iMyanmarHouse.com - Best Property Website for Myanmar
×

လစာေကာင္းတဲ့အလုပ္ရွိသူေတြဟာ လူ႔အဖြဲ႕အစည္းရဲ႕ေလးစားျခင္းခံရတဲ့အတြက္ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈ ျမင့္မားေစပါတယ္။ လူေတြက လစာပိုေကာင္းတဲ့ အလုပ္ေတြကို အျမဲရွာေဖြေနၾကေပမဲ့ တခ်ဳိ႕လူေတြကေတာ့ အဲဒီအလုပ္ေတြထက္ သူတုိ႔ကို ပိုမိုေက်နပ္မႈေပးတဲ့ လမ္းေၾကာင္းေတြကို ေရြးခ်ယ္တတ္ၾကပါတယ္။

၁။ လြတ္လပ္မႈကိ ပိုမုိခုံမင္ျခင္း

လစာေကာင္းတဲ့ အလုပ္တခ်ဳိ႕က လြတ္လပ္မႈသိပ္မရွိသလို အလုပ္ခ်ိန္လည္း တင္းက်ပ္ပါတယ္။ တခ်ဳိ႕ေသာ လစာေကာင္းတဲ့ အလုပ္ေတြဟာ အလုပ္သေဘာသဘာဝေၾကာင့္ အျမဲတမ္း အလုပ္အတြက္ အဆင္သင့္ျဖစ္ေနဖို႔လိုပါတယ္။ ဒါေၾကာင့္ တခ်ဳိ႕သူေတြက လြတ္လပ္တဲ့ဘဝရဖို႔ ဒီလိုအလုပ္ေတြကို စြန္႔ခြာၾကပါတယ္။

၂။ အဓိကဦးစားေပးေတြ ေျပာင္းလဲသြားျခင္း

ေအာင္ျမင္ေနတဲ့ လူေတြဟာ မိဘျဖစ္သြားခ်ိန္ ဒါမွမဟုတ္ ဘဝမွာ ႀကီးႀကီးမားမား အေျပာင္းအလဲ (ဥပမာ က်န္းမာေရးဆုိးဆုိးရြားရြားျဖစ္ျခင္း ဒါမွမဟုတ္ အိမ္ေထာင္ဖက္ကို ဆံုး႐ႈံးရျခင္း) ျဖစ္သြားခ်ိန္မွာ သူတုိ႔ရဲ႕ အဓိကဦးစားေပးေတြလည္း ေျပာင္းလဲသြားၾကပါတယ္။ ဘဝတစ္ခုလံုး ေျပာင္းလဲေလာက္တဲ့ အျဖစ္အပ်က္ေတြေၾကာင့့္ တစ္ခါတရံမွာ လူေတြဟာ သူတုိ႔အတြက္ တကယ္အေရးပါတဲ့အရာကို ေတြ႕ရွိသြားတတ္ၾကၿပီး လုပ္ငန္းကိုေတာင္ ေျပာင္းလဲပစ္တဲ့အထိ ျဖစ္တတ္ၾကပါတယ္။

၃။ ပိုမို ၿပီးျပည့္စံုတဲ့ အလုပ္ကို ရွာေဖြျခင္း

ကိုယ့္ဘဝရဲ႕ တန္ဖုိးအရွိဆံုးအခ်ိန္ေတြကို အလုပ္ထဲမွာ ႏွစ္ျမဳပ္ထားရတာ မဟုတ္လား။ အဲဒါေၾကာင့္ အလုပ္ဆုိတာ ကိုယ္အႏွစ္သက္ဆံုး၊ အၿပီးျပည့္စံုဆံုးအရာ ျဖစ္ဖုိ႔လိုပါတယ္။

၄။ အရည္အခ်င္းပိုရွိလာေအာင္ ႀကိဳးစားလိုစိတ္

တခ်ဳိ႕အလုပ္ေတြက လစာေကာင္းေပမဲ့ အရည္အခ်င္းပိုရွိလာေအာင္ မပံ့ပိုးႏုိင္ပါဘူး။ ကိုယ့္ရဲ႕နဂိုရွိရင္းစြဲ အရည္အခ်င္းကိုသာ အသံုးခ်ခ်င္တဲ့ အလုပ္ကေန လူမ်ားစြာက အလုပ္ထြက္လိုၾကတယ္လို႔ ေလ့လာမႈသစ္တစ္ခုအရ ေတြ႕ရွိခဲ့ရပါတယ္။

