iMyanmarHouse.com - Best Property Website for Myanmar
×

မၾကာေသးခင္ကမွ ေ့ဖစ္ဘြတ္လူမႈကြန္ယက္ေပၚ မွာ သရုပ္ေဆာင္ေဇရဲထက္ ခ်စ္သူရွိေနၿပီဆိုတဲ့သတင္းေတြ တက္လာတာကိုေတြ႕ရပါတယ္။ ဒါ့အျပင္ ခ်စ္သူသက္တမ္းလဲၾကာျမင့္ၿပီလို႕သိရတာေၾကာင့္ တစ္ၾကိမ္တစ္ခါမွ ပြဲမထုတ္ပဲ လွ်ိဳထားခဲ့တဲ့ မင္းသားေဇရဲထက္ကို ခ်စ္သူရွိတယ္ဆိုတဲ့ သတင္းနဲ႕ပတ္သက္ၿပီး အတည္ျပဳသြားေရာက္ေမးျမန္းျဖစ္ရင္း လက္ရွိမွာရုိက္ကူးေနတဲ့ဇာတ္ကားအေၾကာင္းကို ေမးျမန္းျဖစ္တဲ့အခါ

-အခုလက္ရွိ ေဖစ့္ဘြတ္လူမႈကြန္ယက္ေပၚမွာ ပ်ံ႕ေနတဲ့ အစ္ကိုခ်စ္သူရေနၿပီဆိုတဲ့ သတင္းေလးနဲ႕ပတ္သက္ၿပီး အတည္ျပဳေပးပါဦး။

ခ်စ္သူကေတာ့ ရွိတယ္။ ဘာလို႕လဲဆိုေတာ့ အခုအရြယ္မွအျမွီးမေပါက္ရင္ ဘယ္အရြယ္မွအျမွီးေပါက္မလဲေပါ့။ ဒါေပမဲ့ခ်စ္သူရွိတာနဲ႕အိမ္ေထာင္ျပဳမွာ မဟုတ္ဘူးေလ။ ကံဆိုတာလဲရွိေသးတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္နားလည္မႈဆိုတာလဲရွိတာေပါ့။ တစ္ေယာက္နဲ႕တစ္ေယာက္ ခ်စ္သူျဖစ္တာနဲ႕အိမ္ေထာင္က်တာနဲ႕ကမဆုိင္ဘူးေလ။ ခ်စ္တုိင္းလဲမညားဆိုတာမ်ိဳးလဲ ရွိတယ္ဆိုေတာ့ ကၽြန္ေတာ့္အေနနဲ႕ကၽြန္ေတာ္တို႕ႏွစ္ေယာက္ရဲ႕အခ်စ္ေရးကေတာ့ ေတာ္ေတာ္ေလးကိုအဆင္ေျပပါတယ္။ ခ်စ္သူတို႕ရဲ႕ထံုးစံအတုိင္း တစ္ေယာက္နဲ႕တစ္ေယာက္ပဋိပကၡေလးေတြကေတာ့ ရွိတာေပါ့ေလ။ တျခားကေတာ့ အားလံုးအဆင္ေျပပါတယ္ခင္ဗ်။

-ခ်စ္သူသက္တမ္းကေရာ ဘယ္ေလာက္ရွိၿပီလဲ။

ႏွစ္ႏွစ္ေက်ာ္သံုးႏွစ္ေလာက္ေတာ့ရွိပါၿပီခင္ဗ်။

-ခ်စ္သူသက္တမ္းဘယ္ေလာက္မွာ လက္ထပ္မယ္လို႕စဥ္းစားထားလဲ။

လက္ထပ္မဲ့ထိေတာ့ ကၽြန္ေတာ္မစဥ္းစားထားေသးဘူး။ ဘာလို႕လဲဆုိေတာ့ကၽြန္ေတာ္ ကိုယ္တိုင္လဲ အရင္ေျပာခဲ့သလိုပဲ။ ကၽြန္ေတာ့ဘ၀နဲ႕ကၽြန္ေတာ့မိသားစု၊ ကၽြန္ေတာ့ႏုိင္ငံအတြက္၊ အက်ိဳးရွိတဲ့လူတစ္ေယာက္ျဖစ္ေအာင္မလုပ္ေပးႏုိင္ေသးဘူးေလ။ အားလံုးကိုအက်ိဳးရွိေအာင္လုပ္ခ်င္ေသးတယ္။ ၿပီးေတာ့မွပဲ အိမ္ေထာင္ေရးကိုစဥ္းစားမယ္ေပါ့။ အဲ့ဒါကိုလဲခ်စ္သူကိုေျပာထားၿပီးသားပါ။ သူကုိယ္တုိင္လဲလက္ခံပါတယ္။

