iMyanmarHouse.com - Best Property Website for Myanmar
×

အရိုးက်ီး ေပါင္းတက္ျခင္းဆိုသည္မွာ အဆစ္နာ ျဖစ္ေသာ္လည္း ၄င္းအဆစ္ နားမွ အာရံု ေၾကာမ်ား အား ဖိမိပါက ပိုမို နာက်င္ေစႏိုင္ပါသည္။ အာရံုေၾကာ အမ်ိဳးအစား လိုက္ျပီး၊ ေရာဂါ လကၡဏာမ်ား ျဖစ္ေပၚလာေစသည္။

ေက်ာရိုးတြင္ အရိုးအမ်ားၾကီး ထပ္လ်က္ရွိသည္။ ၾကားေနရာမ်ားမွာ အဆစ္ျဖစ္သည္။ လည္ပင္း၊ ရင္ေခါင္း၊ ခါး၊ တင္ပါး၊ အျမီးပိုင္းတို့ အထိျဖစ္သည္။ စုစုေပါင္း (၇ + ၁၂ + ၅ + ၅ + ၄) = ၃၃ ရိုး ရွိပါသည္။ ၄င္းေနရာမ်ားမွာ အရိုးက်ီးေပါင္းတက္သည့္ ေနရာမ်ား ျဖစ္သည္။ အရိုးတခု ႏွင့္ တခုၾကား ေနရာမ်ားမွ အာရံုေၾကာမ်ား ဘယ္ညာသို့ ျဖာထြက္သည္။ အရိုး-အဆစ္္မ်ား မေကာင္းပါက ၄င္းအာရံုေၾကာမ်ားကို ဖိမိ တတ္သည္။ ၄င္းသို့ ဖိမိသည္ႏွင့္

o လည္ပင္းနာျခင္း
o ဂုတ္ပိုးနာျခင္း
o ေခါင္းမူး၊ ေခါင္းကိုက္ျခင္း
o လည္ပင္း တင္းေတာင့္ျခင္း
o လက္တေလွ်ာက္ အပ္နဲ႔ထိုးသကဲ့သို ့ ခံစားရျခင္း
o လက္ထံုက်င္ျခင္း
o လက္ေကာင္းစြာ မလွဳပ္ႏိုင္ျခင္း
o လက္ဖ်ားမ်ား ထံုက်င္ျခင္း
o ေနထိုင္ရ ခက္ခဲျခင္း
o လုပ္ကိုင္ ရ ခက္ခဲျခင္း
o အားယုတ္ျခင္း
o အိပ္ပ်က္္ျခင္း တို့ ျဖစ္ေပၚသည္။

၄င္းအထက္ပါ လကၡဏာမ်ားမွာ အရိုးက်ီးေပါင္း တက္ျခင္းေၾကာင့္အျပင္ Prolapsed inter-vertebral disks အဆစ္ၾကားအရြတ္က်ြံထြက္ ျခင္းေၾကာင့္ လည္းေကာင္း၊ ႔ Fibro-myalgia and myofascial pain syndromes အရြတ္-ၾကြက္သားေရာဂါမ်ိဳးမ်ား ေၾကာင့္ပါ ျဖစ္တတ္ ေလ့ ရွိသည္။

အသက္ႀကီးလာသည္ ႏွင့္အမွ် အဆစ္ျမဲေစေအာင္ ၾကိဳးစားသည့္ အေနႏွင့္ အရိုးမ်က္ႏွာျပင္မ်ား အလိုလို က်ယ္လာေလ့ ရွိသည္။

လည္ပင္းပိုင္းတြင္ ျဖစ္ေပၚပါက Cervical spondylosis ဟု ေခၚဆိုၿပီး ခါး တြင္ ျဖစ္ေပၚလွ်င္ Lower back spondylosis ဟု ေခၚဆိုပါသည္။ Cervical spondylosis မွာ အမ်ိဳးသမီး မ်ားတြင္ ပိုမို ျဖစ္ပြားသည္္။ ခါးမွာ ျဖစ္သူ မ်ားအေနျဖင့္ က်ီးေပါင္းတက္သည့္ အခါ အာရံုေၾကာမ်ားကို တိုက္ရိုက္ ဖိမိသျဖင့္