Credit: duwun


ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

လစာကောင်းတဲ့အလုပ်ရှိသူတွေဟာ လူ့အဖွဲ့အစည်းရဲ့လေးစားခြင်းခံရတဲ့အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှု မြင့်မားစေပါတယ်။ လူတွေက လစာပိုကောင်းတဲ့ အလုပ်တွေကို အမြဲရှာဖွေနေကြပေမဲ့ တချို့လူတွေကတော့ အဲဒီအလုပ်တွေထက် သူတို့ကို ပိုမိုကျေနပ်မှုပေးတဲ့ လမ်းကြောင်းတွေကို ရွေးချယ်တတ်ကြပါတယ်။

၁။ လွတ်လပ်မှုကိ ပိုမိုခုံမင်ခြင်း

လစာကောင်းတဲ့ အလုပ်တချို့က လွတ်လပ်မှုသိပ်မရှိသလို အလုပ်ချိန်လည်း တင်းကျပ်ပါတယ်။ တချို့သော လစာကောင်းတဲ့ အလုပ်တွေဟာ အလုပ်သဘောသဘာဝကြောင့် အမြဲတမ်း အလုပ်အတွက် အဆင်သင့်ဖြစ်နေဖို့လိုပါတယ်။ ဒါကြောင့် တချို့သူတွေက လွတ်လပ်တဲ့ဘဝရဖို့ ဒီလိုအလုပ်တွေကို စွန့်ခွာကြပါတယ်။

၂။ အဓိကဦးစားပေးတွေ ပြောင်းလဲသွားခြင်း

အောင်မြင်နေတဲ့ လူတွေဟာ မိဘဖြစ်သွားချိန် ဒါမှမဟုတ် ဘဝမှာ ကြီးကြီးမားမား အပြောင်းအလဲ (ဥပမာ ကျန်းမာရေးဆိုးဆိုးရွားရွားဖြစ်ခြင်း ဒါမှမဟုတ် အိမ်ထောင်ဖက်ကို ဆုံးရှုံးရခြင်း) ဖြစ်သွားချိန်မှာ သူတို့ရဲ့ အဓိကဦးစားပေးတွေလည်း ပြောင်းလဲသွားကြပါတယ်။ ဘဝတစ်ခုလုံး ပြောင်းလဲလောက်တဲ့ အဖြစ်အပျက်တွေကြောင့် တစ်ခါတရံမှာ လူတွေဟာ သူတို့အတွက် တကယ်အရေးပါတဲ့အရာကို တွေ့ရှိသွားတတ်ကြပြီး လုပ်ငန်းကိုတောင် ပြောင်းလဲပစ်တဲ့အထိ ဖြစ်တတ်ကြပါတယ်။

၃။ ပိုမို ပြီးပြည့်စုံတဲ့ အလုပ်ကို ရှာဖွေခြင်း

ကိုယ့်ဘဝရဲ့ တန်ဖိုးအရှိဆုံးအချိန်တွေကို အလုပ်ထဲမှာ နှစ်မြုပ်ထားရတာ မဟုတ်လား။ အဲဒါကြောင့် အလုပ်ဆိုတာ ကိုယ်အနှစ်သက်ဆုံး၊ အပြီးပြည့်စုံဆုံးအရာ ဖြစ်ဖို့လိုပါတယ်။

၄။ အရည်အချင်းပိုရှိလာအောင် ကြိုးစားလိုစိတ်

တချို့အလုပ်တွေက လစာကောင်းပေမဲ့ အရည်အချင်းပိုရှိလာအောင် မပံ့ပိုးနိုင်ပါဘူး။ ကိုယ့်ရဲ့နဂိုရှိရင်းစွဲ အရည်အချင်းကိုသာ အသုံးချချင်တဲ့ အလုပ်ကနေ လူများစွာက အလုပ်ထွက်လိုကြတယ်လို့ လေ့လာမှုသစ်တစ်ခုအရ တွေ့ရှိခဲ့ရပါတယ်။

Credit: duwun




ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top