iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ဦးေႏွာက္ထုိင္းမႈိင္း

အခ်ဳိပါတဲ့ အစားအစာေတြက ေသြးအတြင္း သၾကားဓာတ္ပမာဏ ထုိးတက္ေစၿပီးေနာက္ တျဖည္းျဖည္း ျပန္ေလ်ာ့က်တာမ်ဳိး မဟုတ္ဘဲ အလ်င္အျမန္ က်သြားတတ္ပါတယ္။ ဒီလိုျဖစ္ျခင္းက ဦးေႏွာက္ကုိ သက္ေရာက္မႈ႐ွိတယ္လုိ႕ ဆုိပါတယ္။ ဦးေႏွာက္ရဲ႕ ေတြးေခၚဆုံးျဖတ္မႈ တုံ႕ေႏွးေနၿပီး ေတြေဝမႈနဲ႕ ဇေဝဇဝါျဖစ္မႈေတြ ႀကဳံေနရတာက အခ်ဳိစားတာ မ်ားေနတာေၾကာင့္ ျဖစ္ႏုိင္ပါတယ္။

၂။ ေတာ္႐ုံအခ်ဳိကုိ ခ်ဳိတယ္မထင္ေတာ့

အခ်ဳိအစားမ်ားသူေတြရဲ႕ လွ်ာမွအရသာခံအဖုေတြက အခ်ဳိဓာတ္ကုိ ခံႏုိင္စြမ္း ပုံမွန္ထက္ပုိ႐ွိသြားတာေၾကာင့္ ေတာ္႐ုံအခ်ဳိကုိ ခ်ဳိတယ္မထင္ေတာ့ဘဲ ပုိခ်ဳိတဲ့ အစားအစာေတြကုိ စားခ်င္လာပါတယ္။
၃။ ပင္ပန္းႏြမ္းနယ္

အခ်ဳိမ်ားတဲ့ အစားအစာေတြက ခႏၶာကိုယ္စြမ္းအင္ကုိ တုိးျမင့္ေစေပမဲ့ ပင္ပန္းမႈဒဏ္ကုိ မခံႏုိင္ဘဲ အလ်င္အျမန္ ပင္ပန္းႏြမ္းလ်တတ္ပါတယ္။ မၾကာခဏဆုိသလုိ ပင္ပန္းႏြမ္းလ်မႈ ခံစားေနရရင္ အခ်ဳိစားတာမ်ားလို႕ ျဖစ္ႏုိင္ပါတယ္။

၄။ စြဲလန္းစိတ္ျဖစ္

အခ်ဳိဓာတ္က စြဲလန္းမႈျဖစ္ေစပါတယ္။ အခ်ဳိအစားမ်ားတဲ့သူေတြဟာ အျခား အစားအစာထက္ အခ်ဳိမ်ားတဲ့ အစားအစာေတြကုိ ပုိၿပီး စားခ်င္ၾကေလ့႐ွိပါတယ္။

၅။ မၾကာခဏ အေအးမိဖ်ားနာတတ္

အခ်ဳိဓာတ္က ခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္ကုိ တျဖည္းျဖည္းခ်င္း ေလ်ာ့နည္းေစတာေၾကာင့္ အခ်ဳိအစားမ်ားသူေတြဟာ မၾကာခဏဆုိသလို အေအးမိဖ်ားနာတတ္ပါတယ္။

၆။ အေရျပား ျပႆနာ

အခ်ဳိအစားမ်ားမႈကုိ အရင္ဆုံး သတိျပဳမိေစႏုိင္တာက အေရျပား ျပႆနာပါ။ အခ်ဳိအစားမ်ားတဲ့အခါ ဝက္ၿခံထြက္ျခင္း၊ အေရျပားအေရာင္ မမွန္ျခင္း၊ ႏွင္းခူနာ စတာေတြ ျဖစ္တတ္ပါတယ္။ အသားအေရ အဆီျပန္ျခင္း သုိ႕မဟုတ္ ေျခာက္ေသြ႕ေနျခင္းကလည္း ခႏၶာကိုယ္မွာ သၾကားဓာတ္ပမာဏ မ်ားျပားေနတာေၾကာင့္ ျဖစ္ႏုိင္ပါတယ္။

