iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားေတြေရာ၊ အမ်ိဳးသမီးေတြပါ တစ္ခါတစ္ေလ ဆံပင္ညွပ္ဆုိင္သြားျပီး ကိုယ္ညွပ္လိုက္တဲ့ ဆံပင္က အရမ္းတိုသြားလို႔ ဒါမွမဟုတ္ ၾကည့္မေကာင္းလို႔ ဆံပင္ျမန္ျမန္ျပန္ရွည္ဖုိ႕ ဆုေတာင္းေနရတာမ်ိဳးေတြ ရွိပါတယ္။ အဲ့ဒီလို ဆုေတာင္းေနမယ့္အစား ဆံပင္ျမန္ျမန္ရွည္ေစဖုိ႕ ဒီအခ်က္ကေလးေတြကို ေသေသခ်ာခ်ာ ဂရုစိုက္လုပ္ေပးမယ္ဆုိရင္ သင့္ဆံပင္ အရွည္ျမန္ၿပီး သန္စြမ္းလာမွာပါ။ ဆံပင္ရွည္ျမန္ေစဖုိ႔ သိထားရမယ့္ အခ်က္ေတြကေတာ့

၁။ဆံပင္ညွပ္ေပးျခင္းက ဆံပင္ရွည္တာကို ျမန္ေစပါတယ္။

ဆံပင္ရွည္ခ်င္ပါတယ္ဆိုမွ ဆံပင္ညွပ္ခုိင္းေနတယ္လုိ႔ မထင္လုိက္ပါနဲ႔။ ကိုယ့္ရဲ႕ပ်က္စီးေနတဲ့ ဆံပင္အဖ်ားေတြ၊ အဖ်ားႏွစ္ခြျဖစ္ေနတာေတြကို ညွပ္ေပးျခင္းအားျဖင့္ သင့္ဆံပင္ဟာ အရင္ထက္ပို လွ်င္ျမန္စြာရွည္ၿပီး သန္စြမ္းလာပါလိမ့္မယ္။  အနည္းဆံုး သံုးလတစ္ခါေလာက္ေတာ့ ဆံပင္ညွပ္ဆုိင္သြားၿပီး ပ်က္စီးေနတဲ့ ဆံပင္အဖ်ားေတြကို ညွပ္ေပးသင့္ပါတယ္။

၂။ဆံပင္အတြက္ အေထာက္အကူျဖစ္ေစတဲ့ အစားအေသာက္ကို ေသေသခ်ာခ်ာ စားေပးပါ။

ဆယ္မြန္ငါး၊ ၾကက္ဥ၊ ေနၾကာေစ့၊ေထာပတ္သီး၊ အာလူး စတာေတြက ဆံပင္ရွည္ျမန္ဖုိ႔အတြက္ အေထာက္အကူျပဳတဲ့ အစားအစာေတြပါ။ ဒါေတြကို ပံုမွန္စားေပးဖုိ႔ လိုပါတယ္။

၃။ဆံပင္သားကို အပူေပးျခင္းမ်ိဳးေတြ ေရွာင္ပါ။

ဆံပင္ကို ေျဖာင့္စက္နဲ႔ဆြဲတာမ်ိဳးဟာ ဆံပင္သန္စြမ္းမႈ နဲ႔ ဆံပင္အရွည္ျမန္ဖုိ႔အတြက္ ဟန္႔တားထားတဲ့အရာေတြပါ။ ဒါ့ေၾကာင့္ ဒရိုင္ယာမႈတ္တာေတြ၊ အပူေခ်ာင္းနဲ႔ ဆံပင္ေကာက္တာေတြ၊ ဆံပင္ေျဖာင့္တာမ်ိဳးေတြ တတ္ႏိုင္သမွ် ေရွာင္ဖုိ႔ လိုပါတယ္။

၄။ေန႔တိုင္းေခါင္းမေလွ်ာ္ပါနဲ႔။

ေန႔စဥ္ေန႔တိုင္း ေခါင္းေလွ်ာ္ရင္ ဦးေရျပားက အဆီေတြ ခန္းေျခာက္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ တစ္ရက္ျခားပံုမွန္ ေခါင္းေလွ်ာ္ေပးျခင္းေလာက္သာ ျပဳလုပ္သင့္ၿပီး ေခါင္းေလွ်ာ္တဲ့အခါတုိင္း ဆံပင္ေပ်ာ့ေဆးကို အၿမဲသံုးေပးပါ။

၅။ေခါင္းေလွ်ာ္တုိင္း ဦးေရျပားကို ႏွိပ္ေပးပါ။

ေခါင္းေလွ်ာ္ခ်ိန္တုိင္း ဦးေရျပားကို လက္ေခ်ာင္းထိပ္ေလးေတြနဲ႔ နွိပ္ေပးျခင္းအားျဖင့္ ဆံသားကို ပိုမုိအရွည္ျမန္ေစဖုိ႔ အေထာက္အကူျပဳေပးတယ္လုိ႔ သိရတာေၾကာင့္ အနည္းဆံုးသံုးမိနစ္ခန္႔ အခ်ိန္ေပးၿပီး ဦးေရျပားကို ႏွိပ္ေပးပါ။

