iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ေခ်ာကလက္ စားၿပီး ေသြးစီး ဆင္းမႈ ေကာင္းေအာင္ လုပ္ပါ

ေလ့လာမႈႀကီး အရ ေန႔စဥ္ ေခ်ာကလက္ တစ္တုံး (Square) စားသုံးသူေတြဟာ ေလျဖတ္ႏုိင္ေျခ ၃၉ ရာခုိင္ႏႈန္း ေလ်ာ့က်ႏုိင္တယ္လုိ႔ ေတြ႕ရွိ ခဲ့ပါတယ္။ ေခ်ာကလက္မွာ ပါဝင္တဲ့ ဖေလဖေနာေတြဟာ ကုိလက္စထေရာေတြ ေသြးေၾကာ နံရံတြင္း ေစးကပ္မႈ မျဖစ္ေအာင္ ကာကြယ္ႏုိင္ပါတယ္။

၂။ ေသြးလွည့္ပတ္မႈ ေကာင္းေအာင္ လႈပ္ရွားမႈလုပ္ပါ

ေန႔စဥ္ တစ္နာရီခန္႔ လမ္းေလွ်ာက္ ေလ့က်င့္ခန္း လုပ္တာေၾကာင့္ ေလျဖတ္ႏုိင္ေျခ ၆၇ ရာခုိင္ႏႈန္း ေလ်ာ့က်ႏုိင္တယ္လုိ႔ ေလ့လာမႈအရ သိရပါတယ္။ လႈပ္ရွားမႈ ျပဳလုပ္တာေၾကာင့္ ေသြးေၾကာက်န္းမာေရး ေကာင္းမြန္ေစၿပီး ဦးေႏွာက္တြင္း ေသြးစီးဆင္းမႈ ပုိေကာင္းေစပါတယ္။

၃။ ေရမ်ားမ်ားေသာက္ပါ

ေန႔စဥ္ ေရငါးခြက္ ေသာက္တာေၾကာင့္ ေလျဖတ္ႏုိင္ေျခ ၅၀ ရာခုိင္ႏႈန္းထိ က်ဆင္းႏုိင္ပါတယ္။ ေရဓာတ္ ျပည့္ဝေနတာေၾကာင့္ ေသြးက်ဲႏုိင္ၿပီး ေသြးေၾကာတြင္း ေသြးခဲႏုိင္ေျခ နည္းသြားပါတယ္။

၄။ ဆုိဒီယမ္ ေလွ်ာ့စားပါ

ေလ့လာမႈေတြအရ ေန႔စဥ္ ထမင္းစားဇြန္း တစ္ဇြန္းစာ ဆားကုိသာ စားသူေတြဟာ ဆား ၁ ဇြန္းစာထက္ ပုိမုိ စားသူေတြထက္ ေလျဖတ္ႏုိင္ေျခ ၉၀ ရာခုိင္ႏႈန္း ေလ်ာ့က်တယ္လုိ႔ သိရပါတယ္။ ဒါေၾကာင့္ ဆားပါဝင္မႈမ်ားတဲ့ အဆင္သင့္ စားသုံးလုိ႔ရတဲ့ အစားအစာေတြ၊ ျပဳျပင္ထားတဲ့ အစာေတြကုိ မစားပါနဲ႔။

၅။ အႏၲရာယ္ အကင္းဆုံး ပဋိသေႏၶတားေဆးကုိ ေရြးခ်ယ္ပါ

အသက္ ၃၅ ႏွစ္ေက်ာ္ၿပီး ေသြးဖိအားအမွတ္ ၁၂၀/၈၀ ထက္ မ်ားတာ ဒါမွမဟုတ္ ေဆးလိပ္ေသာက္တဲ့ အမ်ဳိးသမီးေတြ အေနနဲ႔ အီစထ႐ုိဂ်င္ ပါဝင္တဲ့ ပဋိသေႏၶ တားေဆးကို ေရွာင္သင့္ပါတယ္။ ေလျဖတ္ႏုိင္ေျခ မ်ားလုိ႔ပါ Progestin တစ္မ်ဳိးတည္းပါတဲ့ သေႏၶတားေဆး ဒါမွမဟုတ္ IUCDs အသုံးျပဳပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Good Health


Unicode Version
၁။ ချောကလက် စားပြီး သွေးစီး ဆင်းမှု ကောင်းအောင် လုပ်ပါ

လေ့လာမှုကြီး အရ နေ့စဉ် ချောကလက် တစ်တုံး (Square) စားသုံးသူတွေဟာ လေဖြတ်နိုင်ခြေ ၃၉ ရာခိုင်နှုန်း လျော့ကျနိုင်တယ်လို့ တွေ့ရှိ ခဲ့ပါတယ်။ ချောကလက်မှာ ပါဝင်တဲ့ ဖလေဖနောတွေဟာ ကိုလက်စထရောတွေ သွေးကြော နံရံတွင်း စေးကပ်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

၂။ သွေးလှည့်ပတ်မှု ကောင်းအောင် လှုပ်ရှားမှုလုပ်ပါ

နေ့စဉ် တစ်နာရီခန့် လမ်းလျှောက် လေ့ကျင့်ခန်း လုပ်တာကြောင့် လေဖြတ်နိုင်ခြေ ၆၇ ရာခိုင်နှုန်း လျော့ကျနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ လှုပ်ရှားမှု ပြုလုပ်တာကြောင့် သွေးကြောကျန်းမာရေး ကောင်းမွန်စေပြီး ဦးနှောက်တွင်း သွေးစီးဆင်းမှု ပိုကောင်းစေပါတယ်။

၃။ ရေများများသောက်ပါ

နေ့စဉ် ရေငါးခွက် သောက်တာကြောင့် လေဖြတ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းထိ ကျဆင်းနိုင်ပါတယ်။ ရေဓာတ် ပြည့်ဝနေတာကြောင့် သွေးကျဲနိုင်ပြီး သွေးကြောတွင်း သွေးခဲနိုင်ခြေ နည်းသွားပါတယ်။

၄။ ဆိုဒီယမ် လျှော့စားပါ

လေ့လာမှုတွေအရ နေ့စဉ် ထမင်းစားဇွန်း တစ်ဇွန်းစာ ဆားကိုသာ စားသူတွေဟာ ဆား ၁ ဇွန်းစာထက် ပိုမို စားသူတွေထက် လေဖြတ်နိုင်ခြေ ၉၀ ရာခိုင်နှုန်း လျော့ကျတယ်လို့ သိရပါတယ်။ ဒါကြောင့် ဆားပါဝင်မှုများတဲ့ အဆင်သင့် စားသုံးလို့ရတဲ့ အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစာတွေကို မစားပါနဲ့။

၅။ အန္တရာယ် အကင်းဆုံး ပဋိသန္ဓေတားဆေးကို ရွေးချယ်ပါ

အသက် ၃၅ နှစ်ကျော်ပြီး သွေးဖိအားအမှတ် ၁၂၀/၈၀ ထက် များတာ ဒါမှမဟုတ် ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေ အနေနဲ့ အီစထရိုဂျင် ပါဝင်တဲ့ ပဋိသန္ဓေ တားဆေးကို ရှောင်သင့်ပါတယ်။ လေဖြတ်နိုင်ခြေ များလို့ပါ Progestin တစ်မျိုးတည်းပါတဲ့ သန္ဓေတားဆေး ဒါမှမဟုတ် IUCDs အသုံးပြုပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Good Health



Credit: Good Health

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top