-အစ္ကုိအႏုပညာအလုပ္ကိုစလုပ္တဲ့အခါမွာ ပရိသတ္ေတာ္ေတာ္မ်ားမ်ားရဲ႕ေ၀ဖန္ျခင္းကိုခံရတယ္ဆိုေတာ့ အခုခ်စ္သူရွိတယ္ဆုိၿပီးေျပာလိုက္တာက ေယာက်ား္ျဖစ္ေၾကာင္းသက္ေသျပလိုက္တဲ့သေဘာလား။

ေ၀ဖန္တာက ကၽြန္ေတာ့ကိုမွတင္မဟုတ္ပါဘူး။ အျပင္ေလာကမွာလဲ ေ၀ဖန္တဲ့သူေတြရွိတာပဲ။ ဘာျဖစ္လုိ႕လဲဆိုေတာ့ သရုပ္ေဆာင္ဆုိတဲ့အတြက္ေၾကာင့္မုိ႕လို႕လူပိုၿပီးေတာ့ စိတ္၀င္စားတယ္။ လူစိတ္၀င္စားတဲ့အတြက္ အေကာင္းဖက္ကေ၀ဖန္တဲ့သူရွိသလို အဆိုးဖက္ကေ၀ဖန္တဲ့သူလဲရွိတယ္။ ဒါေပမဲ့ အဲ့ဒီဒဏ္ကိုလဲ ခံႏုိင္ရည္ရွိေအာင္ၾကိဳးစားရမယ္။ ေနာက္တစ္ခုက လူတိုင္းလူတိုင္းဟာအမွားနဲ႕မကင္းၾကဘူး။ ေနာက္တစ္ခုကၽြန္ေတာ္ေျပာခ်င္တာက မျပည့္စံုတဲ့သူေတြဆိုရင္ အတိတ္ဆိုးဆိုတာရွိတတ္ၾကစျမဲပဲေလ။ ကၽြန္ေတာ္တို႕ကိုယ္တုိင္ကလဲ မျပည့္စံုတဲ့သူအေနနဲ႕လာခဲ့ရတယ္။ မျပည့္စံုတဲ့အတြက္ အတိတ္ဆိုးဆိုတာရွိတယ္။ ဒါေပမဲ့အဲ့ဒီအတိတ္ဆိုးကို အျမဲတမ္းေခါင္းထဲမွာထည့္ေနမယ္ဆိုရင္ အလုပ္လုပ္ရတာအဆင္ေျပမွမဟုတ္ဘူး။ ကၽြန္ေတာ္တုိ႕မျပည့္စံုခဲ့တဲ့အတြက္ ကၽြန္ေတာ္တို႕ၾကိဳးစားတယ္။ ရပ္တည္တယ္။ ေနာက္တစ္ခုက ေဇရဲထက္ဆိုတဲ့ေနရာေလးတစ္ေနရာျဖစ္လာေအာင္ၾကိဳးစားခဲ့တယ္။ ရပ္တည္ခဲ့တယ္။ ဘယ္ေလာက္ထိၾကိဳးစားရုန္းကန္ခဲ့ရလဲဆိုတာ ကၽြန္ေတာ္ကိုယ္တိုင္အသိဆံုးေပါ့။ ေျပာျပလို႕ကကုန္မွာမဟုတ္ဘူး။ မျပည့္စံုတဲ့သူျဖစ္တဲ့အတြက္ အတိတ္ဆိုးဆိုတာ ရွိခဲ့တယ္။ အဲဒီအတိတ္ဆိုးက သူမ်ားတကာကို ေက်ာခဲ့တာေတြ၊ သူမ်ားမ်က္ခံုးေပၚစၾကၤန္ေလွ်ာက္ခဲ့တာေတြ၊ သူမ်ား သားသမီးဖ်က္ဆီးခဲ့တာေတြမဟုတ္ဘူးေပါ့။ ကၽြန္ေတာ့အေနနဲ႕ဒီေလာကထဲကို မေရာက္ခင္တုန္းက ဒီေလာကနဲ႕စိမ္းတယ္။ အဲ့ဒါေၾကာင့္ပိုက္ဆံရွာခဲ့တယ္။ ပိုက္ဆံရရင္ဘာမဆုိလုပ္မယ္ေပါ့။ ဒါေပမဲ့ဘာမဆိုလုပ္မယ္ဆိုတဲ့အတုိင္းအတာတစ္ခုမွာ သူမ်ားသားသမီးမဖ်က္ဆီးဘူး။ သူမ်ားအသိုင္းအ၀ိုင္းမဖ်က္ဆီးဘူး။ သူမ်ားကိုမဟုတ္တာမလုပ္ဘူး။ မွန္ကန္တဲ့အလုပ္ကိုလုပ္ၿပီးပဲ ကၽြန္ေတာ္ျဖတ္သန္းခဲ့တယ္။ မထင္မွတ္ပဲ ကၽြန္ေတာ္၀ါသနာပါတဲ့ ဒီအႏုပညာအလုပ္ကိုလုပ္ၿပီးလူသိမ်ားလာတဲ့အခါက်ေတာ့ အတိတ္ဆိုးဆိုတာ ဆိုးဆိုး၀ါး၀ါးၾကီးေတာ့မရွိခဲ့ဘူး။ ကၽြန္ေတာ့ဘ၀ေနထုိင္မႈရပ္တည္ဖို႕ခက္ခဲတာေတြေပါ့။ အဲ့ဒီေလာက္ပါပဲ။

