iMyanmarHouse.com - Best Property Website for Myanmar
×

 ေကာ္ဖီေသာက္သုံးသူမ်ားသည္ ေကာ္ဖီမေသာက္သူမ်ားႏွင့္ ႏႈိင္းယွဥ္ပါက ပုံစံ ၂ ေသြးခ်ိဳေရာဂါျဖစ္ပြား ႏိုင္ေခ် ထက္ဝက္ေလ်ာ့နည္းသည္ဟု ကာလရွည္သုေတသန ရလဒ္တစ္ခုတြင္ေဖာ္ျပၿပီး ေရာင္ရမ္းမႈေလ်ာ့က်ေစေသာ ေကာ္ဖီ၏အာနိသင္ေၾကာင့္ျဖစ္ ဖြယ္ရွိသည္ဟု သုေတသနပညာရွင္ မ်ားကယူဆထားၾကသည္။ ေလ့လာမႈတြင္ ပညာရွင္မ်ားသည္ ၂၀၀၁ ႏွင့္ ၂၀၀၂ တို႔၌ ေအသင္ၿမိဳ႕မွ အသက္ ၁၀ ႏွစ္အထက္ အမ်ိဳးသား၊ အမ်ိဳးသမီး ၁၃၀၀ ေက်ာ္ကို က်ပန္းေ႐ြးခ်ယ္ကာ ေကာ္ဖီေသာက္သုံးမႈပမာဏ အပါအဝင္ စားေသာက္မႈပုံစံအခ်က္ အလက္မ်ားကို ရယူမွတ္သားခဲ့ၾက သည္။ တစ္ရက္လၽွင္ ေကာ္ဖီ ၁.၅ ခြက္ ေသာက္သုံးသူမ်ားကို သာမန္ ေသာက္သုံးသူမ်ား၊ ေန႔စဥ္ ၁.၅ ခြက္ အထက္ ေသာက္သုံးသူမ်ားကို ပုံမွန္ေသာက္သုံးသူမ်ားဟု သတ္မွတ္ခဲ့ၿပီး ေလ့လာမႈတြင္ သာမန္ေသာက္သုံးသူ ၈၁၆ ေယာက္၊ ပုံမွန္ေသာက္သုံးသူ ၃၈၅ ေယာက္ႏွင့္ ေကာ္ဖီမေသာက္ သူ ၂၃၉ ေယာက္တို႔ပါဝင္ခဲ့သည္။ ၎တို႔အား ေသြးစစ္ေဆးမႈျပဳလုပ္ကာ ေရာင္ရမ္းမႈျဖစ္ေစသည့္ ပ႐ိုတိန္း ပမာဏကို ေလ့လာခဲ့ၾကသည္။ ထို႔အျပင္ ခႏၶာကိုယ္အတြင္းဆဲလ္မ်ား ကို ထိခိုက္ေစေသာ ဓာတ္ပစၥည္းမ်ား အား ဖယ္ရွားေပးသည့္ အန္တီေအာက္ စီဒန္႔ ပမာဏကိုလည္း တိုင္းတာခဲ့ၾက သည္။

၁၀ ႏွစ္ၾကာၿပီးေနာက္ ၎တို႔ထဲ မွ ၁၉၁ ဦး ေသြးခ်ိဳေရာဂါျဖစ္ပြားခဲ့ၿပီး အမ်ိဳးသားမ်ား၏ ၁၃ ရာခိုင္ႏႈန္းႏွင့္ အမ်ိဳးသမီးမ်ား၏ ၁၂ ရာခိုင္ႏႈန္းျဖစ္သည္။ ေကာ္ဖီေသာက္သုံးမႈမ်ားသူမ်ားမွာ ေသြးခ်ိဳေရာဂါျဖစ္ပြားမႈ ေလ်ာ့ နည္းသည္ကိုေတြ႕ခဲ့ရသည္။ ပုံမွန္ေကာ္ဖီေသာက္သုံးသူမ်ားမွာ ေကာ္ဖီမေသာက္သူမ်ားႏွင့္ ႏႈိင္းယွဥ္ပါက ၅၄ ရာခိုင္ႏႈန္းေလ်ာ့နည္းၿပီး ထိုပမာ ဏမွာ ေဆးလိပ္ေသာက္ျခင္း၊ ေသြးတိုးျခင္း၊ မိသားစုတြင္း ေသြးခ်ိဳေရာဂါျဖစ္ပြားမႈ၊ ကာဖင္းဓာတ္ပါေသာ အျခားအစားအစာမ်ား စားသုံးမႈ စသည္တို႔ကိုပါ ထည့္သြင္းတြက္ခ်က္ထားျခင္း ျဖစ္သည္ဟု European Journal of Clinical Nutrition တြင္ ေဖာ္ျပသည္။ ေရာင္ရမ္းမႈကိုျဖစ္ေစေသာ ေသြးအတြင္းရွိ ဆီရမ္အမီလြိဳက္ေခၚ ဓာတ္တစ္မ်ိဳး၏ ပမာဏက ေကာ္ဖီႏွင့္ေသြးခ်ိဳ ေရာဂါဆက္စပ္ပုံကို ရွင္းျပႏိုင္မည္ဟု သုေတသနအဖြဲ႕က ဆိုသည္။ ေကာ္ဖီေသာက္သုံးမႈမ်ားျပားပါက အမီလြိဳက္ ပမာဏက်ဆင္းသြားတတ္သည္။

