iMyanmarHouse.com - Best Property Website for Myanmar
×

နားကေလာ္ျခင္းႏွင့္ ဂြမ္းျဖင့္ထုိး ျခင္းတို႔သည္ နားထိခုိက္ႏိုင္သျဖင့္ သတိျပဳဆင္ျခင္သင့္ေၾကာင္း နား၊ ႏွာေခါင္း၊ လည္ေခ်ာင္းကုဆရာ ဝန္ႀကီးမ်ားက ေျပာသည္။


‘‘ဂြမ္းနဲ႔ထုိးတာ မေကာင္းဘူး။ နားဆရာဝန္ေတြကေတာ့ မႀကိဳက္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဂြမ္း ေတြက Quality အမ်ိဳးမ်ိဳးလာတယ္။ တခ်ိဳ႕ကေတာ့ ေကာင္းတဲ့ဂြမ္းေတြရွိသလို တခ်ိဳ႕ဂြမ္းေတြက်ေတာ့လည္း အလြယ္တကူ ျပဳတ္ထြက္သြားတတ္တယ္။ အဲဒီေတာ့ နားထဲမွာ ဂြြမ္းေတြ က်န္ခဲ့တယ္။ အဲဒါေတြနဲ႔ ခဏခဏလာတယ္’’ဟု ရန္ကုန္ေဆးတကၠသိုလ္ (၁)၊ နား၊ ႏွာေခါင္း၊ လည္ေခ်ာင္း၊ ဦးေခါင္းႏွင့္ လည္ပင္းခြဲစိတ္ကုဌာ န ပါေမာကၡ/ဌာနမွဴး ေဒါက္တာ ေမာင္ေမာင္ခိုင္က ေျပာသည္။

နားတြင္ သဘာဝအရအျပင္ နားဟူ၍ရွိကာ အ႐ိုးရွိေသာအပိုင္းကို အတြင္းပိုင္းဟုေခၚၿပီး အ႐ိုးႏုရွိေသာအပိုင္းကို အျပင္ပိုင္းဟုေခၚသည္။ နားရြက္သည္ အ႐ိုးႏုရွိေသာ အပိုင္းျဖစ္၍ လႈပ္ေနျခင္းေၾကာင့္ နားဖာေခ်းမွာ အျပင္ထြက္လာၿပီး ေလႏွင့္ထိေတြ႕ကာ ကြာက်သြားတတ္သည္။ ထို႔ေၾကာင့္ နားသန္႔ရွင္းေရးျပဳလုပ္စရာမလိုျခင္းျဖစ္သည္။

 ‘‘ပံုမွန္အားျဖင့္ကေတာ့ ကေလာ္ဖုိ႔ မလိုဘူး။ သဘာဝသန္႔ရွင္းေပးသြားတာ။ ဒါေပမဲ့ တခ်ိဳ႕က နားဖာေခ်းအထြက္မ်ားလာတာရွိတယ္။ အဲဒီလို မ်ားေနလို႔ နားဖာေခ်းက တစ္ေနရင္ ကြၽမ္းက်င္တဲ့ ဆရာဝန္ႀကီးျပၿပီး ထုတ္လုိက္တာက အႏၲရာယ္ကင္းတယ္။ မကြၽမ္း က်င္ဘဲနဲ႔ထုတ္ရင္ ေသြးထြက္တတ္တယ္။ အျပင္နားေရာင္တတ္တယ္။ နားသန္႔ရွင္းေရးလုပ္တာက သတ္မွတ္ခ်က္မရွိဘူး။ ထိခိုက္ႏိုင္လို႔ မလုပ္သင့္ဘူး’’ဟု ၎က ဆက္လက္ေျပာသည္။

ေနာက္ဆက္တြဲ ဆိုးက်ိဳးအျဖစ္ အျပင္နားေရာင္ျခင္း၊ မေတာ္တဆ နားစည္ေပါက္ျခင္း(နားစည္ ကြဲျခင္း)တို႔မွတစ္ဆင့္  နားေလးေရာဂါျဖစ္ေပၚေစႏုိင္သည္။

ျမန္မာႏိုင္ငံတြင္ နားႏွင့္ပတ္သက္၍ နားျပည္ယိုေရာဂါ၊ နားေလးေရာဂါ၊ ႏွာေခါင္းႏွင့္ပတ္သက္၍ ႏွာေခါင္းေလအိတ္ေရာင္ ေရာဂါ၊ ႏွာေခါင္းအသားပိုထြက္ေရာဂါမ်ား အျဖစ္မ်ားၿပီး လည္ေခ်ာင္းႏွင့္ပတ္သက္၍ လည္ပင္းႀကီးေရာဂါႏွင့္ လည္ေခ်ာင္းကင္ဆာေရာဂါမ်ား အျဖစ္မ်ားေၾကာင္း နား၊ ႏွာေခါင္းႏွင့္ လည္ေခ်ာင္းအထူးကုဆရာဝန္မ်ားအဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