Credit: trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ တစ်ခါတစ်လေ ဆံပင်ညှပ်ဆိုင်သွားပြီး ကိုယ်ညှပ်လိုက်တဲ့ ဆံပင်က အရမ်းတိုသွားလို့ ဒါမှမဟုတ် ကြည့်မကောင်းလို့ ဆံပင်မြန်မြန်ပြန်ရှည်ဖို့ ဆုတောင်းနေရတာမျိုးတွေ ရှိပါတယ်။ အဲ့ဒီလို ဆုတောင်းနေမယ့်အစား ဆံပင်မြန်မြန်ရှည်စေဖို့ ဒီအချက်ကလေးတွေကို သေသေချာချာ ဂရုစိုက်လုပ်ပေးမယ်ဆိုရင် သင့်ဆံပင် အရှည်မြန်ပြီး သန်စွမ်းလာမှာပါ။ ဆံပင်ရှည်မြန်စေဖို့ သိထားရမယ့် အချက်တွေကတော့

၁။ဆံပင်ညှပ်ပေးခြင်းက ဆံပင်ရှည်တာကို မြန်စေပါတယ်။

ဆံပင်ရှည်ချင်ပါတယ်ဆိုမှ ဆံပင်ညှပ်ခိုင်းနေတယ်လို့ မထင်လိုက်ပါနဲ့။ ကိုယ့်ရဲ့ပျက်စီးနေတဲ့ ဆံပင်အဖျားတွေ၊ အဖျားနှစ်ခွဖြစ်နေတာတွေကို ညှပ်ပေးခြင်းအားဖြင့် သင့်ဆံပင်ဟာ အရင်ထက်ပို လျှင်မြန်စွာရှည်ပြီး သန်စွမ်းလာပါလိမ့်မယ်။  အနည်းဆုံး သုံးလတစ်ခါလောက်တော့ ဆံပင်ညှပ်ဆိုင်သွားပြီး ပျက်စီးနေတဲ့ ဆံပင်အဖျားတွေကို ညှပ်ပေးသင့်ပါတယ်။

၂။ဆံပင်အတွက် အထောက်အကူဖြစ်စေတဲ့ အစားအသောက်ကို သေသေချာချာ စားပေးပါ။

ဆယ်မွန်ငါး၊ ကြက်ဥ၊ နေကြာစေ့၊ထောပတ်သီး၊ အာလူး စတာတွေက ဆံပင်ရှည်မြန်ဖို့အတွက် အထောက်အကူပြုတဲ့ အစားအစာတွေပါ။ ဒါတွေကို ပုံမှန်စားပေးဖို့ လိုပါတယ်။

၃။ဆံပင်သားကို အပူပေးခြင်းမျိုးတွေ ရှောင်ပါ။

ဆံပင်ကို ဖြောင့်စက်နဲ့ဆွဲတာမျိုးဟာ ဆံပင်သန်စွမ်းမှု နဲ့ ဆံပင်အရှည်မြန်ဖို့အတွက် ဟန့်တားထားတဲ့အရာတွေပါ။ ဒါ့ကြောင့် ဒရိုင်ယာမှုတ်တာတွေ၊ အပူချောင်းနဲ့ ဆံပင်ကောက်တာတွေ၊ ဆံပင်ဖြောင့်တာမျိုးတွေ တတ်နိုင်သမျှ ရှောင်ဖို့ လိုပါတယ်။

၄။နေ့တိုင်းခေါင်းမလျှော်ပါနဲ့။

နေ့စဉ်နေ့တိုင်း ခေါင်းလျှော်ရင် ဦးရေပြားက အဆီတွေ ခန်းခြောက်နိုင်ပါတယ်။ ဒါ့ကြောင့် တစ်ရက်ခြားပုံမှန် ခေါင်းလျှော်ပေးခြင်းလောက်သာ ပြုလုပ်သင့်ပြီး ခေါင်းလျှော်တဲ့အခါတိုင်း ဆံပင်ပျော့ဆေးကို အမြဲသုံးပေးပါ။

၅။ခေါင်းလျှော်တိုင်း ဦးရေပြားကို နှိပ်ပေးပါ။

ခေါင်းလျှော်ချိန်တိုင်း ဦးရေပြားကို လက်ချောင်းထိပ်လေးတွေနဲ့ နှိပ်ပေးခြင်းအားဖြင့် ဆံသားကို ပိုမိုအရှည်မြန်စေဖို့ အထောက်အကူပြုပေးတယ်လို့ သိရတာကြောင့် အနည်းဆုံးသုံးမိနစ်ခန့် အချိန်ပေးပြီး ဦးရေပြားကို နှိပ်ပေးပါ။

Credit: trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top