- ေအာက္ ပိုင္း တခုလံုး အားနည္းျခင္း၊
- လမ္းသြားလာ ပံုမမွန္ျခင္း၊
- ကိုယ္ကို ဘယ္-ညာ ေကာင္းေကာင္း ထိန္းသိမ္းႏိုင္စြမ္း မရွိျခင္း၊
- ဆီး-ဝမ္းသြားမမွန္ျခင္း
- ေျခ၊ လက္အာရံုေၾကာမ်ား ႏွင့္ ေသြးေလွ်ာက္ျခင္းအား ထိခိုက္သည့္ အတြက္ (ေရွာ့ခ္) ဟု ေခၚဆိုႏိုင္ေသာ (Paresthesia) ျဖစ္ေစနိုင္ပါသည္။
- ပိုမို ေသျခာနိုင္ရန္ X-rays ရိုက္ၾကည့္ျခင္း၊ MRI စစ္ေဆးျခင္းမ်ား ျပဳလုပ္သင့္သည္။

ေအာက္ပါေသာက္ေဆး၊ ထိုးေဆးမ်ားအား ဆရာ၀န္ညႊန္ၾကားခ်က္ ႏွင့္ အညီ သုံးစဲြ သင့္သည္။

• NSAIDs အနာသက္သာေဆးမ်ား။
• ဘိန္းပါ၀င္သည္ အနာသက္သာေဆး၊ (Morphine and Morphine-like substances (Oxycodone, Hydrocodone) မ်ား။
• ၾကြက္သားေပ်ာ့ေေဆး၊ (Carisoprodol, Cyclobenzaprine, Metaxalone, Methocarbamol) မ်ား။
• လိုအပ္ပါက ဆရာ၀န္ညႊန္ၾကားခ်က္ ႏွင့္ အညီ Cortisone injections စတီရြိဳက္ ထိုးေဆး ထိုးပါ။
• အျခားေဆးမ်ား ျဖစ္သည့္ Phenytoin (အတက္က်ေဆး)၊ Carbamazepine (အတက္က်ေဆး)၊ Amitriptyline (စိတ္က်သက္သာေဆး) မ်ား ဆရာ၀န္ညႊန္ၾကားခ်က္ ႏွင့္ အညီ တဲြဖက္ ေသာက္သုံး သင့္သည္။
• လူနာ၏ Lifestyle လူေနမႈပံုစံ ေျပာင္းလဲ ေနထိုင္သင့္သည္။
• လိုအပ္ပါက ခြဲစိတ္ကုသမူ ခံယူႏိုင္ရမည္ ျဖစ္သည္္။
• နာက်င္သည့္ ေနရာမ်ားအား အပူဓါတ္ ရရွိနိုင္ရန္ လိုအပ္ပီး နာက်င္ ကိုက္ခဲမူ သက္သာေစသည့္ ဒဏ္ေက် ပလာစတာမ်ား ကပ္ျခင္း၊ အပူထုပ္ ကပ္ျခင္း၊ ေရေႏြးအိပ္ကပ္ ျခင္းမ်ားက လူနာအတြက္ အနာသက္သာ ေစႏိုင္ပါသည္။ သတိထား ရန္အခ်က္မွာ ျဖစ္ပြားေနေသာ ေရာဂါေၾကာင့္ အပူအအး ခံစားမူ ကင္းမဲ့ၿပီး ထံုေနသည့္ ေနရာမ်ား အပူမလြန္ေစရန္ လိုအပ္ပါသည္။ တေန့လွ်င္ နာရီဝက္ ထက္ မပိုသင့့္ပါ။
• နာက်င္သည့္ ေနရာမ်ားအား အသာအယာသာ ႏွိပ္သင့္ပါသည္။
• ေအးသည့့္ ရာသီမ်ားတြင္ ေရပူသာ ခ်ဳိးသင့္သည္။
• လည္ပင္း ေလ့က်င့္ခန္းမ်ား လုပ္သင့္ပါသည္။
• Neck collar ေကာ္လာ ၾကာၾကာတပ္ထားသင္ ့ပါသည္။

Credit:MOMO Pharmacy Myanmar
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...