-ခ်စ္သူသက္တမ္းႏွစ္ႏွစ္ေက်ာ္သံုးႏွစ္အတြင္းမွာ ခ်စ္သူကိုတစ္ခါမွပြဲထုတ္တာမ်ိဳးမရွိခဲ့ဘူးေနာ္။

ပြဲထုတ္တယ္။ မထုတ္တယ္ကေျပာရရင္ တခ်ိဳ႕ေတြကေတာ့ စိတ္၀င္စားၾကတာေပါ့ေနာ္။ ပြဲမထုတ္ခ်င္ဘူးဆိုတာက သူလဲ အဆင္မေျပႏုိင္ဘူး။ နမူနာေျပာရမယ္ဆိုရင္ဗ်ာ။ ကၽြန္ေတာ့္ခ်စ္သူပါလို႕ေျပာရင္ သူပါလူတိုင္းစိတ္၀င္စားခံရတဲ့လူတစ္ေယာက္ျဖစ္သြားမယ္။ သူ႕အတြက္ကလဲ အဆင္မေျပဘူး။ အဲ့ဒါေၾကာင့္ ကၽြန္ေတာ္တုိ႕အေနနဲ႕ေအးေအးေဆးေဆးပဲေနခ်င္တယ္။ သူ႕ဘ၀အတြက္တိုးတက္ရာတိုးတက္ေၾကာင္းလဲသူကလုပ္ရဦးမယ္။ တကယ္လို႕ကၽြန္ေတာ့ခ်စ္သူပါလို႕ေျပာလိုက္ရင္လူတိုင္းကစိတ္၀င္စားမယ္။ သတိထားမိၾကမယ္။ အဲ့ဒီေတာ့သူ႕အတြက္လဲအဆင္မေျပဘူး။ အေႏွာင့္အယွက္ျဖစ္သြားႏုိင္တယ္။ သူ႕အတြက္စိတ္ညစ္စရာေတြလဲျဖစ္သြားႏုိင္တယ္။ အဲ့ဒါေၾကာင့္မို႕ပါ။

