iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ ကြန္ပ်ဴတာေရွ႕ ေန႕စဥ္အလုပ္ထိုင္လုပ္ေနရတဲ့ဘ၀မ်ိဳး ပိုင္ဆုိင္ထားတယ္ဆုိရင္ေတာ့ ဒါဟာ သင့္ကိုယ္ကာယၾကံ့ခုိင္မႈကို ခြ်တ္ျခဳံက်ေစႏုိင္တယ္ဆုိတာ ပထမဆုံး သိထားရပါလိမ့္မယ္။ ဒါ့ေၾကာင့္ သင့္လုပ္ငန္းခြင္မွာ အလုပ္နားခ်ိန္စပ္ၾကားေတြတုိင္း ေျခလက္အေညာင္းဆန္႕ကာ ေလ့က်င့္ခန္းတခ်ဳိ႕ျပဳလုပ္ေပးဖုိ႔ ကြ်မ္းက်င္ပညာရွင္တစ္ဦးက အၾကံျပဳထားပါတယ္။

မတ္တပ္ရပ္ရင္း ျပဳလုပ္ႏိုင္တဲ့ ကိုယ္ကာယေလ့က်င့္ခန္းမ်ား

·         ေျခေထာက္ေတြ အေညာင္းဆန္႔ဖို႔ ရုံးခန္းအတြင္း ဟုိဘက္ဒီဘက္လမ္းေလွ်ာက္ ဒါမွမဟုတ္ ေလွကားအတက္အဆင္းလုပ္ပါ။ ေျခေထာက္ကို ၾကဲႏုိင္သေလာက္ ေရွ႕သုိ႔ ဆတ္ခနဲ လွမ္းလုိက္သမ်ဳိးလည္း ျပဳလုပ္ႏုိင္ပါတယ္။

·         ၾကမ္းျပင္ကေန ေျခဖေနာင့္ ပင့္မျပီး ျဖည္းျဖည္း ျပန္ခ်ပါ။ ေျခသလုံးၾကြက္သားေတြ ေျပေလွ်ာ့ေစပါလိမ့္မယ္။

·         မိမိထုိင္ခုံေရွ႕မွာ မတ္တပ္ရပ္ျပီး ထုိင္ထ ဆယ္ခါလုပ္ပါ။ အဲဒီအတုိင္း တစ္ေန႔ အနည္းဆုံး ၃ ၾကိမ္အထိ ျပဳလုပ္ႏုိင္ပါတယ္။

·         ေနာက္မီွမထိဘဲ ထုိင္ခုံေပၚ စကၠန္႔အနီးငယ္ၾကာ ေဆာင့္ေၾကာင့္ထုိင္တာမ်ဳိးလည္း ေဆာင္ရြက္ႏုိင္ပါတယ္။

ထုိင္လ်က္ လုပ္ႏိုင္တဲ့ ကိုယ္ကာယေလ့က်င့္ခန္းမ်ား

·         ေျခဖေနာင့္ကို ၾကမ္းျပင္မွာ ျမဲျမံစြာထိန္းထားရင္း ေျခေခ်ာင္းေတြ ေျမာက္ပင့္ပါ။

·         ထုိင္ေနရင္း ဘယ္ဘက္ေျခေထာက္ကို ၾကမ္းျပင္နဲ႔ လက္မအနည္းငယ္ ေျမာက္ပင့္ပါ။ ဒူးခြင္ကို ၉၀ ဒီဂရီအေနအထားမွာထားျပီး အဆင္ေျပသေလာက္ ဆက္ထိန္းထားပါ။

·         ပခုံးကို ရသမွ်ဆြဲျပီး ေရွ႕ေနာက္ ၁၀ ခါ လွည့္ေပးပါ။ ဒါက ပခုံးတြန္႔ေလ့က်င့္ခန္းေလးေပါ့။

·         ပခုံးကို နားရြက္ဆီ ပင့္မ၊ ခဏထိန္းထားျပီး ျပန္ေလွ်ာ့လုိက္ပါ။

·         ထုိင္ခုံအနားေစာင္းမွာ ထုိင္ရင္း ဝမ္းဗုိက္ကိုဆန္႔၊ လက္ေမာင္းႏွစ္ဖက္လုံး ေရွ႕ထုတ္ၾကည့္ပါ။ တစ္ခ်ိန္တည္းမွာပဲ ေနာက္ေက်ာမတ္မတ္ထားျပီး ဝမ္းဗုိက္ၾကြက္သားေတြက်ဳံ႕ေပးပါ။