Credit: 7Day Daily


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နားကလော်ခြင်းနှင့် ဂွမ်းဖြင့်ထိုး ခြင်းတို့သည် နားထိခိုက်နိုင်သဖြင့် သတိပြုဆင်ခြင်သင့်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်းကုဆရာ ဝန်ကြီးများက ပြောသည်။


‘‘ဂွမ်းနဲ့ထိုးတာ မကောင်းဘူး။ နားဆရာဝန်တွေကတော့ မကြိုက်ဘူး။ ဘာကြောင့်လဲဆိုတော့ ဂွမ်း တွေက Quality အမျိုးမျိုးလာတယ်။ တချို့ကတော့ ကောင်းတဲ့ဂွမ်းတွေရှိသလို တချို့ဂွမ်းတွေကျတော့လည်း အလွယ်တကူ ပြုတ်ထွက်သွားတတ်တယ်။ အဲဒီတော့ နားထဲမှာ ဂွမ်းတွေ ကျန်ခဲ့တယ်။ အဲဒါတွေနဲ့ ခဏခဏလာတယ်’’ဟု ရန်ကုန်ဆေးတက္ကသိုလ် (၁)၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ကုဌာ န ပါမောက္ခ/ဌာနမှူး ဒေါက်တာ မောင်မောင်ခိုင်က ပြောသည်။

နားတွင် သဘာဝအရအပြင် နားဟူ၍ရှိကာ အရိုးရှိသောအပိုင်းကို အတွင်းပိုင်းဟုခေါ်ပြီး အရိုးနုရှိသောအပိုင်းကို အပြင်ပိုင်းဟုခေါ်သည်။ နားရွက်သည် အရိုးနုရှိသော အပိုင်းဖြစ်၍ လှုပ်နေခြင်းကြောင့် နားဖာချေးမှာ အပြင်ထွက်လာပြီး လေနှင့်ထိတွေ့ကာ ကွာကျသွားတတ်သည်။ ထို့ကြောင့် နားသန့်ရှင်းရေးပြုလုပ်စရာမလိုခြင်းဖြစ်သည်။

 ‘‘ပုံမှန်အားဖြင့်ကတော့ ကလော်ဖို့ မလိုဘူး။ သဘာဝသန့်ရှင်းပေးသွားတာ။ ဒါပေမဲ့ တချို့က နားဖာချေးအထွက်များလာတာရှိတယ်။ အဲဒီလို များနေလို့ နားဖာချေးက တစ်နေရင် ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးပြပြီး ထုတ်လိုက်တာက အန္တရာယ်ကင်းတယ်။ မကျွမ်း ကျင်ဘဲနဲ့ထုတ်ရင် သွေးထွက်တတ်တယ်။ အပြင်နားရောင်တတ်တယ်။ နားသန့်ရှင်းရေးလုပ်တာက သတ်မှတ်ချက်မရှိဘူး။ ထိခိုက်နိုင်လို့ မလုပ်သင့်ဘူး’’ဟု ၎င်းက ဆက်လက်ပြောသည်။

နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် အပြင်နားရောင်ခြင်း၊ မတော်တဆ နားစည်ပေါက်ခြင်း(နားစည် ကွဲခြင်း)တို့မှတစ်ဆင့်  နားလေးရောဂါဖြစ်ပေါ်စေနိုင်သည်။

မြန်မာနိုင်ငံတွင် နားနှင့်ပတ်သက်၍ နားပြည်ယိုရောဂါ၊ နားလေးရောဂါ၊ နှာခေါင်းနှင့်ပတ်သက်၍ နှာခေါင်းလေအိတ်ရောင် ရောဂါ၊ နှာခေါင်းအသားပိုထွက်ရောဂါများ အဖြစ်များပြီး လည်ချောင်းနှင့်ပတ်သက်၍ လည်ပင်းကြီးရောဂါနှင့် လည်ချောင်းကင်ဆာရောဂါများ အဖြစ်များကြောင်း နား၊ နှာခေါင်းနှင့် လည်ချောင်းအထူးကုဆရာဝန်များအဖွဲ့က သတင်းထုတ်ပြန်ထားသည်။


Credit: 7Day Daily




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top