-အစ္ကို႕အေနနဲ႕ခ်စ္သူကို အေနမၾကပ္ေအာင္လို႕ငဲ့ညွာတဲ့သေဘာေပါ့ေနာ္။

အဲ့ဒါလဲပါပါတယ္။ ေနာက္တစ္ခုက ကၽြန္ေတာ့ခ်စ္သူကိုလဲေျပာရရင္ သာမန္လူေနမႈပံုစံထဲက လူတစ္ေယာက္လိုပဲ လြတ္လြတ္လပ္လပ္ေလးေနေစခ်င္တယ္။ သြားမယ္။ စားမယ္။ လာမယ္။ ဆိုရင္ Relax ျဖစ္ေစခ်င္တယ္။ ကုိယ္ကေျပာလိုက္ရင္သူ႕အတြက္ေနရထုိင္ရသြားရလာရခက္မွာ စိုးလို႕ပါ။ ကၽြန္ေတာ္ကိုယ္တုိင္ကလဲ ဒီအလုပ္ကို၀ါသနာပါလို႕လုပ္ေနတာပါ။ က်ဥ္းထဲက်ပ္ထဲေနရတဲ့ဘ၀မ်ိဳးကို မေရာက္ခ်င္ဘူး။

-သူကေရာ အစ္ကို႕အတြက္ ဘယ္လိုခ်စ္သူမ်ိဳးလဲ။ ဘယ္လိုပံုစံကိုေရြးခ်ယ္ထားတာလဲ။

သူမ်ားေတြနဲ႕ေတာ့တူခ်င္မွတူမယ္။ ကၽြန္ေတာ္က ခ်စ္သူကို ခ်စ္လို႕ကိုေရြးခ်ယ္ထားတာ သူပုိက္ဆံရွိတာေတြ၊ သူ႕မွာဘယ္ေလာက္ပဲပိုက္ဆံရွိရွိ၊ ဘယ္ေလာက္ပဲနာမည္ၾကီးၾကီး ၊ ဘယ္ေလာက္ပဲအသိုင္းအ၀ိုင္းေကာင္းေကာင္း ကၽြန္ေတာ္ေခါင္းထဲမထည့္ဘူး။ ကၽြန္ေတာ့ခ်စ္သူကုိ ကၽြန္ေတာ္ခ်စ္လို႕ပဲေရြးခ်ယ္ခဲ့တာ တျခားဘာအကန္႕မွမပါဘူး။ သူဆင္းရဲေနလဲခ်စ္မွာပဲ။ သူခ်မ္းသာသြားလဲခ်စ္မွာပဲ။ သူ႕ကိုကၽြန္ေတာ္ကခ်စ္တာကိုး။

-ဒါဆိုအစ္ကုိက အခ်စ္ကုိကုိးကြယ္တဲ့သူထဲမွာပါတာေပါ့။

ပါတယ္ဆုိတာက တစ္သက္စာလက္တြဲသြားမဲ့လူတစ္ေယာက္အဖို႕ကေတာ့ အခ်စ္ပါမွကိုအဆင္ေျပမယ္။ သူခ်စ္ကုိယ္ခ်စ္ေပါ့။

-တစ္ခါကေျပာခဲ့ဖူးတယ္။ ခ်စ္သူကုိ သ၀န္တိုတတ္တယ္ဆိုတာေလ။ အခုခ်စ္သူအေပၚမွာေရာ ဘယ္လိုရွိလဲ။

တိုတာပဲ။ တိုတယ္။ ခ်စ္သူကုိသ၀န္အရမ္းတုိတယ္။ သူကလဲတိုတယ္။ အျမဲတမ္းကေတာက္ကဆျဖစ္တယ္။ ခ်စ္သူတုိင္းျဖစ္တဲ့အတုိင္း စိတ္ဆိုးစိတ္ေကာက္တာေတြရွိတယ္။ အႏုပညာအလုပ္လုပ္ေနေတာ့ ပိုဆိုးတာေပါ့။ သူလဲအူတိုတယ္။ ကၽြန္ေတာ္လဲအူတိုတယ္။ ကၽြန္ေတာ္အလုပ္လုပ္ေနရတဲ့အခါမ်ိဳးက်ရင္ စိတ္မခ်တာမ်ိဳးရွိတယ္။ စိတ္မခ်ဘူးဆုိတာက အရမ္းေခ်ာေနလို႕၊ အရမ္းေအာင္ျမင္ေနလို႕ဆိုတစ္မ်ိဳးေပါ့။ ဒါေပမဲ့သူကုိယ္တိုင္ဘာမွမရွိ၊ ဘာမွမဟုတ္ပဲနဲ႕ကိုခ်စ္ေနတာဆိုေတာ့ သ၀န္တိုတာေလးေတြေတာ့ရွိပါတယ္။