Unicode Version

အရိုးကျီး ပေါင်းတက်ခြင်းဆိုသည်မှာ အဆစ်နာ ဖြစ်သော်လည်း ၎င်းအဆစ် နားမှ အာရုံ ကြောများ အား ဖိမိပါက ပိုမို နာကျင်စေနိုင်ပါသည်။ အာရုံကြော အမျိုးအစား လိုက်ပြီး၊ ရောဂါ လက္ခဏာများ ဖြစ်ပေါ်လာစေသည်။

ကျောရိုးတွင် အရိုးအများကြီး ထပ်လျက်ရှိသည်။ ကြားနေရာများမှာ အဆစ်ဖြစ်သည်။ လည်ပင်း၊ ရင်ခေါင်း၊ ခါး၊ တင်ပါး၊ အမြီးပိုင်းတို့ အထိဖြစ်သည်။ စုစုပေါင်း (၇ + ၁၂ + ၅ + ၅ + ၄) = ၃၃ ရိုး ရှိပါသည်။ ၎င်းနေရာများမှာ အရိုးကျီးပေါင်းတက်သည့် နေရာများ ဖြစ်သည်။ အရိုးတခု နှင့် တခုကြား နေရာများမှ အာရုံကြောများ ဘယ်ညာသို့ ဖြာထွက်သည်။ အရိုး-အဆစ်များ မကောင်းပါက ၎င်းအာရုံကြောများကို ဖိမိ တတ်သည်။ ၎င်းသို့ ဖိမိသည်နှင့်

o လည်ပင်းနာခြင်း
o ဂုတ်ပိုးနာခြင်း
o ခေါင်းမူး၊ ခေါင်းကိုက်ခြင်း
o လည်ပင်း တင်းတောင့်ခြင်း
o လက်တလျှောက် အပ်နဲ့ထိုးသကဲ့သို့ ခံစားရခြင်း
o လက်ထုံကျင်ခြင်း
o လက်ကောင်းစွာ မလှုပ်နိုင်ခြင်း
o လက်ဖျားများ ထုံကျင်ခြင်း
o နေထိုင်ရ ခက်ခဲခြင်း
o လုပ်ကိုင် ရ ခက်ခဲခြင်း
o အားယုတ်ခြင်း
o အိပ်ပျက်ခြင်း တို့ ဖြစ်ပေါ်သည်။

၎င်းအထက်ပါ လက္ခဏာများမှာ အရိုးကျီးပေါင်း တက်ခြင်းကြောင့်အပြင် Prolapsed inter-vertebral disks အဆစ်ကြားအရွတ်ကျွံထွက် ခြင်းကြောင့် လည်းကောင်း၊့ Fibro-myalgia and myofascial pain syndromes အရွတ်-ကြွက်သားရောဂါမျိုးများ ကြောင့်ပါ ဖြစ်တတ် လေ့ ရှိသည်။

အသက်ကြီးလာသည် နှင့်အမျှ အဆစ်မြဲစေအောင် ကြိုးစားသည့် အနေနှင့် အရိုးမျက်နှာပြင်များ အလိုလို ကျယ်လာလေ့ ရှိသည်။

လည်ပင်းပိုင်းတွင် ဖြစ်ပေါ်ပါက Cervical spondylosis ဟု ခေါ်ဆိုပြီး ခါး တွင် ဖြစ်ပေါ်လျှင် Lower back spondylosis ဟု ခေါ်ဆိုပါသည်။ Cervical spondylosis မှာ အမျိုးသမီး များတွင် ပိုမို ဖြစ်ပွားသည်။ ခါးမှာ ဖြစ်သူ များအနေဖြင့် ကျီးပေါင်းတက်သည့် အခါ အာရုံကြောများကို တိုက်ရိုက် ဖိမိသဖြင့်

