iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ္၀န္ေဆာင္ကာလအတြင္း အပူလိႈင္း၊ အေအးလိႈင္းမ်ားႏွင့္ ႀကံဳေတြ႕ျခင္းေၾကာင့္ လမေစ့ဘဲ ကေလးေမြးဖြားႏုိင္သည့္ အႏၲရာယ္ ျမင့္မားလာႏုိင္ေၾကာင္း သုေတသနျပဳခ်က္အသစ္တစ္ရပ္အရ သိရသည္။

ယခုေလ့လာမႈကုိ အေမရိကန္အမ်ိဳးသားက်န္းမာေရးဌာန(NIH)မွ သုေတသီမ်ားက ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး Environmental Health Perspectives ဂ်ာနယ္တြင္ ေဖာ္ျပထားသည္။

၂၀၁၄ က အေမရိကန္ႏုိင္ငံတြင္ ကေလး ၁၀ ဦး၌  တစ္ဦးသည္ လမေစ့ဘဲ ေမြးဖြားေၾကာင္း ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးဌာန (CDC) ၏ ေဖာ္ျပခ်က္အရ သိရသည္။ လမေစ့ဘဲ ေမြးသည္ဆိုျခင္း မွာ သီတင္းပတ္ ၃၇ ပတ္မျပည့္မီ ေမြးဖြားျခင္းကုိ ဆုိလုိသည္။

လမေစ့ဘဲ ေမြးဖြားေသာေၾကာင့္ ကေလးငယ္မ်ား ေသဆံုးမႈ ႏွင့္ ေရရွည္မသန္စြမ္းမႈမ်ား၊ ဖြံ႕ၿဖိဳးမႈေႏွာင့္ေႏွးျခင္းကဲ့သုိ႔ အာ႐ံုေၾကာဆုိင္ရာမူမမွန္မႈမ်ားျဖစ္ေပၚလာႏုိင္သည္။

လမေစ့ဘဲ ေမြးဖြားသည့္ ရာဇ၀င္ရိွျခင္း၊ ေဆးလိပ္၊အရက္ ေသာက္သံုးျခင္း၊ မူးယစ္ေဆး၀ါးသံုးစြဲျခင္း၊ ဆီးလမ္းေၾကာင္းေရာဂါရိွျခင္းႏွင့္ ေသြးတုိးျခင္းကဲ့သုိ႔ အခ်ိဳ႕ေသာက်န္းမာေရးအေျခအေန မ်ား အပါအ၀င္ လမေစ့ဘဲ ကေလးေမြးဖြားႏုိင္သည့္ အႏၲရာယ္မ်ား ေစေသာအေၾကာင္းရင္းမ်ားစြာရိွသည္။

ကုိယ္၀န္ေဆာင္ကာလအတြင္း ျပင္းထန္ေသာ အပူခ်ိန္ႏွင့္ ထိေတြ႕ျခင္းေၾကာင့္ လမေစ့ဘဲ ကေလးေမြးဖြားႏုိင္သည့္ အႏၲရာယ္ ၆ ရာခုိင္ႏႈန္းမွ ၂၁ ရာခုိင္ႏႈန္းအထိ ျမင့္မားေၾကာင္း သုေတသီမ်ား က ေျပာသည္။

ျပင္းထန္ေသာ အေအးႏွင့္ ထိေတြ႕ခဲ့သည့္ ကုိယ္၀န္ေဆာင္ အမ်ိဳးသမီးမ်ားသည္ ကုိယ္၀န္သက္တမ္း ၃၄ ပတ္မတုိင္မီ ေမြးဖြား ႏုိင္သည့္ အႏၲရာယ္ ၂၀ ရာခုိင္ႏႈန္းအထိ ျမင့္မားေၾကာင္း သုေတသီ မ်ားက ေျပာသည္။

ထိ႔ုေၾကာင့္ ကုိယ္၀န္ေဆာင္အမ်ိဳးသမီးမ်ားအေနျဖင့္ ကုိယ္၀န္ သက္တမ္းႏုစဥ္အခ်ိန္တြင္ ျပင္းထန္ေသာ အပူခ်ိန္ႏွင့္ မထိေတြ႕မိ ေအာင္ ေရွာင္ရွားသင့္ေၾကာင္း သုေတသီမ်ားက ေျပာသည္။

Credit : 7 day daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ်ဝန်ဆောင်ကာလအတွင်း အပူလှိုင်း၊ အအေးလှိုင်းများနှင့် ကြုံတွေ့ခြင်းကြောင့် လမစေ့ဘဲ ကလေးမွေးဖွားနိုင်သည့် အန္တရာယ် မြင့်မားလာနိုင်ကြောင်း သုတေသနပြုချက်အသစ်တစ်ရပ်အရ သိရသည်။

ယခုလေ့လာမှုကို အမေရိကန်အမျိုးသားကျန်းမာရေးဌာန(NIH)မှ သုတေသီများက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Environmental Health Perspectives ဂျာနယ်တွင် ဖော်ပြထားသည်။

၂၀၁၄ က အမေရိကန်နိုင်ငံတွင် ကလေး ၁၀ ဦး၌  တစ်ဦးသည် လမစေ့ဘဲ မွေးဖွားကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC) ၏ ဖော်ပြချက်အရ သိရသည်။ လမစေ့ဘဲ မွေးသည်ဆိုခြင်း မှာ သီတင်းပတ် ၃၇ ပတ်မပြည့်မီ မွေးဖွားခြင်းကို ဆိုလိုသည်။

လမစေ့ဘဲ မွေးဖွားသောကြောင့် ကလေးငယ်များ သေဆုံးမှု နှင့် ရေရှည်မသန်စွမ်းမှုများ၊ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်းကဲ့သို့ အာရုံကြောဆိုင်ရာမူမမှန်မှုများဖြစ်ပေါ်လာနိုင်သည်။

လမစေ့ဘဲ မွေးဖွားသည့် ရာဇဝင်ရှိခြင်း၊ ဆေးလိပ်၊အရက် သောက်သုံးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ဆီးလမ်းကြောင်းရောဂါရှိခြင်းနှင့် သွေးတိုးခြင်းကဲ့သို့ အချို့သောကျန်းမာရေးအခြေအနေ များ အပါအဝင် လမစေ့ဘဲ ကလေးမွေးဖွားနိုင်သည့် အန္တရာယ်များ စေသောအကြောင်းရင်းများစွာရှိသည်။

ကိုယ်ဝန်ဆောင်ကာလအတွင်း ပြင်းထန်သော အပူချိန်နှင့် ထိတွေ့ခြင်းကြောင့် လမစေ့ဘဲ ကလေးမွေးဖွားနိုင်သည့် အန္တရာယ် ၆ ရာခိုင်နှုန်းမှ ၂၁ ရာခိုင်နှုန်းအထိ မြင့်မားကြောင်း သုတေသီများ က ပြောသည်။

ပြင်းထန်သော အအေးနှင့် ထိတွေ့ခဲ့သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် ကိုယ်ဝန်သက်တမ်း ၃၄ ပတ်မတိုင်မီ မွေးဖွား နိုင်သည့် အန္တရာယ် ၂၀ ရာခိုင်နှုန်းအထိ မြင့်မားကြောင်း သုတေသီ များက ပြောသည်။

ထိ့ုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ကိုယ်ဝန် သက်တမ်းနုစဉ်အချိန်တွင် ပြင်းထန်သော အပူချိန်နှင့် မထိတွေ့မိ အောင် ရှောင်ရှားသင့်ကြောင်း သုတေသီများက ပြောသည်။

Credit : 7 day daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top