-အခုရုိက္ေနတဲ့ကားေလးအေၾကာင္းကို အရင္ေျပာျပေပးပါဦး။

မိုးရနံ႕သင္းတဲ့ ေနမ၀င္ညေန တဲ့။ ဒါရုိက္တာက ကိုေနပုိင္၊ မင္းသမီးက သဥၹာႏြယ္၀င္းပါ။ အထီးက်န္ၿပီး စိတ္ဒဏ္ရာ ရေနတဲ့ ေကာင္ေလးတစ္ေယာက္ရဲ႕ ကာရုိက္တာကုိ သရုပ္ေဆာင္ရတာပါ။

Credit: Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မကြာသေးခင်ကမှ ေ့ဖစ်ဘွတ်လူမှုကွန်ယက်ပေါ် မှာ သရုပ်ဆောင်ဇေရဲထက် ချစ်သူရှိနေပြီဆိုတဲ့သတင်းတွေ တက်လာတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ချစ်သူသက်တမ်းလဲကြာမြင့်ပြီလို့သိရတာကြောင့် တစ်ကြိမ်တစ်ခါမှ ပွဲမထုတ်ပဲ လျှိုထားခဲ့တဲ့ မင်းသားဇေရဲထက်ကို ချစ်သူရှိတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အတည်ပြုသွားရောက်မေးမြန်းဖြစ်ရင်း လက်ရှိမှာရိုက်ကူးနေတဲ့ဇာတ်ကားအကြောင်းကို မေးမြန်းဖြစ်တဲ့အခါ

-အခုလက်ရှိ ဖေစ့်ဘွတ်လူမှုကွန်ယက်ပေါ်မှာ ပျံ့နေတဲ့ အစ်ကိုချစ်သူရနေပြီဆိုတဲ့ သတင်းလေးနဲ့ပတ်သက်ပြီး အတည်ပြုပေးပါဦး။

ချစ်သူကတော့ ရှိတယ်။ ဘာလို့လဲဆိုတော့ အခုအရွယ်မှအမြှီးမပေါက်ရင် ဘယ်အရွယ်မှအမြှီးပေါက်မလဲပေါ့။ ဒါပေမဲ့ချစ်သူရှိတာနဲ့အိမ်ထောင်ပြုမှာ မဟုတ်ဘူးလေ။ ကံဆိုတာလဲရှိသေးတယ်။ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုဆိုတာလဲရှိတာပေါ့။ တစ်ယောက်နဲ့တစ်ယောက် ချစ်သူဖြစ်တာနဲ့အိမ်ထောင်ကျတာနဲ့ကမဆိုင်ဘူးလေ။ ချစ်တိုင်းလဲမညားဆိုတာမျိုးလဲ ရှိတယ်ဆိုတော့ ကျွန်တော့်အနေနဲ့ကျွန်တော်တို့နှစ်ယောက်ရဲ့အချစ်ရေးကတော့ တော်တော်လေးကိုအဆင်ပြေပါတယ်။ ချစ်သူတို့ရဲ့ထုံးစံအတိုင်း တစ်ယောက်နဲ့တစ်ယောက်ပဋိပက္ခလေးတွေကတော့ ရှိတာပေါ့လေ။ တခြားကတော့ အားလုံးအဆင်ပြေပါတယ်ခင်ဗျ။

