iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ္လုံးကုိယ္ေပါက္၊ အသက္အရြယ္နဲ႔ ဟန္ပန္အမူအရာကို အသာထား အမ်ဳိးသမီးတုိင္း လံုး၀န္းျပီးလွပေနတဲ့ တင္ပါးမ်ိဳးကို ပုိင္ဆုိင္ခ်င္ၾကပါတယ္။ ဒီ (၆) ခ်က္က သင့္တင္ပါး ခ်က္ခ်င္း ၾကည့္ေကာင္းရႈဖြယ္ျဖစ္ေစပါလိမ့္မယ္။

ေလ့က်င့္ခန္းနဲ႔႔ ခႏၶာကိုယ္ဂရုစုိက္ထိန္းသိမ္းျခင္းတို႔က အဲဒီလုိ ျဖစ္ေအာင္ လုပ္ေပးႏုိင္ေပမယ့္ အဝတ္အစား အေရြးမွားရင္လည္း ၾကိဳးစားသမွ် အခ်ည္းႏီွးျဖစ္သြားပါလိမ့္မယ္။ မိမိတင္ပါးထင္ရွားေပၚလြင္ေစခ်င္ရင္ ဒီ (၆) ခ်က္ကို အျမဲဂရုစုိက္က်င့္သုံးဖုိ႔ လုိပါတယ္။

၁။ ခါးအသားေပးျခင္း

တင္ပါးပိုၾကီးသလုိ ျဖစ္ဖို႔အတြက္ ခါးကုိ အသားေပးရပါမယ္။ ဒါ့ေၾကာင့္ ပြေခ်ာင္ေနတဲ့ ရွပ္အက်ီၤနဲ႔ ဂါဝန္ေတြ ေရွာင္ပါ။ အဲဒီအစား ခါးသြယ္လ်ေစမယ့္ ဟာေလးေတြ ဝတ္ဆင္ပါ။

၂။ ေျခေထာက္ကို အထူးဂရုိစုိက္ပါ

အေျခခံက်တဲ့အခ်က္တစ္ခုက တင္ပါးေပၚခ်င္ရင္ ေျခသလုံးေတြေဖာ္ဖုိ႔ ဝန္မေလးဖုိ႔ပါပဲ။

၃။ ရက္ထည္ပါးပါးေလးေတြနဲ႔ ျပဳလုပ္တဲ့ စကတ္က်ပ္က်ပ္ေလးေတြ ေရြးခ်ယ္ဝတ္ဆင္ပါ

ပိုးဇာလႊာျဖင့္ျပဳလုပ္တဲ့ စကတ္ေတြက တင္ပါးေပ်ာက္သြားေစပါလိမ့္မယ္။

၄။ အလ်ားလုိက္အစင္းအေၾကာင္းနဲ႔ အဝဝတ္အစားေတြ ဝတ္ဆင္ပါ

အလ်ားလုိက္ အစင္းအေၾကာင္းနဲ႔ စကတ္နဲ႔ ဂါဝန္ေတြက အမ်ဳိးသမီးေတြရဲ႕ ကိုယ္လုံးကုိယ္ေပါက္ကုိ ရည္မြန္ျပီး မိန္းမပိုဆန္ေစပါလိမ့္မယ္။

၅။ တီရွပ္ကို စကတ္အတုိ သုိ႔မဟုတ္ ခါးျမင့္စကတ္နဲ႔ တြဲဝတ္ပါ

ဒီနည္းျဖင့့္ တင္ပါးပိုထင္ရွားျပီး အရမ္းမုိက္ မိန္းမဆန္တဲ့ ကိုယ္လုံးကိုယ္ေပါက္ ရရိွေစပါလိမ့္မယ္။

၆။ က်ပ္က်ပ္ေလးနဲ႔ အံကုိက္က်တဲ့ အထည္သားကို ေရြးခ်ယ္ပါ

ဆြဲသား ဂါဝန္၊ စကတ္နဲ႔ ဂ်င္းေဘာင္းဘီေတြက တင္ပါး ေပၚလြင္ေစဖုိ႔ အေကာင္းဆုံးပါပဲ။ အသားမကပ္တဲ့ အဝတ္အစားေတြ ေရွာင္ပါ။

