iMyanmarHouse.com - Best Property Website for Myanmar
×

ေဟာ္မုန္းအေျပာင္းအလဲျဖစ္ျခင္းေၾကာင့္ ၀က္ၿခံ၊ အရည္ၾကည္ဖုမ်ား ထြက္ျခင္းကဲ့သုိ႔ အေရျပားျပႆနာမ်ားႀကံဳေတြ႕ႏုိင္သည္။

ေဟာ္မုန္းအေျပာင္းအလဲျဖစ္ျခင္း၏ အက်ိဳးဆက္ကုိ မ်က္ႏွာ က အဓိကခံစားရၿပီး ဆံပင္အရင္းမ်ား၌လည္း ခံစားရသည္။

ႀကီးေကာင္၀င္စတြင္ မေဟာ္မုန္းထုတ္လုပ္မႈ ပမာဏျမင့္မား လာျခင္းေၾကာင့္ အဆီဓာတ္ထုတ္လုပ္မႈမ်ားလာကာ အဆီျပန္ေသာ အသားအေရျဖစ္ေပၚလာသည္။

သုိ႔ေသာ္ တစ္ကိုယ္ေရသန္႔ရွင္းမႈအားနည္းျခင္း၊ ေခ်ာကလက္ ႏွင့္ အဆီမ်ားေသာ အေစ့အဆန္မ်ားအပါအ၀င္ အစားအေသာက္ အခ်ိဳ႕ေၾကာင့္လည္း အေရျပားတြင္ ၀က္ၿခံမ်ားထြက္ေပၚလာႏုိင္ကာ ကိုယ့္ကုိယ္ကုိယ္အာသာေျဖျခင္း (သုိ႔မဟုတ္) လိင္ဆက္ဆံျခင္း ေၾကာင့္လည္း ၀က္ၿခံထြက္ႏုိင္သည္။

ႀကီးေကာင္၀င္စအရြယ္တြင္ ေဟာ္မုန္းအေျပာင္းအလဲျဖစ္ျခင္း ႏွင့္ ႀကံဳေတြ႕ရေသာ ဆယ္ေက်ာ္သက္မ်ား ၀က္ၿခံထြက္ျခင္းမွာ ႀကံဳ ေတြ႕ရမႈအမ်ားဆံုးအေျခအေနျဖစ္သည္။

အေမြးမ်ားေသာ အမ်ိဳးသမီးမ်ား (သုိ႔မဟုတ္) ဓမၼတာစက္၀န္း ပံုမွန္မဟုတ္ေသာ အမ်ိဳးသမီးမ်ားအေနျဖင့္ ေဟာ္မုန္းျပႆနာမ်ား ရိွ၊ မရိွစစ္ေဆးမႈ ခံယူရန္လိုသည္ဟု အမ်ိဳးသမီးအသားအေရက်န္း မာေရးၫႊန္ၾကားေရးမွဴး ေဒါက္တာသီသနီဂ်ိန္းရွလူစာက ေျပာၾကားသည္။

အေရျပားျပႆနာမ်ား ႀကံဳေတြ႕ေနရစဥ္ ဗက္တီးရီးယားမ်ား ျဖစ္ေပၚလာပါက ဗက္တီးရီးယားမ်ားကုိ ကုိယ္ခံအားနည္းစနစ္က တုံ႔ျပန္မႈေၾကာင့္ ေရာင္ရမ္းမႈမ်ား ျဖစ္ေပၚလာႏုိင္သည္။

အခ်ိဳ႕ေသာ အေျခအေနတြင္ အမ်ိဳးသမီးမ်ား ၀က္ၿခံထြက္ျခင္း အတြက္ ပိုးသတ္ေဆးမ်ား ေသာက္သံုးႏုိင္ေၾကာင္း ေဒါက္တာ ရွလူ စာက ေျပာၾကားသည္။

Credit : 7Day Daily


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်းကြောင့် ဝက်ခြံ၊ အရည်ကြည်ဖုများ ထွက်ခြင်းကဲ့သို့ အရေပြားပြဿနာများကြုံတွေ့နိုင်သည်။

ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း၏ အကျိုးဆက်ကို မျက်နှာ က အဓိကခံစားရပြီး ဆံပင်အရင်းများ၌လည်း ခံစားရသည်။

ကြီးကောင်ဝင်စတွင် မဟော်မုန်းထုတ်လုပ်မှု ပမာဏမြင့်မား လာခြင်းကြောင့် အဆီဓာတ်ထုတ်လုပ်မှုများလာကာ အဆီပြန်သော အသားအရေဖြစ်ပေါ်လာသည်။

သို့သော် တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း၊ ချောကလက် နှင့် အဆီများသော အစေ့အဆန်များအပါအဝင် အစားအသောက် အချို့ကြောင့်လည်း အရေပြားတွင် ဝက်ခြံများထွက်ပေါ်လာနိုင်ကာ ကိုယ့်ကိုယ်ကိုယ်အာသာဖြေခြင်း (သို့မဟုတ်) လိင်ဆက်ဆံခြင်း ကြောင့်လည်း ဝက်ခြံထွက်နိုင်သည်။

ကြီးကောင်ဝင်စအရွယ်တွင် ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း နှင့် ကြုံတွေ့ရသော ဆယ်ကျော်သက်များ ဝက်ခြံထွက်ခြင်းမှာ ကြုံ တွေ့ရမှုအများဆုံးအခြေအနေဖြစ်သည်။

အမွေးများသော အမျိုးသမီးများ (သို့မဟုတ်) ဓမ္မတာစက်ဝန်း ပုံမှန်မဟုတ်သော အမျိုးသမီးများအနေဖြင့် ဟော်မုန်းပြဿနာများ ရှိ၊ မရှိစစ်ဆေးမှု ခံယူရန်လိုသည်ဟု အမျိုးသမီးအသားအရေကျန်း မာရေးညွှန်ကြားရေးမှူး ဒေါက်တာသီသနီဂျိန်းရှလူစာက ပြောကြားသည်။

အရေပြားပြဿနာများ ကြုံတွေ့နေရစဉ် ဗက်တီးရီးယားများ ဖြစ်ပေါ်လာပါက ဗက်တီးရီးယားများကို ကိုယ်ခံအားနည်းစနစ်က တုံ့ပြန်မှုကြောင့် ရောင်ရမ်းမှုများ ဖြစ်ပေါ်လာနိုင်သည်။

အချို့သော အခြေအနေတွင် အမျိုးသမီးများ ဝက်ခြံထွက်ခြင်း အတွက် ပိုးသတ်ဆေးများ သောက်သုံးနိုင်ကြောင်း ဒေါက်တာ ရှလူ စာက ပြောကြားသည်။

Credit : 7Day Daily




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top