ယခုေတြ႕ရွိမႈက ၂၀၁၃ တြင္ျပဳ လုပ္ခဲ့သည့္ လူ ၈၃၆ ဦးပါ သီးျခားသုေတသနတစ္ခု၏ရလဒ္ကို ေထာက္ခံေပးသည္။ အခ်ိဳ႕ေသာသုေတသနမ်ားအရ ေကာ္ဖီႏွင့္ ေသြးခ်ိဳဆက္စပ္ မႈမွာ အမ်ိဳးသမီးမ်ားႏွင့္ ေဆးလိပ္မေသာက္သူမ်ားတြင္ ပိုမိုသိသာသည္ဟု တ႐ုတ္ႏိုင္ငံ၊ က်င္ေဒါင္ေဆး တကၠသိုလ္မွ ေဒါင္ဖန္ဇန္ကဆိုသည္။ “ေကာ္ဖီက ေသြးခ်ိဳကို ကာကြယ္ေပး ႏိုင္လားဆိုတာ မေသခ်ာေသးေပမယ့္ ေလ့က်င့္ခန္းလုပ္တာနဲ႔ ကိုယ္အေလးခ်ိန္ ထိန္းသိမ္းတာက ပိုၿပီးထိေရာက္ မႈရွိတယ္ဆိုတာ ေသခ်ာပါတယ္” ဟု သုေတသနပညာရွင္တစ္ဦးက ႐ိုက္တာသို႔ အီးေမးလ္ျဖင့္ ေျပာၾကားခဲ့သည္။

Credit : thithtoolwin

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 ကော်ဖီသောက်သုံးသူများသည် ကော်ဖီမသောက်သူများနှင့် နှိုင်းယှဉ်ပါက ပုံစံ ၂ သွေးချိုရောဂါဖြစ်ပွား နိုင်ချေ ထက်ဝက်လျော့နည်းသည်ဟု ကာလရှည်သုတေသန ရလဒ်တစ်ခုတွင်ဖော်ပြပြီး ရောင်ရမ်းမှုလျော့ကျစေသော ကော်ဖီ၏အာနိသင်ကြောင့်ဖြစ် ဖွယ်ရှိသည်ဟု သုတေသနပညာရှင် များကယူဆထားကြသည်။ လေ့လာမှုတွင် ပညာရှင်များသည် ၂၀၀၁ နှင့် ၂၀၀၂ တို့၌ အေသင်မြို့မှ အသက် ၁၀ နှစ်အထက် အမျိုးသား၊ အမျိုးသမီး ၁၃၀၀ ကျော်ကို ကျပန်းရွေးချယ်ကာ ကော်ဖီသောက်သုံးမှုပမာဏ အပါအဝင် စားသောက်မှုပုံစံအချက် အလက်များကို ရယူမှတ်သားခဲ့ကြ သည်။ တစ်ရက်လျှင် ကော်ဖီ ၁.၅ ခွက် သောက်သုံးသူများကို သာမန် သောက်သုံးသူများ၊ နေ့စဉ် ၁.၅ ခွက် အထက် သောက်သုံးသူများကို ပုံမှန်သောက်သုံးသူများဟု သတ်မှတ်ခဲ့ပြီး လေ့လာမှုတွင် သာမန်သောက်သုံးသူ ၈၁၆ ယောက်၊ ပုံမှန်သောက်သုံးသူ ၃၈၅ ယောက်နှင့် ကော်ဖီမသောက် သူ ၂၃၉ ယောက်တို့ပါဝင်ခဲ့သည်။ ၎င်းတို့အား သွေးစစ်ဆေးမှုပြုလုပ်ကာ ရောင်ရမ်းမှုဖြစ်စေသည့် ပရိုတိန်း ပမာဏကို လေ့လာခဲ့ကြသည်။ ထို့အပြင် ခန္ဓာကိုယ်အတွင်းဆဲလ်များ ကို ထိခိုက်စေသော ဓာတ်ပစ္စည်းများ အား ဖယ်ရှားပေးသည့် အန်တီအောက် စီဒန့် ပမာဏကိုလည်း တိုင်းတာခဲ့ကြ သည်။