- အောက် ပိုင်း တခုလုံး အားနည်းခြင်း၊
- လမ်းသွားလာ ပုံမမှန်ခြင်း၊
- ကိုယ်ကို ဘယ်-ညာ ကောင်းကောင်း ထိန်းသိမ်းနိုင်စွမ်း မရှိခြင်း၊
- ဆီး-ဝမ်းသွားမမှန်ခြင်း
- ခြေ၊ လက်အာရုံကြောများ နှင့် သွေးလျှောက်ခြင်းအား ထိခိုက်သည့် အတွက် (ရှော့ခ်) ဟု ခေါ်ဆိုနိုင်သော (Paresthesia) ဖြစ်စေနိုင်ပါသည်။
- ပိုမို သေခြာနိုင်ရန် X-rays ရိုက်ကြည့်ခြင်း၊ MRI စစ်ဆေးခြင်းများ ပြုလုပ်သင့်သည်။

အောက်ပါသောက်ဆေး၊ ထိုးဆေးများအား ဆရာဝန်ညွှန်ကြားချက် နှင့် အညီ သုံးစွဲ သင့်သည်။

• NSAIDs အနာသက်သာဆေးများ။
• ဘိန်းပါဝင်သည် အနာသက်သာဆေး၊ (Morphine and Morphine-like substances (Oxycodone, Hydrocodone) များ။
• ကြွက်သားပျော့ေဆေး၊ (Carisoprodol, Cyclobenzaprine, Metaxalone, Methocarbamol) များ။
• လိုအပ်ပါက ဆရာဝန်ညွှန်ကြားချက် နှင့် အညီ Cortisone injections စတီရွိုက် ထိုးဆေး ထိုးပါ။
• အခြားဆေးများ ဖြစ်သည့် Phenytoin (အတက်ကျဆေး)၊ Carbamazepine (အတက်ကျဆေး)၊ Amitriptyline (စိတ်ကျသက်သာဆေး) များ ဆရာဝန်ညွှန်ကြားချက် နှင့် အညီ တွဲဖက် သောက်သုံး သင့်သည်။
• လူနာ၏ Lifestyle လူနေမှုပုံစံ ပြောင်းလဲ နေထိုင်သင့်သည်။
• လိုအပ်ပါက ခွဲစိတ်ကုသမူ ခံယူနိုင်ရမည် ဖြစ်သည်။
• နာကျင်သည့် နေရာများအား အပူဓါတ် ရရှိနိုင်ရန် လိုအပ်ပီး နာကျင် ကိုက်ခဲမူ သက်သာစေသည့် ဒဏ်ကျေ ပလာစတာများ ကပ်ခြင်း၊ အပူထုပ် ကပ်ခြင်း၊ ရေနွေးအိပ်ကပ် ခြင်းများက လူနာအတွက် အနာသက်သာ စေနိုင်ပါသည်။ သတိထား ရန်အချက်မှာ ဖြစ်ပွားနေသော ရောဂါကြောင့် အပူအအး ခံစားမူ ကင်းမဲ့ပြီး ထုံနေသည့် နေရာများ အပူမလွန်စေရန် လိုအပ်ပါသည်။ တနေ့လျှင် နာရီဝက် ထက် မပိုသင့့်ပါ။
• နာကျင်သည့် နေရာများအား အသာအယာသာ နှိပ်သင့်ပါသည်။
• အေးသည့့် ရာသီများတွင် ရေပူသာ ချိုးသင့်သည်။
• လည်ပင်း လေ့ကျင့်ခန်းများ လုပ်သင့်ပါသည်။
• Neck collar ကော်လာ ကြာကြာတပ်ထားသင့်ပါသည်။

Credit:MOMO Pharmacy Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top