-ချစ်သူသက်တမ်းကရော ဘယ်လောက်ရှိပြီလဲ။

နှစ်နှစ်ကျော်သုံးနှစ်လောက်တော့ရှိပါပြီခင်ဗျ။

-ချစ်သူသက်တမ်းဘယ်လောက်မှာ လက်ထပ်မယ်လို့စဉ်းစားထားလဲ။

လက်ထပ်မဲ့ထိတော့ ကျွန်တော်မစဉ်းစားထားသေးဘူး။ ဘာလို့လဲဆိုတော့ကျွန်တော် ကိုယ်တိုင်လဲ အရင်ပြောခဲ့သလိုပဲ။ ကျွန်တော့ဘဝနဲ့ကျွန်တော့မိသားစု၊ ကျွန်တော့နိုင်ငံအတွက်၊ အကျိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်မလုပ်ပေးနိုင်သေးဘူးလေ။ အားလုံးကိုအကျိုးရှိအောင်လုပ်ချင်သေးတယ်။ ပြီးတော့မှပဲ အိမ်ထောင်ရေးကိုစဉ်းစားမယ်ပေါ့။ အဲ့ဒါကိုလဲချစ်သူကိုပြောထားပြီးသားပါ။ သူကိုယ်တိုင်လဲလက်ခံပါတယ်။

-အစ်ကိုအနုပညာအလုပ်ကိုစလုပ်တဲ့အခါမှာ ပရိသတ်တော်တော်များများရဲ့ဝေဖန်ခြင်းကိုခံရတယ်ဆိုတော့ အခုချစ်သူရှိတယ်ဆိုပြီးပြောလိုက်တာက ယောကျာ်းဖြစ်ကြောင်းသက်သေပြလိုက်တဲ့သဘောလား။

ဝေဖန်တာက ကျွန်တော့ကိုမှတင်မဟုတ်ပါဘူး။ အပြင်လောကမှာလဲ ဝေဖန်တဲ့သူတွေရှိတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သရုပ်ဆောင်ဆိုတဲ့အတွက်ကြောင့်မို့လို့လူပိုပြီးတော့ စိတ်ဝင်စားတယ်။ လူစိတ်ဝင်စားတဲ့အတွက် အကောင်းဖက်ကဝေဖန်တဲ့သူရှိသလို အဆိုးဖက်ကဝေဖန်တဲ့သူလဲရှိတယ်။ ဒါပေမဲ့ အဲ့ဒီဒဏ်ကိုလဲ ခံနိုင်ရည်ရှိအောင်ကြိုးစားရမယ်။ နောက်တစ်ခုက လူတိုင်းလူတိုင်းဟာအမှားနဲ့မကင်းကြဘူး။ နောက်တစ်ခုကျွန်တော်ပြောချင်တာက မပြည့်စုံတဲ့သူတွေဆိုရင် အတိတ်ဆိုးဆိုတာရှိတတ်ကြစမြဲပဲလေ။ ကျွန်တော်တို့ကိုယ်တိုင်ကလဲ မပြည့်စုံတဲ့သူအနေနဲ့လာခဲ့ရတယ်။ မပြည့်စုံတဲ့အတွက် အတိတ်ဆိုးဆိုတာရှိတယ်။ ဒါပေမဲ့အဲ့ဒီအတိတ်ဆိုးကို အမြဲတမ်းခေါင်းထဲမှာထည့်နေမယ်ဆိုရင် အလုပ်လုပ်ရတာအဆင်ပြေမှမဟုတ်ဘူး။ ကျွန်တော်တို့မပြည့်စုံခဲ့တဲ့အတွက် ကျွန်တော်တို့ကြိုးစားတယ်။ ရပ်တည်တယ်။ နောက်တစ်ခုက ဇေရဲထက်ဆိုတဲ့နေရာလေးတစ်နေရာဖြစ်လာအောင်ကြိုးစားခဲ့တယ်။ ရပ်တည်ခဲ့တယ်။ ဘယ်လောက်ထိကြိုးစားရုန်းကန်ခဲ့ရလဲဆိုတာ ကျွန်တော်ကိုယ်တိုင်အသိဆုံးပေါ့။ ပြောပြလို့ကကုန်မှာမဟုတ်ဘူး။ မပြည့်စုံတဲ့သူဖြစ်တဲ့အတွက် အတိတ်ဆိုးဆိုတာ ရှိခဲ့တယ်။ အဲဒီအတိတ်ဆိုးက သူများတကာကို ကျောခဲ့တာတွေ၊ သူများမျက်ခုံးပေါ်စင်္ကြန်လျှောက်ခဲ့တာတွေ၊ သူများ သားသမီးဖျက်ဆီးခဲ့တာတွေမဟုတ်ဘူးပေါ့။ ကျွန်တော့အနေနဲ့ဒီလောကထဲကို မရောက်ခင်တုန်းက ဒီလောကနဲ့စိမ်းတယ်။ အဲ့ဒါကြောင့်ပိုက်ဆံရှာခဲ့တယ်။ ပိုက်ဆံရရင်ဘာမဆိုလုပ်မယ်ပေါ့။ ဒါပေမဲ့ဘာမဆိုလုပ်မယ်ဆိုတဲ့အတိုင်းအတာတစ်ခုမှာ သူများသားသမီးမဖျက်ဆီးဘူး။ သူများအသိုင်းအဝိုင်းမဖျက်ဆီးဘူး။ သူများကိုမဟုတ်တာမလုပ်ဘူး။ မှန်ကန်တဲ့အလုပ်ကိုလုပ်ပြီးပဲ ကျွန်တော်ဖြတ်သန်းခဲ့တယ်။ မထင်မှတ်ပဲ ကျွန်တော်ဝါသနာပါတဲ့ ဒီအနုပညာအလုပ်ကိုလုပ်ပြီးလူသိများလာတဲ့အခါကျတော့ အတိတ်ဆိုးဆိုတာ ဆိုးဆိုးဝါးဝါးကြီးတော့မရှိခဲ့ဘူး။ ကျွန်တော့ဘဝနေထိုင်မှုရပ်တည်ဖို့ခက်ခဲတာတွေပေါ့။ အဲ့ဒီလောက်ပါပဲ။