·         ထုိင္ေနရင္း အတန္သင့္ၾကာေအာင္ လည္ပင္းလွည့္ေပးျခင္းကလည္း သိပ္အေရးၾကီးပါတယ္။ ေမးေစ့ခ်ျပီး လည္ပင္းကို လွည့္ေပးပါ။ ေနာက္ ေမးေစ့ေမာ့ျပီး လည္ပင္းကို ဘယ္ညာ လွည့္ေစာင္းေပးရပါမယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သင်ဟာ ကွန်ပျူတာရှေ့ နေ့စဉ်အလုပ်ထိုင်လုပ်နေရတဲ့ဘဝမျိုး ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ဒါဟာ သင့်ကိုယ်ကာယကြံ့ခိုင်မှုကို ချွတ်ခြုံကျစေနိုင်တယ်ဆိုတာ ပထမဆုံး သိထားရပါလိမ့်မယ်။ ဒါ့ကြောင့် သင့်လုပ်ငန်းခွင်မှာ အလုပ်နားချိန်စပ်ကြားတွေတိုင်း ခြေလက်အညောင်းဆန့်ကာ လေ့ကျင့်ခန်းတချို့ပြုလုပ်ပေးဖို့ ကျွမ်းကျင်ပညာရှင်တစ်ဦးက အကြံပြုထားပါတယ်။

မတ်တပ်ရပ်ရင်း ပြုလုပ်နိုင်တဲ့ ကိုယ်ကာယလေ့ကျင့်ခန်းများ

·         ခြေထောက်တွေ အညောင်းဆန့်ဖို့ ရုံးခန်းအတွင်း ဟိုဘက်ဒီဘက်လမ်းလျှောက် ဒါမှမဟုတ် လှေကားအတက်အဆင်းလုပ်ပါ။ ခြေထောက်ကို ကြဲနိုင်သလောက် ရှေ့သို့ ဆတ်ခနဲ လှမ်းလိုက်သမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

·         ကြမ်းပြင်ကနေ ခြေဖနောင့် ပင့်မပြီး ဖြည်းဖြည်း ပြန်ချပါ။ ခြေသလုံးကြွက်သားတွေ ပြေလျှော့စေပါလိမ့်မယ်။

·         မိမိထိုင်ခုံရှေ့မှာ မတ်တပ်ရပ်ပြီး ထိုင်ထ ဆယ်ခါလုပ်ပါ။ အဲဒီအတိုင်း တစ်နေ့ အနည်းဆုံး ၃ ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။

·         နောက်မှီမထိဘဲ ထိုင်ခုံပေါ် စက္ကန့်အနီးငယ်ကြာ ဆောင့်ကြောင့်ထိုင်တာမျိုးလည်း ဆောင်ရွက်နိုင်ပါတယ်။

ထိုင်လျက် လုပ်နိုင်တဲ့ ကိုယ်ကာယလေ့ကျင့်ခန်းများ

·         ခြေဖနောင့်ကို ကြမ်းပြင်မှာ မြဲမြံစွာထိန်းထားရင်း ခြေချောင်းတွေ မြောက်ပင့်ပါ။

·         ထိုင်နေရင်း ဘယ်ဘက်ခြေထောက်ကို ကြမ်းပြင်နဲ့ လက်မအနည်းငယ် မြောက်ပင့်ပါ။ ဒူးခွင်ကို ၉၀ ဒီဂရီအနေအထားမှာထားပြီး အဆင်ပြေသလောက် ဆက်ထိန်းထားပါ။

·         ပခုံးကို ရသမျှဆွဲပြီး ရှေ့နောက် ၁၀ ခါ လှည့်ပေးပါ။ ဒါက ပခုံးတွန့်လေ့ကျင့်ခန်းလေးပေါ့။

·         ပခုံးကို နားရွက်ဆီ ပင့်မ၊ ခဏထိန်းထားပြီး ပြန်လျှော့လိုက်ပါ။

·         ထိုင်ခုံအနားစောင်းမှာ ထိုင်ရင်း ဝမ်းဗိုက်ကိုဆန့်၊ လက်မောင်းနှစ်ဖက်လုံး ရှေ့ထုတ်ကြည့်ပါ။ တစ်ချိန်တည်းမှာပဲ နောက်ကျောမတ်မတ်ထားပြီး ဝမ်းဗိုက်ကြွက်သားတွေကျုံ့ပေးပါ။

·         ထိုင်နေရင်း အတန်သင့်ကြာအောင် လည်ပင်းလှည့်ပေးခြင်းကလည်း သိပ်အရေးကြီးပါတယ်။ မေးစေ့ချပြီး လည်ပင်းကို လှည့်ပေးပါ။ နောက် မေးစေ့မော့ပြီး လည်ပင်းကို ဘယ်ညာ လှည့်စောင်းပေးရပါမယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top