iMyanmarHouse.com - Best Property Website for Myanmar
×

၁ - လူတိုင္းဟာ ကိုယ့္ထက္သာေနတယ္လို႔ အျမဲခံစားေနရရင္ အရင္ဆံုးလုပ္သင့္တာက ေဖ့စ္ဘြတ္သံုးတာကို ရပ္လိုက္ပါ။ ေဖ့စ္ဘြတ္လို မီဒီယာေတြမွာ လူေတြဟာ သူတို႔ရဲ႕ အေကာင္းဆံုးေတြ၊ တစ္ဖက္လူက သူတို႔ေပၚ ထင္ေစခ်င္တဲ့အရာေတြကိုသာ ထုတ္ျပတတ္ၾကပါတယ္။ ဒါေတြကို တကယ္ထင္ျပီး စိတ္က ခံစားေနရတာ ျဖစ္ႏုိင္ပါတယ္။

၂ - သင္တစ္ေယာက္တည္း ဒုကၡေတြ ၾကံဳေနရတယ္ဆုိတာ မဟုတ္ပါဘူး။ သင့္လိုလူေတြ အမ်ားၾကီးရွိျပီး သင့္လိုျပႆနာ ေပါင္းမ်ားစြာကို ရင္ဆုိင္ေနရပါတယ္။

၃ - အရာရာဟာ ေနာက္က်ေနျပီဆိုတဲ့ ခံစားခ်က္ကလည္း မဟုတ္ပါဘူး။ သင့္အလွည့္ မေရာက္ေသးတာပဲ ျဖစ္ပါတယ္။ အေရးၾကီးတာက သင့္မွာ လုပ္ခ်င္ကိုင္ခ်င္စိတ္ရွိဖို႔ပါပဲ။ စိတ္ရွည္ရွည္နဲ႔ မေလာဖို႔ပါပဲ။

၄ - တစ္ေယာက္တည္းေနတာ မ်ားလာရာကေန လူတိုင္း ကိုယ့္ထက္သာတယ္ဆိုတဲ့ အေတြးမ်ိဳး ရလာႏုိင္ပါတယ္။ တစ္ေယာက္တည္းေနျခင္းက သင့္ကို အမ်ားၾကီးတုိးတက္ေစပါတယ္။ သင္ေလ့လာခ်င္တာေတြကို အခ်ိန္ေပးျပီး ေလ့လာဖို႔ေတာ့ လိုပါတယ္။

၅ - သင္အားသာတာကိုပဲ အားစိုက္ပါ။ သူမ်ားေတြ တတ္တယ္ဆိုတဲ့အရာကို လိုက္တတ္ခ်င္ရာကေန ကိုယ့္ထက္သာေနၾကျပီဆိုတဲ့ ခံစားခ်က္မ်ိဳးဝင္တတ္ပါတယ္။ ကိုယ္အားသာရာနယ္ပယ္ကိုပဲ အာရုံစိုက္ၾကိဳးစားရမွာ ျဖစ္ပါတယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

၁ - လူတိုင်းဟာ ကိုယ့်ထက်သာနေတယ်လို့ အမြဲခံစားနေရရင် အရင်ဆုံးလုပ်သင့်တာက ဖေ့စ်ဘွတ်သုံးတာကို ရပ်လိုက်ပါ။ ဖေ့စ်ဘွတ်လို မီဒီယာတွေမှာ လူတွေဟာ သူတို့ရဲ့ အကောင်းဆုံးတွေ၊ တစ်ဖက်လူက သူတို့ပေါ် ထင်စေချင်တဲ့အရာတွေကိုသာ ထုတ်ပြတတ်ကြပါတယ်။ ဒါတွေကို တကယ်ထင်ပြီး စိတ်က ခံစားနေရတာ ဖြစ်နိုင်ပါတယ်။

၂ - သင်တစ်ယောက်တည်း ဒုက္ခတွေ ကြုံနေရတယ်ဆိုတာ မဟုတ်ပါဘူး။ သင့်လိုလူတွေ အများကြီးရှိပြီး သင့်လိုပြဿနာ ပေါင်းများစွာကို ရင်ဆိုင်နေရပါတယ်။

၃ - အရာရာဟာ နောက်ကျနေပြီဆိုတဲ့ ခံစားချက်ကလည်း မဟုတ်ပါဘူး။ သင့်အလှည့် မရောက်သေးတာပဲ ဖြစ်ပါတယ်။ အရေးကြီးတာက သင့်မှာ လုပ်ချင်ကိုင်ချင်စိတ်ရှိဖို့ပါပဲ။ စိတ်ရှည်ရှည်နဲ့ မလောဖို့ပါပဲ။

၄ - တစ်ယောက်တည်းနေတာ များလာရာကနေ လူတိုင်း ကိုယ့်ထက်သာတယ်ဆိုတဲ့ အတွေးမျိုး ရလာနိုင်ပါတယ်။ တစ်ယောက်တည်းနေခြင်းက သင့်ကို အများကြီးတိုးတက်စေပါတယ်။ သင်လေ့လာချင်တာတွေကို အချိန်ပေးပြီး လေ့လာဖို့တော့ လိုပါတယ်။

၅ - သင်အားသာတာကိုပဲ အားစိုက်ပါ။ သူများတွေ တတ်တယ်ဆိုတဲ့အရာကို လိုက်တတ်ချင်ရာကနေ ကိုယ့်ထက်သာနေကြပြီဆိုတဲ့ ခံစားချက်မျိုးဝင်တတ်ပါတယ်။ ကိုယ်အားသာရာနယ်ပယ်ကိုပဲ အာရုံစိုက်ကြိုးစားရမှာ ဖြစ်ပါတယ်။

Credit : Duwun



ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top