-ချစ်သူသက်တမ်းနှစ်နှစ်ကျော်သုံးနှစ်အတွင်းမှာ ချစ်သူကိုတစ်ခါမှပွဲထုတ်တာမျိုးမရှိခဲ့ဘူးနော်။

ပွဲထုတ်တယ်။ မထုတ်တယ်ကပြောရရင် တချို့တွေကတော့ စိတ်ဝင်စားကြတာပေါ့နော်။ ပွဲမထုတ်ချင်ဘူးဆိုတာက သူလဲ အဆင်မပြေနိုင်ဘူး။ နမူနာပြောရမယ်ဆိုရင်ဗျာ။ ကျွန်တော့်ချစ်သူပါလို့ပြောရင် သူပါလူတိုင်းစိတ်ဝင်စားခံရတဲ့လူတစ်ယောက်ဖြစ်သွားမယ်။ သူ့အတွက်ကလဲ အဆင်မပြေဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့အနေနဲ့အေးအေးဆေးဆေးပဲနေချင်တယ်။ သူ့ဘဝအတွက်တိုးတက်ရာတိုးတက်ကြောင်းလဲသူကလုပ်ရဦးမယ်။ တကယ်လို့ကျွန်တော့ချစ်သူပါလို့ပြောလိုက်ရင်လူတိုင်းကစိတ်ဝင်စားမယ်။ သတိထားမိကြမယ်။ အဲ့ဒီတော့သူ့အတွက်လဲအဆင်မပြေဘူး။ အနှောင့်အယှက်ဖြစ်သွားနိုင်တယ်။ သူ့အတွက်စိတ်ညစ်စရာတွေလဲဖြစ်သွားနိုင်တယ်။ အဲ့ဒါကြောင့်မို့ပါ။

-အစ်ကို့အနေနဲ့ချစ်သူကို အနေမကြပ်အောင်လို့ငဲ့ညှာတဲ့သဘောပေါ့နော်။

အဲ့ဒါလဲပါပါတယ်။ နောက်တစ်ခုက ကျွန်တော့ချစ်သူကိုလဲပြောရရင် သာမန်လူနေမှုပုံစံထဲက လူတစ်ယောက်လိုပဲ လွတ်လွတ်လပ်လပ်လေးနေစေချင်တယ်။ သွားမယ်။ စားမယ်။ လာမယ်။ ဆိုရင် Relax ဖြစ်စေချင်တယ်။ ကိုယ်ကပြောလိုက်ရင်သူ့အတွက်နေရထိုင်ရသွားရလာရခက်မှာ စိုးလို့ပါ။ ကျွန်တော်ကိုယ်တိုင်ကလဲ ဒီအလုပ်ကိုဝါသနာပါလို့လုပ်နေတာပါ။ ကျဉ်းထဲကျပ်ထဲနေရတဲ့ဘဝမျိုးကို မရောက်ချင်ဘူး။