၁၀ နှစ်ကြာပြီးနောက် ၎င်းတို့ထဲ မှ ၁၉၁ ဦး သွေးချိုရောဂါဖြစ်ပွားခဲ့ပြီး အမျိုးသားများ၏ ၁၃ ရာခိုင်နှုန်းနှင့် အမျိုးသမီးများ၏ ၁၂ ရာခိုင်နှုန်းဖြစ်သည်။ ကော်ဖီသောက်သုံးမှုများသူများမှာ သွေးချိုရောဂါဖြစ်ပွားမှု လျော့ နည်းသည်ကိုတွေ့ခဲ့ရသည်။ ပုံမှန်ကော်ဖီသောက်သုံးသူများမှာ ကော်ဖီမသောက်သူများနှင့် နှိုင်းယှဉ်ပါက ၅၄ ရာခိုင်နှုန်းလျော့နည်းပြီး ထိုပမာ ဏမှာ ဆေးလိပ်သောက်ခြင်း၊ သွေးတိုးခြင်း၊ မိသားစုတွင်း သွေးချိုရောဂါဖြစ်ပွားမှု၊ ကာဖင်းဓာတ်ပါသော အခြားအစားအစာများ စားသုံးမှု စသည်တို့ကိုပါ ထည့်သွင်းတွက်ချက်ထားခြင်း ဖြစ်သည်ဟု European Journal of Clinical Nutrition တွင် ဖော်ပြသည်။ ရောင်ရမ်းမှုကိုဖြစ်စေသော သွေးအတွင်းရှိ ဆီရမ်အမီလွိုက်ခေါ် ဓာတ်တစ်မျိုး၏ ပမာဏက ကော်ဖီနှင့်သွေးချို ရောဂါဆက်စပ်ပုံကို ရှင်းပြနိုင်မည်ဟု သုတေသနအဖွဲ့က ဆိုသည်။ ကော်ဖီသောက်သုံးမှုများပြားပါက အမီလွိုက် ပမာဏကျဆင်းသွားတတ်သည်။

ယခုတွေ့ရှိမှုက ၂၀၁၃ တွင်ပြု လုပ်ခဲ့သည့် လူ ၈၃၆ ဦးပါ သီးခြားသုတေသနတစ်ခု၏ရလဒ်ကို ထောက်ခံပေးသည်။ အချို့သောသုတေသနများအရ ကော်ဖီနှင့် သွေးချိုဆက်စပ် မှုမှာ အမျိုးသမီးများနှင့် ဆေးလိပ်မသောက်သူများတွင် ပိုမိုသိသာသည်ဟု တရုတ်နိုင်ငံ၊ ကျင်ဒေါင်ဆေး တက္ကသိုလ်မှ ဒေါင်ဖန်ဇန်ကဆိုသည်။ “ကော်ဖီက သွေးချိုကို ကာကွယ်ပေး နိုင်လားဆိုတာ မသေချာသေးပေမယ့် လေ့ကျင့်ခန်းလုပ်တာနဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းတာက ပိုပြီးထိရောက် မှုရှိတယ်ဆိုတာ သေချာပါတယ်” ဟု သုတေသနပညာရှင်တစ်ဦးက ရိုက်တာသို့ အီးမေးလ်ဖြင့် ပြောကြားခဲ့သည်။

Credit : thithtoolwin



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top