Credit :trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ်လုံးကိုယ်ပေါက်၊ အသက်အရွယ်နဲ့ ဟန်ပန်အမူအရာကို အသာထား အမျိုးသမီးတိုင်း လုံးဝန်းပြီးလှပနေတဲ့ တင်ပါးမျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒီ (၆) ချက်က သင့်တင်ပါး ချက်ချင်း ကြည့်ကောင်းရှုဖွယ်ဖြစ်စေပါလိမ့်မယ်။

လေ့ကျင့်ခန်းနဲ့ ခန္ဓာကိုယ်ဂရုစိုက်ထိန်းသိမ်းခြင်းတို့က အဲဒီလို ဖြစ်အောင် လုပ်ပေးနိုင်ပေမယ့် အဝတ်အစား အရွေးမှားရင်လည်း ကြိုးစားသမျှ အချည်းနှီးဖြစ်သွားပါလိမ့်မယ်။ မိမိတင်ပါးထင်ရှားပေါ်လွင်စေချင်ရင် ဒီ (၆) ချက်ကို အမြဲဂရုစိုက်ကျင့်သုံးဖို့ လိုပါတယ်။

၁။ ခါးအသားပေးခြင်း

တင်ပါးပိုကြီးသလို ဖြစ်ဖို့အတွက် ခါးကို အသားပေးရပါမယ်။ ဒါ့ကြောင့် ပွချောင်နေတဲ့ ရှပ်အကျီၤနဲ့ ဂါဝန်တွေ ရှောင်ပါ။ အဲဒီအစား ခါးသွယ်လျစေမယ့် ဟာလေးတွေ ဝတ်ဆင်ပါ။

၂။ ခြေထောက်ကို အထူးဂရိုစိုက်ပါ

အခြေခံကျတဲ့အချက်တစ်ခုက တင်ပါးပေါ်ချင်ရင် ခြေသလုံးတွေဖော်ဖို့ ဝန်မလေးဖို့ပါပဲ။

၃။ ရက်ထည်ပါးပါးလေးတွေနဲ့ ပြုလုပ်တဲ့ စကတ်ကျပ်ကျပ်လေးတွေ ရွေးချယ်ဝတ်ဆင်ပါ

ပိုးဇာလွှာဖြင့်ပြုလုပ်တဲ့ စကတ်တွေက တင်ပါးပျောက်သွားစေပါလိမ့်မယ်။

၄။ အလျားလိုက်အစင်းအကြောင်းနဲ့ အဝဝတ်အစားတွေ ဝတ်ဆင်ပါ

အလျားလိုက် အစင်းအကြောင်းနဲ့ စကတ်နဲ့ ဂါဝန်တွေက အမျိုးသမီးတွေရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ရည်မွန်ပြီး မိန်းမပိုဆန်စေပါလိမ့်မယ်။

၅။ တီရှပ်ကို စကတ်အတို သို့မဟုတ် ခါးမြင့်စကတ်နဲ့ တွဲဝတ်ပါ

ဒီနည်းဖြင့့် တင်ပါးပိုထင်ရှားပြီး အရမ်းမိုက် မိန်းမဆန်တဲ့ ကိုယ်လုံးကိုယ်ပေါက် ရရှိစေပါလိမ့်မယ်။

၆။ ကျပ်ကျပ်လေးနဲ့ အံကိုက်ကျတဲ့ အထည်သားကို ရွေးချယ်ပါ

ဆွဲသား ဂါဝန်၊ စကတ်နဲ့ ဂျင်းဘောင်းဘီတွေက တင်ပါး ပေါ်လွင်စေဖို့ အကောင်းဆုံးပါပဲ။ အသားမကပ်တဲ့ အဝတ်အစားတွေ ရှောင်ပါ။

Credit :trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top