-သူကရော အစ်ကို့အတွက် ဘယ်လိုချစ်သူမျိုးလဲ။ ဘယ်လိုပုံစံကိုရွေးချယ်ထားတာလဲ။

သူများတွေနဲ့တော့တူချင်မှတူမယ်။ ကျွန်တော်က ချစ်သူကို ချစ်လို့ကိုရွေးချယ်ထားတာ သူပိုက်ဆံရှိတာတွေ၊ သူ့မှာဘယ်လောက်ပဲပိုက်ဆံရှိရှိ၊ ဘယ်လောက်ပဲနာမည်ကြီးကြီး ၊ ဘယ်လောက်ပဲအသိုင်းအဝိုင်းကောင်းကောင်း ကျွန်တော်ခေါင်းထဲမထည့်ဘူး။ ကျွန်တော့ချစ်သူကို ကျွန်တော်ချစ်လို့ပဲရွေးချယ်ခဲ့တာ တခြားဘာအကန့်မှမပါဘူး။ သူဆင်းရဲနေလဲချစ်မှာပဲ။ သူချမ်းသာသွားလဲချစ်မှာပဲ။ သူ့ကိုကျွန်တော်ကချစ်တာကိုး။

-ဒါဆိုအစ်ကိုက အချစ်ကိုကိုးကွယ်တဲ့သူထဲမှာပါတာပေါ့။

ပါတယ်ဆိုတာက တစ်သက်စာလက်တွဲသွားမဲ့လူတစ်ယောက်အဖို့ကတော့ အချစ်ပါမှကိုအဆင်ပြေမယ်။ သူချစ်ကိုယ်ချစ်ပေါ့။

-တစ်ခါကပြောခဲ့ဖူးတယ်။ ချစ်သူကို သဝန်တိုတတ်တယ်ဆိုတာလေ။ အခုချစ်သူအပေါ်မှာရော ဘယ်လိုရှိလဲ။

တိုတာပဲ။ တိုတယ်။ ချစ်သူကိုသဝန်အရမ်းတိုတယ်။ သူကလဲတိုတယ်။ အမြဲတမ်းကတောက်ကဆဖြစ်တယ်။ ချစ်သူတိုင်းဖြစ်တဲ့အတိုင်း စိတ်ဆိုးစိတ်ကောက်တာတွေရှိတယ်။ အနုပညာအလုပ်လုပ်နေတော့ ပိုဆိုးတာပေါ့။ သူလဲအူတိုတယ်။ ကျွန်တော်လဲအူတိုတယ်။ ကျွန်တော်အလုပ်လုပ်နေရတဲ့အခါမျိုးကျရင် စိတ်မချတာမျိုးရှိတယ်။ စိတ်မချဘူးဆိုတာက အရမ်းချောနေလို့၊ အရမ်းအောင်မြင်နေလို့ဆိုတစ်မျိုးပေါ့။ ဒါပေမဲ့သူကိုယ်တိုင်ဘာမှမရှိ၊ ဘာမှမဟုတ်ပဲနဲ့ကိုချစ်နေတာဆိုတော့ သဝန်တိုတာလေးတွေတော့ရှိပါတယ်။

-အခုရိုက်နေတဲ့ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

မိုးရနံ့သင်းတဲ့ နေမဝင်ညနေ တဲ့။ ဒါရိုက်တာက ကိုနေပိုင်၊ မင်းသမီးက သဉ္ဖာနွယ်ဝင်းပါ။ အထီးကျန်ပြီး စိတ်ဒဏ်ရာ ရနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ကာရိုက်တာကို သရုပ်ဆောင်ရတာပါ။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top