှတ်တမ်းတွေမှာ ဖော်ပြထားပေမဲ့ အတည်မပြုနိုင်ခဲ့သေးပါဘူး။

ဒါပေမဲ့ အမျိုးသမီးတွေက သူတို့ကိုယ်ဝန်မရခင်ကထက် အစာစားတာ ပိုများလာကြောင်း ပြောတတ်ပေမဲ့ ဒီအကြောင်းကို သတိမပြုမိတတ်ပါဘူး ။ သူတို့အတွက် အစာစားချင်စိတ်ပိုများလာတာက သူတို့လွယ်ထားရတဲ့ သားဖြစ်သူရဲ့ စွမ်းအင်လိုအပ်ချက်ကြောင့်ဆိုတာ မသိကြပါဘူး။ဒါက သဘာဝပဲ ဖြစ်ပါတယ်။

အမှန်တော့ အမျိုးသမီးတစ်ယောက်ရဲ့ ပျမ်းမျှစွမ်းအင်က မိမိ သားအိမ်ထဲမှာရှိတဲ့ သား သို့မဟုတ် သမီးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တာထက် ပိုပြီး လုံလောက်ပါတယ်။ အစာစားချင်စိတ် ပိုပြီးဖြစ်ရတဲ့ အကြောင်းရင်းကတော့ ဗိုက်ထဲက သားယောကျ်ားလေးဆီက ပို့လွှတ်တဲ့ ဟော်မုန်း အချက်ပေးမှု တိုးလာလို့ပဲ ဖြစ်ပါတယ်။ ဒီအချက်ပြသငေ်္ကတက သန္ဓေသားရဲ့ဝှေးစေ့ကနေ စစ်ထုတ်လိုက်တဲ့ တက်စတိုစတီရုန်း ဟော်မုန်းနဲ့ ဆက်စပ်နေပါတယ်။

ဒီတွေ့ရှိမှုက မိန်းကလေးမွေးမယ့် အမေတွေက ပိုပြီး နေမကောင်းဖြစ်တတ်တယ်ဆိုတဲ့ ရှေးအယူအဆတစ်ခုကို ကူပြီး ရှင်းပြပေးနိုင်မှာဖြစ်ပါတယ်။ မိန်းကလေးမွေးမယ့် မိခင်တွေက အစာစားချင်စိတ်နည်းတဲ့အတွက် အစာမစားတဲ့အခါမှာ အခြားရောဂါတွေ ဖြစ်လွယ်တာကြောင့်ပဲ ဖြစ်ပါတယ်လို့ သုတေသီတွေက ထောက်ပြခဲ့ကြပါတယ်။

Credit: Trend Myanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top