iMyanmarHouse.com - Best Property Website for Myanmar
×

အလွကုန္ပစၥည္းဝယ္ရာမွာ အသုံးစရိတ္မ်ားစြာ အကုန္အက်ခံစရာမလုိေတာ့ဘဲ ႏူးညံ့ေခ်ာေမြ႔တဲ့ အသားအေရပုိင္ဆုိင္လုိပါသလား။ မိမိအိမ္မွာတင္ ျပဳလုပ္ႏုိင္တဲ့အျပင္ ရုိးစင္းျပီး အင္မတန္ထိေရာက္တဲ့ ဒီခပ္ပ်စ္ပ်စ္အရည္ေလးကို အၾကံျပဳလုိက္ပါတယ္။ ပ်ားရည္က ေခြ်းေပါက္ေတြကို က်ဥ္းေစျပီး ဘက္ဘီးရီးယားပုိးေတြကို ရွင္းထုတ္ေပးပါလိမ့္မယ္။ ပ်ားရည္ေၾကာင့္ သင့္အသားအေရ တင္းရင္းမႈ၊ က်ဳံ႕ဆန္႔ႏုိင္မႈသတိၱနဲ႔ လန္းဆန္းစိုေျပမႈ ပိုရိွလာပါလိမ့္မယ္။

မုန္႔ဖုတ္ဆုိဒါက အသားအေရက်ိန္းစပ္မႈ ေလွ်ာ့နည္းေစျပီး ေသြးလည္ပတ္မႈ လႈံ႔ေဆာ္ေပးတဲ့ သဘာဝပစၥည္းျဖစ္ပါတယ္။ ဒီအရည္ပ်စ္ပ်စ္ေလးက အေရျပားအားလုံးနဲ႔ သင့္ေလွ်ာ္မႈရိွျပီး အထူးေကာင္းမြန္ပါတယ္။

ပါဝင္ပစၥည္းေတြကေတာ့

·         မုန္႔ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း (၁) ဇြန္း

·         ပ်ားရည္ လက္ဖက္ရည္ဇြန္း တစ္ဝက္

·         သံလြင္ဆီ လက္ဖက္ရည္ဇြန္း (၁) ဇြန္းတို႕ပဲျဖစ္ပါတယ္။

ျပဳလုပ္ပုံျပဳလုပ္နည္းကေတာ့

ပန္းကန္တစ္ခုထဲ ပါဝင္ပစၥည္းအားလုံး ေပါင္းထည့္ျပီး တစ္သားတည္းျဖစ္ေအာင္ ေရာေမႊပါ။ မ်က္ႏွာကို သန္႔ရွင္းျပီး အဲဒီခပ္ပ်စ္ပ်စ္အရည္ကို လိမ္းေပးပါ။ ၁၀ မိနစ္ထားျပီးေနာက္ ေရေႏြးေလးနဲ႔ မ်က္ႏွာကို ေဆးေၾကာသန္႔စင္ေပးရပါမယ္။

ေခ်ာေမြ႔ေတာက္ေျပာင္ျပီး လွပတဲ့အသားအေရ ပိုင္ဆိုင္လုိပါက ဒီအရည္ပ်စ္ေလးကို တစ္ပတ္ တစ္ၾကိမ္သာ အသုံးျပဳေပးသင့္ပါတယ္။ 

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အလှကုန်ပစ္စည်းဝယ်ရာမှာ အသုံးစရိတ်များစွာ အကုန်အကျခံစရာမလိုတော့ဘဲ နူးညံ့ချောမွေ့တဲ့ အသားအရေပိုင်ဆိုင်လိုပါသလား။ မိမိအိမ်မှာတင် ပြုလုပ်နိုင်တဲ့အပြင် ရိုးစင်းပြီး အင်မတန်ထိရောက်တဲ့ ဒီခပ်ပျစ်ပျစ်အရည်လေးကို အကြံပြုလိုက်ပါတယ်။ ပျားရည်က ချွေးပေါက်တွေကို ကျဉ်းစေပြီး ဘက်ဘီးရီးယားပိုးတွေကို ရှင်းထုတ်ပေးပါလိမ့်မယ်။ ပျားရည်ကြောင့် သင့်အသားအရေ တင်းရင်းမှု၊ ကျုံ့ဆန့်နိုင်မှုသတ္တိနဲ့ လန်းဆန်းစိုပြေမှု ပိုရှိလာပါလိမ့်မယ်။

မုန့်ဖုတ်ဆိုဒါက အသားအရေကျိန်းစပ်မှု လျှော့နည်းစေပြီး သွေးလည်ပတ်မှု လှုံ့ဆော်ပေးတဲ့ သဘာဝပစ္စည်းဖြစ်ပါတယ်။ ဒီအရည်ပျစ်ပျစ်လေးက အရေပြားအားလုံးနဲ့ သင့်လျှော်မှုရှိပြီး အထူးကောင်းမွန်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့

·         မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း (၁) ဇွန်း

·         ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဝက်

·         သံလွင်ဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်းတို့ပဲဖြစ်ပါတယ်။

ပြုလုပ်ပုံပြုလုပ်နည်းကတော့

ပန်းကန်တစ်ခုထဲ ပါဝင်ပစ္စည်းအားလုံး ပေါင်းထည့်ပြီး တစ်သားတည်းဖြစ်အောင် ရောမွှေပါ။ မျက်နှာကို သန့်ရှင်းပြီး အဲဒီခပ်ပျစ်ပျစ်အရည်ကို လိမ်းပေးပါ။ ၁၀ မိနစ်ထားပြီးနောက် ရေနွေးလေးနဲ့ မျက်နှာကို ဆေးကြောသန့်စင်ပေးရပါမယ်။

ချောမွေ့တောက်ပြောင်ပြီး လှပတဲ့အသားအရေ ပိုင်ဆိုင်လိုပါက ဒီအရည်ပျစ်လေးကို တစ်ပတ် တစ်ကြိမ်သာ အသုံးပြုပေးသင့်ပါတယ်။ 


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top