၇။ ဝၿဖဳိးမႈနဲ႕ ဆီးခ်ဳိ

အမွ်င္ပ႐ုိတိန္း မပါဝင္တာေၾကာင့္ အခ်ဳိဓာတ္က ဗုိက္ျပည့္ေက်နပ္သြားတာမ်ဳိး သိပ္မျဖစ္ေစဘဲ ေနာက္ထပ္ အခ်ဳိအစားအစာေတြ ထပ္စားမိၿပီး ဝိတ္တက္ျခင္းနဲ႕ ဆီးခ်ဳိေရာဂါ ျဖစ္ပြားေစႏုိင္ပါတယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version


၁။ ဦးနှောက်ထိုင်းမှိုင်း

အချိုပါတဲ့ အစားအစာတွေက သွေးအတွင်း သကြားဓာတ်ပမာဏ ထိုးတက်စေပြီးနောက် တဖြည်းဖြည်း ပြန်လျော့ကျတာမျိုး မဟုတ်ဘဲ အလျင်အမြန် ကျသွားတတ်ပါတယ်။ ဒီလိုဖြစ်ခြင်းက ဦးနှောက်ကို သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ဦးနှောက်ရဲ့ တွေးခေါ်ဆုံးဖြတ်မှု တုံ့နှေးနေပြီး တွေဝေမှုနဲ့ ဇဝေဇဝါဖြစ်မှုတွေ ကြုံနေရတာက အချိုစားတာ များနေတာကြောင့် ဖြစ်နိုင်ပါတယ်။

၂။ တော်ရုံအချိုကို ချိုတယ်မထင်တော့

အချိုအစားများသူတွေရဲ့ လျှာမှအရသာခံအဖုတွေက အချိုဓာတ်ကို ခံနိုင်စွမ်း ပုံမှန်ထက်ပိုရှိသွားတာကြောင့် တော်ရုံအချိုကို ချိုတယ်မထင်တော့ဘဲ ပိုချိုတဲ့ အစားအစာတွေကို စားချင်လာပါတယ်။
၃။ ပင်ပန်းနွမ်းနယ်

အချိုများတဲ့ အစားအစာတွေက ခန္ဓာကိုယ်စွမ်းအင်ကို တိုးမြင့်စေပေမဲ့ ပင်ပန်းမှုဒဏ်ကို မခံနိုင်ဘဲ အလျင်အမြန် ပင်ပန်းနွမ်းလျတတ်ပါတယ်။ မကြာခဏဆိုသလို ပင်ပန်းနွမ်းလျမှု ခံစားနေရရင် အချိုစားတာများလို့ ဖြစ်နိုင်ပါတယ်။

၄။ စွဲလန်းစိတ်ဖြစ်

အချိုဓာတ်က စွဲလန်းမှုဖြစ်စေပါတယ်။ အချိုအစားများတဲ့သူတွေဟာ အခြား အစားအစာထက် အချိုများတဲ့ အစားအစာတွေကို ပိုပြီး စားချင်ကြလေ့ရှိပါတယ်။

၅။ မကြာခဏ အအေးမိဖျားနာတတ်

အချိုဓာတ်က ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တဖြည်းဖြည်းချင်း လျော့နည်းစေတာကြောင့် အချိုအစားများသူတွေဟာ မကြာခဏဆိုသလို အအေးမိဖျားနာတတ်ပါတယ်။

၆။ အရေပြား ပြဿနာ

အချိုအစားများမှုကို အရင်ဆုံး သတိပြုမိစေနိုင်တာက အရေပြား ပြဿနာပါ။ အချိုအစားများတဲ့အခါ ဝက်ခြံထွက်ခြင်း၊ အရေပြားအရောင် မမှန်ခြင်း၊ နှင်းခူနာ စတာတွေ ဖြစ်တတ်ပါတယ်။ အသားအရေ အဆီပြန်ခြင်း သို့မဟုတ် ခြောက်သွေ့နေခြင်းကလည်း ခန္ဓာကိုယ်မှာ သကြားဓာတ်ပမာဏ များပြားနေတာကြောင့် ဖြစ်နိုင်ပါတယ်။

၇။ ဝဖြိုးမှုနဲ့ ဆီးချို

အမျှင်ပရိုတိန်း မပါဝင်တာကြောင့် အချိုဓာတ်က ဗိုက်ပြည့်ကျေနပ်သွားတာမျိုး သိပ်မဖြစ်စေဘဲ နောက်ထပ် အချိုအစားအစာတွေ ထပ်စားမိပြီး ဝိတ်တက်ခြင်းနဲ့ ဆီးချိုရောဂါ ဖြစ်ပွားစေနိုင်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top